Skip to main content

စနေ၊ တနင်္ဂနွေ နှင့် အတွေးများ

  • အင်တာနက်မရတာနဲ့ နေရတာအဆင်မပြေတော့ဘူး။ ကြီးကျယ်တာတော့မဟုတ်ဘူး။ အဲဒီရောဂါက လက်တွေ့ခံစားဖူးတဲ့လူတွေပဲ သိတယ်။ တခြားလူတွေအမြင်ဆိုရင်တော့ ပလီတာလို့ပဲ ထင်လိမ့်မယ်။
  • စနေ၊ တနင်္ဂနွေ အင်တာနက်မသုံးဖြစ်လိုက်ဘူး။ ကျောင်းကိုလည်းသွားမသုံးချင်ဘူး။ သုံးရတာနဲ့ သွားတဲ့ခရီးနဲ့က မကာမိဘူး။ အင်တာနက်ရဖို့ကလည်း ၂ ပတ်လောက် လိုသေးတယ်။ ကျောင်းကအပြန်အိမ်ရောက်ရင် ဘာလိုလို့ လိုနေမှန်းကိုမသိဖြစ်နေတယ်။ လက်ချောင်းလေးတွေ ယားတာလိုလို လက်ညှိုးကပဲလှုပ်ချင်သလိုလိုဖြစ်ဖြစ်နေတယ်။ ကြာရင်တော့မလွယ်။ သူငယ်ချင်းတွေ cbox မှာလာလာအော်သွားကြတဲ့စာတွေကိုဖတ်ရတာ အရမ်းဝမ်းသာတယ်။ အင်တာနက်မရတော့ စာတွေပိုဖတ်ဖြစ်တယ်။ ဒါပေမယ့် သိတဲအတိုင်းပဲ Feeling ချင်းကမတူဘူး။ အင်တာနက်သုံးပြီး ကွန်ပျူတာရှေ့မှာထိုင်နေပါ ဆိုလို့ကတော့ ဘယ်နှစ်နာရီဖြစ်ဖြစ်ထိုင်နိုင်တယ်။ စာများဖတ်လို့ကတော့ ချော့သိပ်သလားအောင်းမေ့ရတယ်။ နာရီဝက်လောက်ဆိုရင် လုံးဝ ဗိုလ်ချုပ်ကို အလေးပြုနေပြီ။ ဘာ ကော်ဖီ ဘာ လက်ဖက်သုပ်မှ လည်းမကယ်နိုင်ဘူး။ အဲဒီအကျင့်ကြောင့်လည်း မလွယ်။
  • မန္တလေးမှ သူငယ်ချင်းကပြောပြတဲ့ သတင်းအရ မိုးတွေအရမ်းရွာပြီး ရွှေပင်လယ်ကြီးဖြစ်နေပြီတဲ့။ မိုးရွာထဲမှာရှောက်သွားတတ်တဲ့ သူငယ်ချင်းတွေတဲ့ရှောက်သွားရတဲ့ Feeling မျိုးကလည်း ပိုက်ဆံပေးပြီးဝယ်လို့မရ။ မန္တလေးမိုးနှင့်သူငယ်ချင်းတွေက ခွဲလို့မရ။ ဒီမှာတော့မိုးက သိကြားမင်းရှုးပေါက်သလောက်ပဲရွာတယ်။ မိုးရွာရင် နည်းနည်းအေးလာတယ်။ စောင်ခြုံကွေးလို့ကောင်းတဲ့ ရာသီဥတုမျိုးကို ရောက်တော့မယ်ထင်တယ်။ ဒါပေမဲ့ မန္တလေးဆောင်းကိုတော့မမှီနိုင်။ မန္တလေးဆောင်း မနက်ရဲ့အလှတွေက ကျွန်တော့်အတွက်တော့ ဘာနဲ့မှယှဉ်လို့မရနိုင်ပါ။ နှင်းတွေကျနဲ့မနက်ခင်း ကျုံးဘေးမှာ လမ်းလျှောက်ရတဲ့ ခံစားမှုမျိုးက ဘာနဲ့မှမတူ။ လမ်းရှောက်ပြီးတာနဲ့ မင်းသီဟ ကဖေးမှာ Tea ဆွဲရတာကလည်း အမော။ မန္တလေးမနက်ရဲ့ အစည်ကားဆုံးနေရာတွေထဲမှာ မင်းသီဟ ကဖေးကလည်း တစ်ခုအပါအ၀င်။ စားသောက်စရာစုံစုံလင်လင်နဲ့ လက်ဖက်ရည် ကောင်းကောင်းလည်းသောက်လို့ရတဲ့ ဆိုင်မျိုးကိုတော့လွမ်းမိတာအမှန်ပင်။
  • သူငယ်ချင်းတွေကို ပြောပြချင်တဲ့ Site တစ်ခုရှိသည်။ အရမ်းအသုံးဝင်မည့် ဆိုဒ်လေးတစ်ခုပါ။ Full Version Software တွေတော်တော်များများရှိတယ်။ Icon လှလှလေးတွေလည်း Download လုပ်လို့ရတယ်။ အမွန်းတင်စရာတွေကတော့ပြီးမှာ မဟုတ်ဘူး။ လက်တွေ့သာသုံးကြည့်လိုက်ဗျာ။ ကျွန်တော်ကတော့ တော်တော်ကြိုက်တယ်။ ဆိုဒ်က http://www.vastdown.com/ ။ သုံးကြည့်လို့ သဘောကျတယ်ဆိုရင်တော့ တခြားလူတွေကိုပါ လက်ဆင့်ကမ်းလိုက်ပါဗျာ။ ဆိုဒ်က မကောင်းဘူးဆိုရင်တော့ ကုန်သွားတဲ့အချိန်အတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်။

နောက်နေ့မှ တွေ့မယ်ဗျာ ... မျိုးကြီးရဲ့ အိမ်ပြန်ချိန်ရောက်လာပြီ။ အင်တာနက်ရောဂါသည်လေး အိမ်ပြန်လိုက်အုံးမယ် :)

Comments

  1. အင်တာနက် ပြတ်လို့ကတော့ ကျွန်တော်လည်း အဲဒီလိုပဲဗျာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ Addicted ဖြစ်နေတာလေ။ ဟားဟား။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...