Skip to main content

ဗေဒင် နဲ့ မြန်မာနိုင်ငံ

တစ်နေ့တစ်ခြား ဆိုးဝါးလာနေတဲ့ စီးပွားရေးကြပ်တည်းမှုဒဏ်ကနေ ဘယ်လိုထွက် ပေါက်ရှာရမှန်းမသိဖြစ်နေတဲ့ မြန်မာနိုင်ငံသားအများစုဟာ ဗေဒင်လက္ခဏာမေးမြန်းမှုနဲ့ ယတြာချေမှုတွေကို သာတိုးပြီးပြုလုပ်လာနေတယ်လို့ သိရပါတယ်။ ဒီလိုဗေဒင် မေးကြတဲ့အထဲမှာ ရန်ကုန်မြို့လယ်ကဘုန်းကြီးကျောင်းတွေ၊ ဗေဒင်ဆိုင်တွေအပြင် ရန် ကုန်နဲ့ မိုင် (၄၀) အကွာလောက်မှာရှိတဲ့ မှော်ဘီမြို့က ဆရာမင်းသိင်္ခရဲ့ အယူတော် မင်္ဂလာဥယျာဉ်ဟာလဲ တစ်နေ့တစ်ခြား ထင်ရှားလာနေတယ်လို့ သိပါတယ်။ (၁၀) ဧကကျော် ကျယ်ဝန်းတဲ့ အယူတော မင်္ဂလာဥယျာဉ်ရဲ့ဝင်ပေါက်ကို အမြင့်တစ်ပေစီ လောက်ရှိတဲ့ ဘီလူးရုပ် (၂၇) ရုပ်နဲ့ ၀န်းရံထားပြီး အထဲမှာတော့ ရုပ်ပွားတော် (၁၀၀) ခန့်နဲ့အတူ လက္ခဏာပုံပြထားတဲ့ လက်ဝါးပုံတွေမြင်နေရပါတယ်၊ ဖုံထူတဲ့လမ်းမပေါ် လယ်ထွန်စက်နဲ့ဆွဲတဲ့ကားကိုစီးပြီး သွားရတဲ့ဒီဥယျာဉ်ကို နေ့စဉ် လူ (၂၀၀) ကျော်ခန့် ပုံမှန်ရောက်ရှိနေပြီး သူတို့ရဲ့ ဘ၀နေမှု အခက်အခဲအတွက် ဘယ်လို ကူညီပေးနိုင်မလဲလို့ လာရောက်မေးမြန်းနေကြပါတယ်။ "သူတို့ ပြောပြတဲ့ ဒုက္ခမျိုးစုံကို နေထွက်ကနေ နေ၀င် တဲ့အထိ နေ့စဉ် ကျွန်တော်နားထောင်နေရပါတယ်။ စီးပွားရေးဆိုးလေ ကျနော်ဆီလာတဲ့ လူဦးရေတိုးလေပါပဲ။ လွန်ခဲတဲ့နှစ်နဲ့စာရင် အခုလာတဲ့လူဦးရေဟာ (၂) ဆမကတိုးလာ နေပါတယ်" လို့ အသက် (၆၈) နှစ်အရွယ်ရှိ နက္ခတ္ကရာ ပညာရှင် မင်းသိင်္ခက ရှင်းပြခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးဟာ မင်းသိင်္ခဗေဒင်ဟောကာစ လွန်ခဲ့တဲ့ (၃၈) နှစ်ကအချိန်နဲ့ မတူတော့ပါဘူး၊ တစ်ချိန်က အရှေ့တောင်အာရှဒေသရဲ့ အချမ်းသာ ဆုံးနိုင်ငံတစ်ခုဟာ စစ်အုပ်ချုပ်ရေးကာလကို နှစ် (၅၀) နီးပါးဖြတ်သန်းပြီး တဲ့နောက် အခုလို အဆင်းရဲဆုံးဘ၀ ရောက်သွားရတာပါ၊ ဒါကိုမကျေနပ်တဲ့နိုင်ငံ သားတွေက လွန်ခဲ့တဲ့ (၁၈) နှစ် ဒီလိုကာလမျိုးမှာ တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေပြုလုပ် ခဲ့ပါတယ်။ ကျောင်းသားတွေ ဦးဆောင်တဲ့ အဲဒီဆန္ဒပြပွဲအတွင်း လူတန်းစားပေါင်းစုံပါ ၀င်သလို နက္ခတ္ကရာပညာရှင် မင်းသိင်္ခဟာလဲ ရှစ်လေးလုံးအရေးတော်ပုံမှာ ထင်ရှားတဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်၊ ဆံပင်ရှည်ရှည် မုတ်ဆိတ်ရှည်ရှည်နဲ့အဖိုးအို ရုပ်ပေါက်နေတဲ့ မင်းသိင်္ခကို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးအဖြစ် သိဖို့သိပ်မလွယ် လှပါဘူး၊ ဒါပေမဲ့ သူဟာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးစကာလ (၁၉၆၅) ကနေ (၁၉၇၀) အထိတစ်ကြိမ်နဲ့ ရှစ်လေးလုံးအရေး တော်ပုံနောက်ပိုင်း (၁၉၈၉) ကနေ (၁၉၉၂) အထိတစ်ကြိမ်ထောင် နန်းစံခဲ့ရဖူးသူဖြစ်ပါတယ်။ ထောင်တွင်း ကနေရရှိတဲ့ ဒဏ်ရာဒဏ် ချက်တွေကြောင့် ဘီးတပ်ကုလာထိုင်စီးပြီးသွားနေရပေမယ့် သူ့ရဲ့မျှော်လင့် ချက်ကတော့ရှင်သန်နေဆဲဖြစ်ပုံ ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြဿနာ ပေါင်းစုံရှိနေပေမယ့် ဒါဟာ အမြဲတမ်းအဆိုး ချည်းပဲဖြစ်မနေနိုင်ပါဘူး။ စီးပွားရေးအပါအ၀င် နိုင်ငံတစ်ခုလုံးပိုမိုကောင်း မွန်တဲ့ အခြေအနေ ဆီရောက်ဖို့ ကျနော်တို့ သိပ်အကြာကြီး စောင့်စရာမလိုတော့ပါဘူး။ ရှေ့နှစ်ဖေဖော်ဝါရီလ နောက်ပိုင်းမှာ ပြဿနာပေါင်းစုံပြေလည်ပြီး အားလုံးအဆင်ပြေ သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်" ဆိုပြီး ရှစ်လေးလုံးအရေးတော်ပုံ အတွင်း ထင်ရှားခဲ့သ၊ူ စာရေးဆရာလဲဖြစ် နက္ခတ္ကပညာရှင်လဲဖြစ်တဲ့ ဆရာမင်းသိင်္ခ ကပြောဆိုသွားပါတယ်။

အဲဒီအချိန်လည်းမြန်မြန်ရောက်ပါမှ

ဒါမှမဟုတ်လည်း ကျွန်တော်တို့တစ်တွေ ထီပေါက်ပါမှ ကောင်းမယ်

မဟုတ်ရင် ... သိတယ်မလား ?

Source: DVB

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic