ဒီနေ့ အင်တာနက်မှာ ဟိုဟိုဒီဒီသွားလာရှာဖွေရင်း မန္တလေးအလွမ်းပြေဖတ်လို့ရတဲ့ မဂ္ဂဇင်း website တစ်ခုကို သွားတွေ့တယ်။ မန္တလေး အခြေစိုက် Regent Group က တည်ထောင်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ ဒီနှစ်ထဲမှာစတင်လွှင့်တင်တာဖြစ်ပြီး Volume အရပြောရင် Volume 1 လောက်ပဲရှိပါဦးမယ်။ ဒါပေမဲ့ ပါဝင်တဲ့အကြောင်းအရာတွေကတော့ စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။ ဥပမာ ညီစေမင်းရေးသားတဲ့ မန္တလေး နှစ် ၁၅၀ အကြို ဆောင်းပါးတစ်ခုဖြစ်တဲ့ ကူးသည့် လသင်းဇံ၊ စိန်မြင့် (ရွှေချည်ထိုး) ၏ မင်းနှစ်ပါးညီနောင် လ၀ါခေါင်၊ ဦးကျော်ရင်မြင့်၏ သရဖီရနံ့သင်းပျံ့တဲ့ သခင်မတောင်၊ အယ်ဒီတာကြီး မချောအိမာန် (မန္တလေး)၏ မန္တလေးမုန့်တီ (ဗိုက်တောင်ဆာလာပီ :P)၊ မောင်ကိုကို (အမရပူရ) ၏ မန္တလေးစက်ဘီး နာမည်ကြီးတယ် စတဲ့ မန္တလေးအလွမ်းပြေ ကဗျာလေးတွေအပြင် Photo Album ကဏ္ဍမှာပါဝင်တဲ့ ဒါးတန်းဦးသန့် (၁၉၀၇-၁၉၈၈) ၏ ၁၉၆၀ ၀န်းကျင်က ရိုက်ကူးထားသော မန္တလေးမြို့ လူနေမှုနဲ့ရှူ့ခင်းဓာတ်ပုံတွေကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ အင်တာဗျူး ကဏ္ဍမှာတော့ ရုပ်ရှင်ဗွီဒီယိုလောကမှာ နာမည်ရလာတဲ့ သူငယ်ချင်းကြီး ရဲတိုက်နှင့် တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ထားပါတယ်။
ကျွန်တော့်အတွက်တော့ ဟင်းမျိုးစုံပါတဲ့ မန္တလေးစာပေထမင်းဝိုင်းတစ်ခုကို တွေ့လိုက်သလိုပါပဲ။ Mandalay Icon မဂ္ဂဇင်း အဓွန့်ရှည်အောင်မြင်ပါစေခင်ဗျာ။
Comments
Post a Comment
Thanks for your comment.