
သင်တန်းသားလက်ခံရာတွင် ယခင်က အနည်းဆုံး အခြေခံပညာ အလယ် တန်းအဆင့် ရှစ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသော်လည်း ၎င်းင်းတို့၏ ၀ါသနာနှင့် အနုပ ညာ အခြေခံ အရည်အသွေးပေါ် မူတည်၍ ပညာ အရည်အချင်းကို လျှော့ပေါ့ စဉ်းစားပေးလျက်ရှိခြင်းကြောင့် ယခု ကဲ့သို့ သင်တန်းသားဦးရေ တိုးပွားလာ ခြင်းဖြစ်သည်။
တိုင်းရင်းသားများပါ လာရောက် သင်ယူကြရာ ယခုနှစ် ပထမနှစ်သင်တန်း သားများတွင် ပလောင်တိုင်းရင်းသား ခြောက်ဦးရှိသည်။ နာဂတိုင်းရင်းသားများ၊ ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့မှ ချင်းနှင့်ကချင် တိုင်းရင်း သားများလည်း ဒုတိယနှစ်နှင့် တတိယ နှစ်များတွင် တက်ရောက်လျက်ရှိသည်။
Ref: MM Times
Comments
Post a Comment
Thanks for your comment.