Oxford City အနီးက Bricester North ဆိုတဲ့ မြို့လေးကိုသွားခဲ့တယ်။ အဲဒီကြမှပဲ မြန်မာတွေတော် တော်များများနဲ့တွေ့ခဲ့တယ်။ တိုင်းရင်းသားတွေ တော်တော်များပါတယ်။ အဲဒီမှာ FoodFair လုပ်ရတဲ့အ ကြောင်းက မြန်မာနယ်စပ်မှာရှိကြတဲ့ မိဘမဲ့ကလေးတွေကိုထောက်ပံ့ဖို့တဲ့။ အရမ်းမွန်မြတ်တဲ့ အလုပ်ပါပဲ။ ဦးဆောင်ပြီးလုပ်တဲ့သူကတော့ ခရစ်ယာန် Sister ကြီး (Sts Peter, Sis Paul) တွေပါ။ သူတို့လည်း မြန်မာ လူမျိုးပါပဲ။ မြန်မာတွေတော်တော်များများလာတာတွေ့ရပါတယ်။ မုန့်ဟင်းခါးစားပေါ့(အကူအညီလာပေးတာကို ပြောတာနော်) ။ အမှတ်တရ Photo တွေလည်းရိုက်လာခဲ့တယ်။
ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...
hey man,
ReplyDeleteHow u doing in UK? I was so happy to see your blog and got ur contact. I knew it from mghla's blog. When did you go there? ok, I want to chat with you when we are free. let me know ur messenger ids?
Nitu