Skip to main content

Posts

Showing posts from December, 2010

ရင်ခုန်နှစ်သစ်

၂၀၁၀ ကို စွန့်ခွာပြီး ၂၀၁၁သို့ မကြာမီ ကူးပြောင်းပါတော့မယ်။ နှစ်သစ်မှာ စိတ်၏ ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။ ၂၀၁၀ ကတော့ ကျွန်တော့်အတွက် ကံတွေဆိုးခဲ့သလို ကံတွေလည်းကောင်းခဲ့တယ်။ ၂၀၁၁ မှာ ဘာတွေဆက်ဖြစ်ဦးမလဲ ... ကဲ ... ရင်ခုန်နှစ်သစ်ပေါ့ဗျာ။ ဘိုဘိုရဲ့ ရင်ခုန်နှစ်သစ်ဆိုတဲ့ သီချင်းလေး နားထောင်သွားပါဦး။ ဒီတစ်နေ့ပဲ နားထောင်ရတာ။

လန်ဒန်မြို့စာပေဟောပြောပွဲ - ဒုတိယအကြိမ်

ဗုဒ္ဓ ဓမ္မ ရသစာပေ ဓမ္မနှင့် တည်ဆောက်မယ့် အနာဂတ် ကမ္ဘာ တိပိဋကဓရဆရာတော် အရှင်ဂန္ဓမာလာ လင်္ကာရ နေရာ - St. Agnes Center Gillingham road Cricklewood NW2 1RL နေ့ရက် - ဇန်နဝါရီလ (၂) ရက်၊ တနင်္ဂနွေနေ့ အချိန် - မွန်းလွဲ (၃) နာရီမှ (၅) နာရီထိ -- မည်သူမဆိုအခမဲ့တက်ရောက်နားထောင်နိုင်ပါသည်။ ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှ စီစဉ်တင်ဆက်သည်။

Burma Independence Day Celebration & Fundraising Gig (London,UK)

'လွတ်လပ်ချင်ရင် လွတ်မြောက်အောင် ကြိုးစားရမယ်' စစ်မှန်တဲ့ လွတ်လပ်မှုကို လူတိုင်းက ကြိုက်နှစ်သက်ကြရင် အမှန်တကယ်လွတ်မြောက်ရေးအတွက် လုပ်ဖို့ရန် လူတိုင်းမှာ တာဝန်ရှိတယ်။ ရထားတဲ့ လွတ်လပ်ရေး ဆုံးရှုံးမသွားရအောင် လွတ်လပ်မှုတန်ဖိုးကို နားလည်သူတိုင်း အထူးကာကွယ်စောင့်ရှောက်ဖို့ရန်လည်း လိုအပ်တယ်၊ လွတ်မြောက်မှုနှင့် လွတ်လပ်မှုဟာ မတူဘူးဆိုတာကို ခွဲခြားနားလည်မယ်ဆိုရင် လွတ်မြောက်အောင် အရင်ကြိုးစားရပါလိမ့်မယ်။ လွတ်မြောက်မှ လွတ်လပ်နိုင်မယ်။ ဒီကနေ့ လွတ်လပ်မှုတွေဟာ အရင်က ဘိုးဘွားမိဘတွေရဲ့ ကြိုးစားအားထုတ်တွေရဲ့ ရလာဒ်သာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ကြိုးစားမှုတွေကို ပြသဖို့ လိုအပ်နေပြီ။ ဘုန်းဘုန်းဦးဥတ္တရ သာသနရံသီဝိဟာရ - လန်ဒန်

Sharing: သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ စီရင်ချက်များ ချမှတ်ရာတွင် သက်သေ အထောက် အထားများ ပြည့်စုံခြင်း မရှိဘဲ တရားစွဲဆို စီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အယူခံရုံး အဆင့်ဆင့်တက်၍ အယူခံ ၀င်သွားမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။ “ပထမတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုရိုက်တာကို မသင်္ကာလို့ စစ်ဆေးတာပဲ။ နောက်တော့မှ ဒီ ၁၃/၁ တို့ ၁၇ / ၁ တို့ဆိုတာက တရားခံပေါ်မှာ စစ်ကြောရေး ပြုလုပ်ပြီးတော့ ရရှိတဲ့ အချက်အလက်တွေနဲ့ သူတို့ တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ စီရင်ချက်ချတယ်လို့ မယုံကြည်ဘူး။ ဒီလိုအမှုတွေက များသော အားဖြင့် အဲ့ဒီလိုပဲ အမှုတည်ဆောက်ပြီးတော့ တရားစွဲဆို ပြစ်ဒဏ် ပေးလေ့ရှိတာကို တွေ့နေရတယ်”ဟု...

ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြား

အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။ Via: RFA

အရိုးခံစိတ်ရင်း

သူငယ်ချင်း တိုင်းပြည်ချစ်တယ်ဆိုပြီး သူသူငါငါပြောသလို ပါးစပ်က အော်မနေပါနဲ့ သူငယ်ချင်း တိုင်းပြည်ကိုချစ်တယ်ဆိုပြီး စာတွေရေးပြီး ပြောမနေပါနဲ့ သူငယ်ချင်း တိုင်းပြည်ချစ်တယ်ဆိုပြီး လူအထင်ကြီးအောင် အိုဗာတင်းတွေ မလုပ်စမ်းပါနဲ့ သူငယ်ချင်း တိုင်းပြည်ကိုတကယ်ချစ်ရင် အရိုးခံစိတ်ရင်း၊ ဖြူစင်တဲ့စေတနာတွေနဲ့ သိုသိပ်စွာ လိပ်ပြာသန့်သန့် ကူညီပေးလိုက်ပါ ငါမင်းအတွက် သေတဲ့အထိ ဂုဏ်ယူနေမှာပါ။

