Skip to main content

သီတင်းကျွတ်လပြည့်

မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့ပါ။

သီတင်းကျွတ်ကာလကို ရောက်ပြီဆိုရင် ငယ်ငယ်က မိဘဘိုးဘွားတွေ လိုက်ပြီးကန်တော့၊ မီးပန်းဆော့၊ ဗျောက်အိုးဖောက်ခဲ့တာတွေကို သတိရတယ်။

လူလတ်ပိုင်းရောက်လာတော့ လူကြီးမိဘ၊ ဆရာသမားတွေကို ရိုရိုသေသေနဲ့ လိုက်ပြီးကန်တော့။ အဲ ဒါပေမဲ့ ဗျောက်ကတော့ ဖောက်သေးတာပဲ။ ကျုံးကြီးကို ဆိုင်ကယ်ပတ်စီးပြီး ဖောက်ကြတာလေ :P

လူကြီးပိုင်း ... အဲ ... မရောက်သေးတော့ ပြောလို့မရသေး ... ;)

ဒီမှာတော့ မြန်မာပြည်ရဲ့ ဆယ့်နှစ်လရာသီပွဲတွေ၊ အမှတ်တရနေ့တွေဟာ ဘာမှန်းမသိအောင်ပဲ ကုန်ဆုံးဖြတ်ကျော်သွားတယ်။ တစ်ခါတလေ မေ့တောင်နေတယ်။ ဒီနေ့ ကိစ္စတစ်ခုကြောင့် ဘုန်းဘုန်းဦးဥတ္တဆီကို ဖုန်းဆက်တော့ ဘုန်းကြီးကျောင်းမှာ လပြည့်နေ့ ပွဲရှိတယ်လို့ သိရပေမယ့် ကျောင်းသွားစရာ ကိစ္စတစ်ခုကြောင့် သွားဖြစ်မယ် မထင်တော့ဘူး။

ဒီနှစ်တော့ အသိထဲက ဘယ်သူတွေ စွံကြဦးမလဲ မသိဘူး။ ဖိတ်စာရိုက်တဲ့ လုပ်ငန်းတွေ၊ ပန်းအလှဆင်လုပ်ငန်းတွေ၊ မီးရှူးရောင်းသူတွေ ငွေသီးကြတဲ့ လပေါ့။ တစ်ချို့တွေလည်း ဒီအချိန်မှာ လူဆိုးတွေနဲ့ မောင်တိုင်ပင်လို့ အချိန်မီခိုးဖို့ ပြင်ဆင်ကြရပြီ (မိန်းမခိုးတာ ပြောပါတယ်)။ ဒီနှစ်ထဲမှာ မန္တလေးက ကိုငယ်လေးကြီးတော့ စွံသွားတယ်လို့ သတင်းကြားလိုက်ရတယ်။

ဒီလိုချိန် အဝေးရောက်နေတဲ့သူတွေအတွက်တော့ မိဘဆရာသမားတွေကိုလည်း စိတ်ထဲကနေပဲ ရည်မှန်းပြီး ကန်တော့ကြ၊ သတိတရနဲ့ ဖုန်းတွေဆက်ကြရုံပေါ့။

နေရိပ်အလာ နေပူကစောင့်ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ခုခုကို ရယူဖို့အတွက်ဆိုရင် တစ်ခုခုကိုတော့ ပေးဆပ် (ရင်း) ရမှာပဲ။ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုထိပဲ ဖြစ်ပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

သြော် ... ဘကုံး (ဘ) နှင့် ၀လုံး (၀) ပေါင်းထားတဲ့ ဘ၀ရယ်

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။