Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

25 Feb 2008

တိုက်ဆိုင်လွန်းလှပါလား



မနေ့ညက အလုပ်က အပြန် Colindale ဘုန်းကြီးကျောင်း ထမနဲသွားစားတယ် စိုးကြည်၊ ဂျစ်တူးတို့နဲ့ အဲဒီမှာ ဆုံဖြစ်တယ်။ ထမနဲကတော့ တကယ့်ကို ရှယ်ပါပဲ။ ရောက်တုန်းရောက်ခိုက် ဘုန်းဘုန်းတို့နဲ့ စကားပြောချင်တာရယ် မိတ်ဆွေတွေနဲ့လည်း မတွေ့ဖြစ်တာကြာလို့ အိမ်မပြန်တော့ပဲ အဲဒီမှာပဲ ညအိပ်လိုက်တယ်။ မနက် ၆ နာရီလောက်မှ အလုပ်သွားဖို့ ဘုန်းကြီးကျောင်းကနေ ထွက်လာခဲ့တယ်။ အလုပ်ရောက်ခါနီး station တစ်ခုအလိုမှာ message တစ်ခုဝင်လာလို့ ကြည့်လိုက်တယ်။ ကိုဖြိုးက ထိုင်းကနေ ပို့လိုက်တဲ့ message ဖြစ်နေတယ်။
Ko Chan
Yadana bon zay fired. All gone :(
ရုတ်တရတ် msg ကိုဖတ်ပြီး မယုံနိုင်အောင် ဖြစ်သွားတယ်။ ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ Reply ပြန်ချင်ပေမဲ့ အလုပ်ကလည်း နောက်ကျနေတာနဲ့ အလုပ်ကို အရင်သွားလိုက်တယ်။ အလုပ်လည်း ပြီးရော အိမ်မပြန်ခင် အစ်မဆီကို ဖုန်းဆက်ပြီး အင်တာနက်မှာ ကြည့်ခိုင်းလိုက်တယ်။ တကယ့်ကို မယုံနိုင်အောင်ပဲ။ ရတနာပုံဈေးရဲ့ ၃ ပုံ ၂ ပုံလောက် ပါသွားတယ်။ ဒါနဲ့ပဲ သတင်းတွေပုံတွေကိုကြည့်ဖို့ အိမ်ကိုတန်းပြန်လာလိုက်တယ်။ သတင်းတွေလိုက်ရှာပြီးဖတ်ကြည့်တယ်။ ရတနာပုံဈေးထဲက အင်္ကျီဆိုင် တစ်ခုကနေ ၀ိုင်ယာရှောခ်ဖြစ်ပြီး စလောင်တာလို့ သိရပါတယ်။ နောက်ပြီး နေးတစ်မြန်မာ၊ ကိုတုံ၊ Mizzima နဲ့ ဧရာဝတီတို့မှာလည်း အချိန်နှင့်အညီ သတင်းတွေက တက်နေပြီလေ :(

ရတနာပုံဈေးဆိုတာ မန္တလေးကျုံးကြီးပြီးရင် ကျွန်တော့်ရဲ့ အခင်တွယ်ဆုံးနေရာတစ်ခုပါ။ အရင်တုန်းက အဲဒီနေရာလေးမှာပဲ သင်တန်းတွေတက်ပြီး အလုပ်တွေ လုပ်ခဲ့တယ်လေ။ သူငယ်ချင်းတွေရဲ့ ဆိုင်တွေ၊ ရုံးတွေလည်း အများကြီးပဲ။ အခု အဲဒီလိုဖြစ်သွားတယ်လို့ သိလိုက် မြင်လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်။ ကိုယ်ပိုင်ပစ္စည်းတစ်ခု ဆုံးရှုံးလိုက်ရသလိုပါပဲ။ ဓာတ်ပုံတွေကို လိုက်ကြည့်လေ စိတ်မကောင်းဖြစ်လေပဲ။

