နေးတစ်မြန်မာ ဖိုရမ်မှာ ကျင်းပနေတဲ့ Weekly Photo Contest မှာ ၀င်ပြိုင်ထားတဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံရိုက်တာကို အရင်ကတည်းက ၀ါသနာပါတယ်။ မန်းလေးကို ပြန်တုန်းက ကိုဂျေကြီးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ပိုပြီး စိတ်ဝင်စားသွားတယ်။ ကျွန်တော့်ဆရာလို့လည်း ပြောလို့ရတယ်။ ကင်မရာကောင်းကောင်း မရှိတော့လည်း ရှိတဲ့ ကင်မရာအစုတ်လေးနဲ့ပဲ လျောက်ရိုက်ထားတာပါ။ Photo Contest မှာ ကျွန်တော့်ဆရာ ကိုမောင်လှကြီးလည်း ပါတယ်။ သူ့ပုံတွေကတော့ ရေလည် လန်းတယ်။ လန်းမှာပေါ့ ... ကျွန်တော့်ဆရာလေ 



ပထမပုံကတော့ ပုဂံ ဗူးဘုရားမှာ သဘောင်္လေး လာနေတုန်း ရိုက်ထားတာပါ။ Original ပုံမှာတော့ နေ၀င်ချိန် ရှူ့ခင်းလေးပါ ပါတယ်။ ဒါပေမဲ့ photo contest မှာက Black and White နဲ့ ပြိုင်ရတဲ့အတွက် B & W ပြောင်းထားတာပါ။
ဒုတိယပုံကတော့ ဒီနေ့ Croydon ဘက်ကို interview တစ်ခုသွားရင်း station တစ်ခုမှာ ရိုက်ထားတာပါ။ သွားရတာတော့ တမျှော်တခေါ်ကြီးပဲ။ အရေးထဲ ကိုယ်စီးမည့် ရထားကို လိုက်ရှာနေရတာက အလုပ်တစ်ခု။ သွားရကျိုး မနပ်ပေမဲ့ ဓာတ်ပုံတွေရလာတာ အမြတ်ပဲလို့ သဘောထားလိုက်တယ်။
London သတင်းစာတွေ (အထူးသဖြင့် Metro) ထဲမှာပါတဲ့ အလုပ်ပေးမည်၊ Training လည်းပေးမယ်ဆိုတဲ့ အလုပ်တွေ ဘယ်တော့မှ apply မလုပ်လိုက်ပါနဲ့။ ပတ်ချာလည် မူးအောင်ကို ရိုက်သွားမှာ။ နောက်ဆုံးတော့ သူတို့ဆီက သင်တန်းတွေ တက်ဖို့ပဲ ဆွဲဆောင်နေတာ။ ကိုယ်တောင် အင်တာဗျူးမှာတင် ပေါက်သွားလို့ တော်သေးတယ်။ အဲလိုမျိုးတွေက မြန်မာပြည်မှာတင် မဟုတ်ဘူးနော်။ သဘောပေါက်တယ်ဟုတ်။ နောက်ပြီး ကျောင်းသား status နဲ့ ရပ်တည်နေရတာလည်း သိပ်တော့ မဂွတ်တော့ဘူး။ ငါနော် ...

i oso wan take part..in the contest!
ReplyDeletehee..
btw..nice pix..
if student is this good..wonder how great will d teacher's potos b :P
hoat te hoat?
sure. thx for dropping by. if u want to join photo contest, pls reg native myanmar forum and join weekly photo contest :) have fun
ReplyDelete