Skip to main content

အမေစုလွတ်မြောက်ရေး Photo Campaign

Facebook ပေါ်မှာ မိတ်ဆွေတစ်ယောက် ပေးပို့တဲ့ Message တစ်ခုကို ရရှိခဲ့ပါတယ်။
မိတ်ဆွေများ ခင်ဗျား ...

ကျနော်တို့ရဲ့ အားထားလေးစား ကြည်ညိုရပါသော အမေဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာအဝှမ်း လှုံ့ဆော်မှုအနေဖြင့် သင်၏ Facebook profile photo အား အမေဒေါ်စု၏ ဓာတ်ပုံပြောင်း၍ သင်နှင့်နီးစပ်ရာ မိတ်ဆွေများကိုလည်း တိုက်တွန်းကာ DASSK's Photo Campaign စတင်ကြပါ။ ဒီသတင်းကို တတ်နိုင်သလောက်ဖြန့်ပေးခြင်းဖြင့် အမေစုကို ထောက်ခံသူများ၏ စည်းလုံးမှုကိုပြသကြပါစို့။ အမေစု မလွတ်မြောက်မချင်း ဆက်လက်လုပ်ဆောင် သွားကြပါ။

ကျနော်တို့ရဲ့ အနာဂတ်ကောင်းစားရေးအတွက် သူမ၏ဘဝကို ပေးဆပ်တိုက်ပွဲဝင်နေသူကို ကျနော်တို့က ဒီအတိုင်း ခေါင်းရှောင်မနေကြပါနဲ့။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သ၍ ကာကွယ်ပံ့ပိုးပေးကြပါ။

"မြန်မာမှန်ရင် အမေစုကို ကာကွယ်ပါ" ဟု တိုက်တွန်းလိုက်ပါရစေ။

လေးစားစွာဖြင့်
Just Joe
သူ့ရဲ့ စိတ်ကူးအကောင်အထည်ဖော်မှု့ကို လေးစားသောအားဖြင့် အင်တာနက်ပေါ်မှ အမေစု၏ ဓာတ်ပုံများကို စုစည်းပြီး အောက်ပါ Profile picture များကို ဖန်တီးခဲ့ပါတယ်။ မိတ်ဆွေများ အသုံးပြုနေသော Forum များ၊ Social Networking site များ၊ Messenger များတွင် Avatar အဖြစ်ထည့်သွင်းအသုံးပြုကာ ကျွန်တော်၏ မိတ်ဆွေ အထက်မှာပြောခဲ့သလို "အမေစုကို ထောက်ခံသူများ၏ စည်းလုံးမှုကို ပြသကြပါစို့" ။





Comments