Sharing: စေတနာကောင်းတွေအပြင် အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မှာ မြန်မာ့ယဉ်ကျေးမှုအဖွဲ့(နော်ဝေ) သို့ ဒေါ်အောင်ဆန်းစုကြည်မှ စကား သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီစကားသဝဏ်လွှာကို (ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။ စကား သဝဏ်လွှာမှာဖေါ်ပြထားတဲ့အောက်ပါ အချက်တွေဟာ အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။ ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။ - နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများမိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာချာသိဖို့ ကျကျနနလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ - ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်။ ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့ စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ်နဲ့ ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့ အတွက် ကျင်းပမယ့် ဒုတိယပင်လုံဖြစ်ပါတယ်၊ - အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေ တခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်က နေပြီးတော့ လမ်းတသွယ်ကို ရွေးရမှာဖြစ်ပါတယ်။ - လမ်းတသွယ်က အများပါဝင်နိုင်တဲ့လ...

နှစ် ၉၀ ပြည့် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှ ဟောပြောချက်များ (LA)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် ၂၀၁၀ နေ့က Los Angeles မှာ ပြုလုပ်ခဲ့တဲ့ နှစ် ၉၀ ပြည့် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှ ဟောပြောချက်များကို ပြန်လည်မျှဝေလိုက်ရပါတယ်။ လေးစားအပ်တဲ့ စာရေးဆရာများဖြစ်ကြသော မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မေငြိမ်းနှင့် ခက်မာတို့ကို ဖိတ်ကြားပြီး ကျင်းပခဲ့ကြသည်။

"KACHIN STATE DAY" Event INVITATION From Kachin Community_UK

Dear Respectable Brothers and Sisters, We, the Kachin Community in the UK, are honoured to invite you to the 63rd anniversary of “Kachin State Day” event. Stretching back to history, since the birth of the “Kachin State Day” on 10th January 1948, what is known as historical day of Kachin people, it has been celebrated with spirit of unity over the past years. We, the Kachin, take pride in preserving and promoting our cultural uniqueness and traditional value, protecting territory, and advancing its interest lies in the centre heart of the Kachin. Again, on this special occasion, we, the Kachin, would cordially like to welcome you to this event, which we have distinctly crafted, comprise of various exciting programs, such as Kachin cultural show, live music and Kachin traditional food, We, therefore, sincerely would like to request you of your presence. We look forward to seeing you. Sincerely Yours, The Kachin Community (UK) ***Please find attached files for Invitation letter and Flyer...

Human Rights Day protest in front of Chinese Embassy in London on 10 December 2010 with Burmese communities and North Korean Communities

ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ International Human Rights Day ဖြစ်ပါတယ်။ မြန်မာပြည်နှင့် ကိုရီးယားတို့ဟာ ကမ္ဘာပေါ်မှာ လူအခွင့်အရေးအချိုးဖောက်ခံရဆိုးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အဲဒီလိုချိုးဖောက်နေတဲ့ စစ်အစိုးရကို ထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့ CSW (Christian Solidarity Worldwide) မှာ ဦးဆောင်ပြီး လန်ဒန်ရောက်မြန်မာများ၊ ကိုရီးယားများ နှင့် မြန်မာ့အရေးလှုပ်ရှားသူများ လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အခမ်းအနားကို နေလည် ၁၂ နာရီတွင် စတင်ပြီး ၁ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများမှ အမြန်ဆုံး လွတ်ကင်းပါစေ။

ဝေဒနာရှင်ကလေးငယ်များအတွက် အမေစုရဲ့မေတ္တာ

အမှောင်ကမ္ဘာထဲက ကလေးငယ်များအတွက် အမေရဲ့မေတ္တာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။ Via: Irrawaddy

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးများထည့်ခိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက်မနည်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထည့်ခိုင်းသည်။ ကလောင်ရှင် ငါးမင်းဆွေ ရေးသားသော ဒေါ်အောင်ဆန်းစုကြည်သို့ (၂) အမည်ရှိ ဆောင်းပါးတွင် စီးပွားရေး ပိတ်ဆို့ခြင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ထားကာ ဆောင်းပါးကို 7 Days ၊ ပြည်မြန်မာနှင့် News Week ဂျာနယ်များတွင် စာပေစိစစ်ရေးနှင့် မုတ်ပုံတင်ဌာနကတဆင့် ဖော်ပြစေခြင်း ဖြစ်သည်။ “စာပေစိစစ်ရေးက မထည့်မနေရ ထည့်ခိုင်းတာ။ စာမူကို စာပေစိစစ်ရေးက လာယူခိုင်းပြီးတော့ အဲဒါကို ဂျာနယ်ထဲကို ထည့်ပေးဆိုပြီး ခိုင်းတာလို့ သိရတယ်” ဟု ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။ Via: mizzima မထည့်မနေရဆိုပါလား ... စစ်အာဏာရှင်ဆိုတာ ဒါမျိုးပေါ့။ မြန်မာပြည်မှာ ဂျာနယ်လစ်လုပ်စားမယ်ဆိုရင် အစိုးရကိုဖားတတ်မှ အလုပ်ဖြစ်မယ့်သဘောရှိနေတယ်။

NLD အမျိုးသားအောင်ပွဲနေ့ သဘာပတိမိန့်ခွန်း