Skip to main content

ဗုဒ္ဓဘာသာစင်တာကြီးအတွက် ကုသိုလ်ယူနိုင်ကြပါပြီ

ဗုဒ္ဓစင်တာကြီးတွင် သီတင်းသုံးစမ္ပါယ်တော်မူမည့်
မဟာဇေယျသု အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး

ဗုဒ္ဓဘာသာသာသနာ အရှည်တည်တံ့ပြန်ပွားရေး နှင့် ဗြိတိန်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ဘာသာရေးကို အခြေခံပြီး အသိအလိမ္မာ တိုးတက်စေရန် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းအတွက် ဂုဏ်ယူအားထားဖွယ် ဗုဒ္ဓဘာသာစင်တာကြီးတစ်ခုကို လန်ဒန်မြို့တွင် မကြာမီဖွင့်လှစ်နိုင်ရန် မလေးရှားနိုင်ငံ ပီနန်မြို့မှ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး ဦးပညာဝံသ၏ ဦးဆောင်မှု အစီအစဉ်ဖြင့် သာသနရံသီဝိဟာရအဖွဲ့မှ ဆောင်ရွက်နေပါသည်။

သာသနရံသီ ဗုဒ္ဓစင်တာကြီး တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များ

*********

၁။ ဥရောပတွင် အကြီးဆုံးဖြစ်သည့် အောင်မြင်ချမ်းသာ ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးကို သီးခြား ဂန္ဓကုဋီ (ဘုရားကျောင်းတော်ကြီး) ဖြင့် မြင့်မြင့်မြတ်မြတ် ပူဇော်နိုင်ရန်

၂။ ဘာသာရေး အခမ်းအနားများ၊ မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ယဉ်ကျေးမှုအခမ်းအနားများ၊ လူမှုရေး အခမ်းအနားများ သီးသီးသန့်သန့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ကျင်းပနိုင်ရန်

၃။ နေ့စဉ် စားဝတ်နေရေးအတွက် ဆောင်ရွက်လုပ်ကိုင်နေကြရသည့် ဒကာ၊ ဒကာမများ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုများ၊ သောကတောက ဘ၀အမောများကို ပြေလျောသွားစေရန် နှင့်စိတ်ငြိမ်းချမ်းမှုများ ရရှိခံစားနိုင်ကြစေရန် ၀ိဿနာတရားစခမ်းများကို လစဉ်ကျင်းပ ဆောင်ရွက်နိုင်ရန်၊ (အခါအားလျော်စွာ မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ ပင့်ဖိတ်၍ တရားဓမ္မများ နားကြားနိုင်ကြရန်)

၎။ တနင်္ဂနွေနေ့တိုင်း ကလေးလူငယ်များအတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ၊ မြန်မာစာ၊ အင်္ဂလိပ်စာသင်တန်းများ၊ ဘာသာစကားသင်တန်းများ၊ ကွန်ပြူတာသင်တန်းများ၊ အလုပ်အကိုင်နှင့် ပညာရှာဖွေရာတွင် လိုအပ်သော အကြံဥာဏ်များနှင့် အကူအညီများပေးရန် ဌာနများနှင့် သားငယ် သမီးငယ်များရှိသည့် မိဘများအတွက် နေ့ကလေးထိန်းဌာနများကို ပူးတွဲဖွင့်လှစ်ရန်

၅။ လူကြီး၊ လူရွယ်တို့အတွက် ဗုဒ္ဓအဘိဓမ္မာသင်တန်းများ၊ ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးပွဲများနှင့် ဓမ္မသင်တန်းများ ဖွင့်လှစ်ရန် (အခါအားလျော်စွာ ပညာရှင်များကို ပင့်ဖိတ်၍ ဟောပြောပွဲများ ကျင်းပရန်)

*********

အထက်ပါရည်ရွယ်ချက်များ ထိရောက်စွာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် အလှူရှင်များမှ စေတနာ သဒ္ဓါထက်သန်စွာဖြင့် ပါဝင်လှူဒါန်းနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

သာသနရံသီ ဗုဒ္ဓစင်တာကြီး တည်ဆောက်ရန် အလှူငွေများ အောက်ပါအစီအစဉ်အတိုင်း မပင်မပန်းလှူဒါန်းနိုင်ပါသည်။

က။ အလှူရှင် ကျောင်းဒကာ ကျောင်းအမများသည် မြေတကွက်အတွက် ပေါင်စတာလင် ၅၀၀ လှူဒါန်းလိုလျှင်
  • တစ်လလျှင် £ ၂၅ နှုန်းဖြင့် လပေါင်း ၂၀ = £ ၅၀၀ လည်းကောင်း
  • တစ်လလျှင် £ ၅၀ နှုန်းဖြင့် လပေါင်း ၁၀ = £ ၅၀၀ လည်းကောင်း
  • တစ်လလျှင် £ ၁၀၀ နှုန်းဖြင့် လပေါင်း ၅ = £ ၅၀၀ လည်းကောင်း
အသီးသီး မိမိတို့ ကြိုက်နှစ်သက်သလို သက်တောင့်သက်သာ ရွေးချယ်လှူဒါန်းနိုင်ပါသည်။

ခ။ အလှူရှင် ကျောင်းဒကာ ကျောင်းအမများသည် လှူဒါန်းလိုသည့် အလှူငွေများကို ဘဏ်သို့ တိုက်ရိုက်ဖြစ်စေ၊ ချက်ဖြင့်ဖြစ်စေ၊ Cash ဖြင်စေ လွယ်ကူ အဆင်ပြေသလို လှူဒါန်းနိုင်ပါသည်။

ဂ။ မိမိတို့လှူဒါန်းပြီးသော ပမာဏသိရှိစေရန် ကျောင်းဖြစ်မြောက်ရေး ကော်မတီက အမြဲမပြတ် အသိပေးနေမည်ဖြစ်ပါသည်။

ဃ။ အလှူရှင် ကျောင်းဒကာ ကျောင်းအမများသည် အောက်ပါ ဌာနများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၁။ သာသနရံသီဝိဟာရ ဖုန်း - ၀၂၀ ၈၂၀၅ ၀၂၂၁
၂။ ဦးစိန်ထွန်းအောင် ဖုန်း - ၀၂၀ ၈၄၅၂ ၄၅၀၄
၃။ ဒေါက်တာဝင်းနိုင် ဖုန်း - ၀၇၇ ၈၅၅၆ ၈၁၅၄
၎။ ကိုအောင် ဖုန်း - ၀၇၇ ၆၂၀၉ ၄၅၆၂
၅။ ကိုကောင်းဇံ ဖုန်း - ၀၇၉ ၃၁၁၄ ၈၆၆၈

သို့မဟုတ်

Sasana Ramsi Vihara
Barclays Business Account No. 00782513
Sort Code : 20-94-48 သို့လည်း တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။













သာသနရံသီ ဗုဒ္ဓစင်တာကြီး ဖြစ်မြောက်ရေးကော်မတီ
SASANA RAMSI VIHARA
83, Booth Road, Colindale, NW9 5JU, LONDON
www.sasanaramsiuk.org

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။