သွယ်မျှင်ရှည်လျား
ဆံပင်များလည်း၊ ငွေသားဖြူဆွတ်
ပြတ်၍ကျွတ်ပြီ။
ကြည်လင်လဲ့ရွှန်း
မျက်နက်ဝန်းလည်း၊ တောက်ထွန်းမဖြာ
မှုန်မှိုင်းရှာပြီ။
ပုလဲသွယ်စီ
သွားတို့သည်လည်း၊ မညီယိုင်နဲ့
ကျိုးကြွေပဲ့ပြီ။
ဖောင်းမို့နုညက်
ပါးနှစ်ဘက်လည်း၊ ချိုင့်ကွက်လှိုင်းကွန့်
လိပ်ကာတွန့်ပြီ။
သြော် ... ဆင်းရုပ်သွင်နှင့်
ပျိုစဉ်ရွယ်နု၊ အလှစုကို
ထုတောင်းနှိပ်စက်၊ ဇရာဖျက်၍
ပျက်စီးယိုယွင်း၊ အိုမင်းခဲ့ရပါသော်လည်း။
မေတ္တာမွမ်းထုံ
ဝမ်းကြာငုံမှာ၊ ယှက်ရုံထွေးရစ်
သားရင်နှစ်ကို၊ ချစ်ကြင်နာသော
သံယောဇဉ်ကား၊ တားဆီးနှိပ်စက်
ပျက်စီးယိုယွင်း၊ အိုမင်းလေအောင်
စွမ်းဆောင်ဖို့ငှာ၊ သည်ချိန်ခါတွင်
ဇရာမတတ်နိုင် ချေတကား။
နောင်ဝင်းထွန်း (မုံရွာ)
ငွေတာရီ မဂ္ဂဇင်း
အမှတ် ၂၄၂ သြဂုတ်လ ၁၉၈၀
ဆံပင်များလည်း၊ ငွေသားဖြူဆွတ်
ပြတ်၍ကျွတ်ပြီ။
ကြည်လင်လဲ့ရွှန်း
မျက်နက်ဝန်းလည်း၊ တောက်ထွန်းမဖြာ
မှုန်မှိုင်းရှာပြီ။
ပုလဲသွယ်စီ
သွားတို့သည်လည်း၊ မညီယိုင်နဲ့
ကျိုးကြွေပဲ့ပြီ။
ဖောင်းမို့နုညက်
ပါးနှစ်ဘက်လည်း၊ ချိုင့်ကွက်လှိုင်းကွန့်
လိပ်ကာတွန့်ပြီ။
သြော် ... ဆင်းရုပ်သွင်နှင့်
ပျိုစဉ်ရွယ်နု၊ အလှစုကို
ထုတောင်းနှိပ်စက်၊ ဇရာဖျက်၍
ပျက်စီးယိုယွင်း၊ အိုမင်းခဲ့ရပါသော်လည်း။
မေတ္တာမွမ်းထုံ
ဝမ်းကြာငုံမှာ၊ ယှက်ရုံထွေးရစ်
သားရင်နှစ်ကို၊ ချစ်ကြင်နာသော
သံယောဇဉ်ကား၊ တားဆီးနှိပ်စက်
ပျက်စီးယိုယွင်း၊ အိုမင်းလေအောင်
စွမ်းဆောင်ဖို့ငှာ၊ သည်ချိန်ခါတွင်
ဇရာမတတ်နိုင် ချေတကား။
နောင်ဝင်းထွန်း (မုံရွာ)
ငွေတာရီ မဂ္ဂဇင်း
အမှတ် ၂၄၂ သြဂုတ်လ ၁၉၈၀
ကျွန်တော်ကြိုက်နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သားသမီးတွေအပေါ်ထားရှိတဲ့ မိဘမေတ္တာဆိုတာ "ဇရာ" ဆိုတဲ့ အိုမင်းမှုတောင် မတားဆီး မပိတ်ပင်နိုင်ဘူးဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။ သည်မျှကြီးမားလှတဲ့ ကျေးဇူးတွေ၊ မေတ္တာတွေကို ကျွန်တော်တို့တတွေ အသက်ရှင်နေတုန်းမှာ အကုန်ပြန်မဆပ်နိုင်ရင်တောင်မှ ကိုယ်တတ်နိုင်တဲ့ဘက်က အချိန်ပေးပြီး ဆပ်သွားဖို့ဆိုတာ ကျွန်တော်တို့ သားသမီးတိုင်းရဲ့ တာဝန်ပဲ မဟုတ်ပါတကား။ လူ့ဘ၀ဆိုတာ အရမ်းတိုတောင်းလွန်းပါတယ်။ တကယ့်ကို တိုတိုလေးပါ။
Comments
Post a Comment
Thanks for your comment.