သာသနရံသီဝိဟာရ၏ နှစ်စဉ်ရိုးရာပျက်ကျင်းပမြဲဖြစ်သည့် ထမနဲပွဲတော်ကို
ဇန်နဝါရီလ ၃၁ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မိတ်ဆွေအပေါင်းတို့အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါထမနဲပွဲနှင့် အတူ စာပေဟောပြောပွဲကိုလည်း ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောမည့်သူမှာ Dr. Gustaaf Houtman (ဦးစန်းမောင်) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။ ထို့ကြောင့် ဗဟုသုတရစရာ စာပေဟောပြောပွဲလည်းတက်ရောက် ရာသီစာ ထမနဲလည်း စားသောက်ရင်း ဘုန်းကြီးကျောင်းမှာ အတူတကွကုသိုလ်ယူနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ ထမနဲထိုးရန်အတွက် အားကောင်းမောင်းသန် အမျိုးသားများလည်း လိုအပ်နေပါတယ်။ ထို့ကြောင့် မိမိ၏ကာယဗလစွမ်းအင်ကို ကုသိုလ်ယူ လှူဒါန်းကြပါစို့ဟု လန်ဒန်ရှိ အစ်ကိုတော်၊ ညီတော်များကိုလည်း ထပ်မံဖိတ်ကြားလိုက်ရပါတယ်။
Comments
Post a Comment
Thanks for your comment.