Skip to main content

Sharing: စေတနာကောင်းတွေအပြင် အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မှာ မြန်မာ့ယဉ်ကျေးမှုအဖွဲ့(နော်ဝေ) သို့ ဒေါ်အောင်ဆန်းစုကြည်မှ စကား သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီစကားသဝဏ်လွှာကို (ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။ စကား သဝဏ်လွှာမှာဖေါ်ပြထားတဲ့အောက်ပါ အချက်တွေဟာ အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။ ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။

- နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများမိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာချာသိဖို့ ကျကျနနလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

- ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်။ ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့ စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ်နဲ့ ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့ အတွက် ကျင်းပမယ့် ဒုတိယပင်လုံဖြစ်ပါတယ်၊

- အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေ တခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်က နေပြီးတော့ လမ်းတသွယ်ကို ရွေးရမှာဖြစ်ပါတယ်။

- လမ်းတသွယ်က အများပါဝင်နိုင်တဲ့လမ်း၊ နောက်လမ်းတသွယ်က လူနည်းစုသာ ပါဝင်နိုင်တဲ့လမ်း၊ ကျမတို့ကတော့ အားလုံး ပါဝင်နိုင်တဲ့လမ်းကပိုပြီးတော့ ကောင်းတယ်လို့ ထင်ပါတယ်။
- အားလုံးပါဝင်တယ် ဆိုတာဟာ ကျမတို့တပ်မတော်ကိုလည်း ဆိုပါတယ်။ တိုင်းရင်းသား အားလုံးကိုလည်း ဆိုလိုပါတယ်။ ပြည်သူ လူထုအားလုံးကိုလည်း ဆိုလိုပါတယ်။ နိုင်ငံရေးအစု အဖွဲ့အားလုံးကိုလည်း ဆိုလိုပါတယ်။

- အဲဒီလိုအားလုံးပါဝင်လို့ရှိရင် ကျမတို့ဟာ တကယ်ပဲ ငြိမ်းချမ်းပြီးတော့တည်ငြိမ်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ထူထောင်နိုင်မယ် ဆိုတာကို ယုံကြည်ပါတယ်။

- အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ညီညီညွတ်ညွတ်နဲ့ အမိနိုင်ငံတိုးတက်ရေး အတွက်ဝိုင်းဝန်းဆောင်ရွက် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

စကားသဝဏ်လွာမှာ ဖေါ်ပြထားရှိတဲ့စိတ်ဓါတ်၊ စေတနာ၊ သဘောထား၊ လုပ်နည်းကိုင်နည်း စတာတွေဟာ သိပ်ကောင်းမွန်ပါတယ်။ ကောင်းမွန်လှတဲ့ စိတ်ကောင်းစေတနာတွေ အကျိုးသက်ရောက်လာစေဖို့၊ လက်တွေ့ဖြစ်ထွန်းလာစေဖို့ အောက်ပါအချက် ၂ ခု ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့လိုပါတယ်။

၁။ လက်ရှိနိုင်ငံရေးအာဏာကို ဆုပ်ကိုင်/ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ (နအဖ) စစ်ကောင်စီက သဘောပေါက် လက်ခံပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

၂။ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး၊ (ပြည်တွင်းပြည်ပ/ဥပဒေတွင်းဥပဒေပ) နိုင်ငံရေးအစုအဖွဲ့အားလုံး၊ တပ်မတော်သား အားလုံးက ညီညီညွတ်ညွတ်နဲ့ အမိနိုင်ငံတိုးတက်ရေးကိုရှေ့ရှုပြီး တစည်းတလုံးတည်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဖေါ်ပြပါအချက် ၂ ခုအနက် တခုခုကိုမျှ လက်တွေ့ ဖြစ်မြောက်ပေါ်ထွန်းလာအောင် လုပ်ကိုင်နိုင်စွမ်း မရှိခဲ့ပါလျှင် ကောင်းမွန် လှတဲ့ စိတ်ဓါတ်စေတနာ သဘောထား လုပ်နည်းကိုင်နည်းများဟာ စိတ်ကောင်းစေတနာကောင်း သက်သက်မျှသာ တည်ရှိနေပါလိမ့်မယ်။