မန္တလေးမှာကလည်း နွေရာသီဆိုရင် မီးကို အရမ်းကို လန့်နေရတယ်။ ကျွန်တော် မန္တလေး ပြန်ရောက်နေတုန်းကလည်း အိမ်နားမှာ မီးလန့်သေးတယ်။ အချိန်မီ နိုင်လိုက်လို့ တော်သေးတယ်။ အခုမီးလောင်တာကို ပြန်စဉ်းစားလိုက်ရင်လည်း source ကို သေချာမသိရပေမဲ့ အဲဒီလောက် များများ လောင်သွားတာကတော့ ဖြစ်ကို မဖြစ်သင့်ဘူးဗျာ။ မနက်ကတည်းက လောင်တာ ညနေရောက်တဲ့အထိ ငြိမ်းလို့ မပြီးသေးဘူး။ သူများကို အပြစ်တင်တတ်တယ်လို့ ပြောရင်လည်း ခံရတော့မှာပဲ။ နောက်ပြီး စီးပွားရေးကျပ်တည်းရတဲ့ ကြားထဲဗျာ။ "ဖွတ်ကမှ အရောင်မွဲပါတယ်ဆို ... ပြာနဲ့ပက်ခံရတယ်" ဆိုသလို ဖြစ်နေပြီ။

ပိုဆိုးတာက အလုပ်သမားတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ နှင့် အနာဂတ်အတွက် ရည်မှန်းပြီး IT နည်းပညာနဲ့ Language သင်တန်းတွေကို ကြိုးစားတက်နေတဲ့ မျိုးဆက်သစ်ကျောင်းသားတွေပဲ။ မန္တလေး ကွန်ပျူတာလောကအတွက်လည်း နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်တော့မယ်။ အမြန်ဆုံးပြန်ပြီး cover ဖြစ်နိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။ မဟုတ်ရင်တော့ မန္တလေး IT လောက ရေစုန်မျောရမည့်ကိန်းပဲ။

ရန်ကုန်နဲ့မန္တလေးမှာ တစ်ရက်တည်း မီးလောင်တယ်ဆိုတာကတော့ တကယ့်ကို မယုံနိုင်တဲ့ တိုက်ဆိုင်မှု တစ်ခုပါပဲ။

ကျွန်တော်စဉ်းစားခန်းဝင်နေတာ တစ်ခုရှိတယ်။ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီပီ ကိစ္စတစ်ခုမှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကံကို ရိုးမယ်ဖွဲ့လိုက်ကြတယ်။ ဒါပေမဲ့ တစ်ချို့ကိစ္စတွေကျတော့လည်း ... အင်း ... တစ်ခုခုတော့လွဲနေပြီ။

ဓာတ်ပုံတွေအတွက် ကိုအောင်ချမ်းလင်းကို ကျေးဇူးတင်ပါတယ်။

4 comments:

Sai Aung Mane said...

ဟေး စိတ်မကောင်းဖွယ်သတင်းပါပဲ...ငါတို့ မန္တလေးမှာ အင်တာနက်ကြည့်ချင်ရင်အဲင်္ဒကိုပဲပြေးကြတာများတယ်...
ဘယ်လိုဖြစ်လာဦးမလဲမသိဘူး...စိတ်တော့မကောင်းတာ
အမှန်ပဲ...လုံးဝမသိဘူး...ညပိုင်းအလုပ်ဆင်းနေတာဆိုတော့
နေ့လည်အိပ်နေတာလုံးဝမသိဘူး...အခုစာဖတ်မှသိရတယ်

MYO HAN HTUN said...

ရတနာပုံဈေးမှ ဈေးသူဈေးသားတွေနဲ့ မန္တလေးအိုင်တီလောကသားတွေအတွက် စိတ်မကောင်းပါဘူး ဆိုတာလောက်ပဲ ကျွန်တော်ပြောရုံသာပြောနိုင်ပေမယ့် ဒီအချိန်သူ့တို့ ဘယ်လောက်ထိ ငိုကြွေးသောကရောက်နေကြမယ်၊ သူတို့ရင်ထဲက အပူမီးတွေ ဘယ်လောက်ထိ လောင်ကျွမ်းနေကြတယ်ဆိုတာ နှလုံးသားရှိသူတိုင်း ခံစားနားလည် နိုင်ကြပါလိမ့်မယ် ဗျာ။

ကိုတိုး

Anonymous said...

Thanks for the link and photos.
By the way, I always thought you were somewhere and not in Singapore..or were you guys in BKK? :P

MELODYMAUNG said...

We feel upset too much. :(
အဲဒီသတင်းဆိုးကြီးကို တောက်လျှောက် နားထောင်လာလိုက်တာ ည ၇နာရီလောက်မှာ အဲဒီ building ကြီးနှစ်ခြမ်းကွဲပြီး ပြိုကျသွားပီလဲဆိုရော ဘာပြန်ပြောရမှန်းမသိအောင် အာစေးထည့်ထားသလိုပဲ အားတောင်မရှိဘူး သူငယ်ချင်းတွေ ဆိုင်ခန်းတွေ အများကြီးပါသွားတယ်ဗျာ

LinkWithin