မကစားဖြစ်တာ ကြာပြီ သူများကစားတာကိုပဲ ကြည့်နေလိုက်တော့တယ်။ ကစားဖော်လည်းမရှိဘူး။ မန္တလေးမှာတော့ အလှူလို ကစားခဲ့တာပေါ့။ Snooker Club တွေကလည်းမန္တလေးမှာ ပေါမှပေါ လမ်းတိုင်းလိုလို ရှိသလားတောင်ထင်ရတယ်။ ဆိုင်တိုင်းမှာလည်း လူတွေပြည့်နေတာပဲ။ အလကားဆော့ခိုင်းလားတောင် ထင်ရတယ်။ ဆိုင်မှာလူပြည့်နေတာကိုကြည့်ပြီး အားယားနေတဲ့လူတွေ များတယ်လို့လည်း ထင်ရင်ထင်နိုင်တာပေါ့။ ညနေတိုင်းလိုလို ကစားဖြစ်ခဲ့တယ်။ တခါလေများဆိုရင် ထမင်းမေ့ ဟင်းမေ့ ကစားဖူးတယ်။ ဒီကစားနည်းက ကစားကာစမှာ တော်တော်စွဲတယ်။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ စိတ်ညိမ်မှ ကစားရတာပိုကောင်းတယ်။ မန္တလေးမှာ အတူတူကစားဖြစ်တဲ့ ၀ါသနာတူ သူငယ်ချင်းတွေကတော့ ဆိုင်တိုင်းလိုလိုမှာရှိတယ်။ သူငယ်ချင်းတွေထဲမှာ ဆရာကြီးကတော့ အသေးလေး(သန့်ထို်က်အောင်)။ ဒေါက်တာ အောင်မြင့် (ဆေးမန်း) ရဲ့အချစ်တော် သားတော်လေးပေါ့ :) သူတို့တော့ အခုချိန်ဆိုရင် လက်စွမ်းတွေ ထက်နေလောက်ပြီ။ အထူးသဖြင့် မောင်တီလုံးလေးပေါ့။ မနက်ပိုင်း ရုံးတက်တယ်။ ညနေရုံးဆင်းပြီဆိုတာနဲ့ ကျူခုံကိုတန်းနေအောင်လစ်တော့တာပဲ။ ညပိုင်း ကျူ Office တက်တဲ့သူပေါ့ :) မန္တလေးမှာ ကစားလို့အကောင်းဆုံး Club တွေကတော့ Relax နှင့် Fantasy World ပေါ့။ ကစားလို့ကောင်း သလို ဈေးကလည်းထောင်းပါ့။ အခုတော့ ဒီမှာ မကစားနိုင်သေးဘူး။ သူများကစားတာကိုပဲ ထိုင်ကြည့်လိုက်တော့မယ်။ Snooker နဲ့ပက်သက်တဲ့သတင်းတွေ Champion List တွေကတော့ >> ဒီမှာရှိတယ် <<
၂၀၀၆ ခုနှစ် မေလက အီရန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ငါးကြီမ်မြောက် Asia Billiard Championship ပြိုင်ပွဲမှာ နာမည်ကြီးပြိုင်ဘက်အားကစားသမားတွေကို ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ ကိုအောင်ဆန်းဦး (မန္တလေး)ဖြစ်ပါတယ်။
Comments
Post a Comment
Thanks for your comment.