18 Dec 2010

အရိုးခံစိတ်ရင်း

သူငယ်ချင်း
တိုင်းပြည်ချစ်တယ်ဆိုပြီး သူသူငါငါပြောသလို
ပါးစပ်က အော်မနေပါနဲ့

သူငယ်ချင်း
တိုင်းပြည်ကိုချစ်တယ်ဆိုပြီး စာတွေရေးပြီး
ပြောမနေပါနဲ့

သူငယ်ချင်း
တိုင်းပြည်ချစ်တယ်ဆိုပြီး လူအထင်ကြီးအောင်
အိုဗာတင်းတွေ မလုပ်စမ်းပါနဲ့

သူငယ်ချင်း
တိုင်းပြည်ကိုတကယ်ချစ်ရင်
အရိုးခံစိတ်ရင်း၊ ဖြူစင်တဲ့စေတနာတွေနဲ့
သိုသိပ်စွာ လိပ်ပြာသန့်သန့် ကူညီပေးလိုက်ပါ
ငါမင်းအတွက် သေတဲ့အထိ ဂုဏ်ယူနေမှာပါ။

No comments:

Post a Comment

Thanks for your comment.