Skip to main content

ဇာဂနာပြောပြတဲ့ ကင်းကောင်အကြောင်း

လေယာဉ်ပျံကြီးတစ်စီးနဲ့ခရီးသွားကြတယ်။ အဲဒီလေယာဉ်ပျံကြီးထဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေပါတယ်။ ခရီးသည်တွေလဲ ပါတယ်၊ အဲဒီမှာ သွားလဲသွားရော လေယာဉ်ပျံကြီးကို ကင်းကောင်းကြီးတစ်ကောင် (ကမ္ဘာဖျက်မယ့်ကောင်ကြီး)က နောက်ကနေ လိုက်ဆွဲတယ်။ လိုက်ဆွဲတဲ့အခါကျတော့ ကယ်ကြပါ..ကယ်ကြပါလို့အော်တယ်။ အော်တဲ့အခါကျတော့ တရုတ်သမ္မတ ဟူကျင်တောင်ကနေပြီးတော့ စာတစ်စောင်ရေးတယ်၊ ကင်းကောင် မင်း ငါတို့ လေယာဉ်ပျံကို နောက်ကနေ ဆက်လိုက်လာရင် ငါတို့ရဲ့ တရုတ်တပ်နီတော်နဲ့ တွေသွားမယ်။ ဘာမှတ်နေလဲ..ရေးလိုက်တယ်၊ ကင်းကောင်က အဲဒီစာကို ဆွဲဖြဲပစ်ပြီးဆက်လိုက်လာတယ်။ တရုတ်တောင် မနိုင်ဘူး။ ဘယ်လို လုပ်ကြမလဲ၊ ရုရှသမ္မွတပူတင်က ငါလုပ်နိုင်တယ်ဆိုပြီး သူလဲစာရေးတယ်။ မင်းဆက်လိုက်လာရင် ငါတိုရဲ့ ရုရှတပ်မဟာကြီးနဲ့တွေ့သွားမယ်။ ကင်းကောင်က မကြောက်ဘူး။ ဆွဲဖြဲပြီး ဆက်လိုက်လာတယ်၊ ဘုရှ်ပဲ ကျန်တော့တယ်။ ဘုရှ်လုပ်ပါအုံး ဆိုပြီးတော့။ ဘုရှ်က မင်းဆက်လိုက်လာရင် အမေရိကန်ရဲ့ အမှတ် (၇) ရေတပ်ကြီးနဲ့ တွေသွားမယ် ကင်းကောင်ဆိုပြီးတော့ ရေးလိုက်တယ်။ ဟိုကောင်က ဆွဲဖြဲပြီး ဆက်လိုက်လာတယ်၊ ဟာ ဘယ်သူမှမကယ်နိုင်တော့ဘူး၊ ကမ္ဘာ့ခေါင်းဆောင်တွေ မကယ်နိုင်တော့ဘူး၊ကျနော်တို့ မြန်မာ့ခေါင်းဆောင်က ကုပ်ကုပ်ကုပ်ကုပ်နဲ့ ထွက်လာတယ်၊ ကျွန်တော်ကယ်နိုင်ပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါ၊ ဟာ ဒီလူ ဟို နိုင်ငံကြီးတွေတောင် မလုပ်နိုင်တာ။ ခင်ဗျားက ဘာလုပ်နိုင်မှာလဲ၊ ကျနော့်ကို စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တချောင်းသာပေးပါ၊ စာတစ်စောင်ရေးပြီးတော့ ပစ်ပေးတယ်၊ ကင်းကောင်ကချက်ချင်းပဲ နောက်လှည့်ပြီး ထွက်ပြေးသွားတယ်၊ ခင်ဗျား ဘာရေးလိုက်လဲ ဆိုတော့ “ဟေ့ကောင် ကင်းကောင် မင်း ရှေ့ဆက်လိုက်လာရင် ကြံ့ဖွံ့ထဲ ထည့်လိုက်မယ်” ... ကင်းကောင် တခါတည်း လှည့်ပြေးသွားတယ်။

Ref: DVB

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။