“ခင်မင်မှုတွေ ရောင်ပြန်ဟပ်မယ့်နေ့” ကိုစောင့်မျှော်နေရင်း “မေတ္တာ ရေစုန်မျောရမယ့်” အဖြစ်တော့ မဖြစ်စေလိုပါ။

ထားရှိအပ်သော စိတ်စေတနာကောင်းများအပေါ် သံသယ သဲမြူမှုန်မျှ မရှိပါ။

သို့ပါသော်လည်း ဗိုလ်သန်းရွှေစစ်အုပ်စု၏အပေါ်တွင် ကြီးစွာသော နက်ရှိုင်းသောသံသယသည် ရှမ်းရိုးမတောင်တန်းကြီးလို ထုနှင့်ထည်နှင့်ရှိနေပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်” သည် (နအဖ) စစ်အစိုးရအဖို့ မဆုတ်တန်းခံစစ်မျဉ်းနှင့် ခံတပ်များဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်” ဆိုတဲ့ “ဦးချို” (ဂျို)ပြောင်းလဲတပ်ထားသည့် စစ်အာဏာရှင်စနစ်ဖြစ်သည်။

“အထိမခံသိမ်မွေ့လှသောအခြေအနေ” ဟုပင် သတင်းစာဆောင်းပါး တခုတွင် ဖေါ်ပြထားပါတယ်။

မောင်စူးစမ်းနှင့် ကျော်ဝင်းကလည်း

“လွှတ်တော် ၃ ရပ် နိုင်ငံရေးဂိမ်းမှာ ပါဝင်ကစားကြရေး …

၂၀၀၈ အခြေခံဥပဒေစည်းဝိုင်းထဲမှာသာ ကစားကြရန် …

ဤ စည်းဝိုင်းကို ကျော်လွန်ရန်၊ ထိုးဖောက်ခြင်းမပြုရန် ” ဟောနေပါတယ်။

ဒါ့အပြင် “လွှတ်တော်ထဲတွင်သာ အကျေအလည် ဆွေးနွေးနိုင်ကြလျှင် ဘေးထွက်ဆိုးကျိုး ကင်းကင်းဖြင့် အဖြေတခု ရလိမ့်မည် ထင်ပါသည်။ လွှတ်တော်ပြင်ပ လမ်းကြောင်းများနှင့် သွားကြလျှင်မူ ဆိုခဲ့ပြီးသော ဘေးထွက်ဆိုးကျိုးများ ကြုံရနိုင်စရာရှိ၍ အမှန် ပင်စိုးရိမ်မိပါသည်”တဲ့။

သို့ဖြင့် ဒီချုပ်နှင့် ဒုတိယပင်လုံ ဆော်သြနေသူတွေကို (ကျော်ဝင်း) က

“ဦးနှောက်ကြီးကြီး” ဖြင့်စဉ်းစားပေးဖို့ ချော့မြှူသလိုလိုနှင့် စစ်အာဏာရှင်စနစ်ဖြင့် ခြောက်နေပါတယ်။

ရှင်းနေသည့်အချက်မှာ …

“ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်”ကို ထိပါးလာလျှင် မည်သူ့ကိုမဆို၊ မည်သည့်ဆောင်ရွက်ချက်ကိုမဆို (နအဖ) စစ်အစိုးရအနေဖြင့် ရေရှည်သီးညည်းခံနေလိမ့်မည်မဟုတ်ပါ။

နောက်ဆုံးတွင်၊ အဆုံးအဖြတ်ကာလတွင် “အင်အား”က၊ “အင်အားကို ချုပ်ကိုင်စေစားနိုင်သူ” ကသာ အနိုင်ရရှိသွားစမြဲဖြစ် ပါသည်။ ထိုအင်အားမျိုး/ထိုသို့ အင်အားကို ချုပ်ကိုင်စေစားနိုင်သည့် အနေအထားမျိုး ကျနော်တို့ဘက်တွင် ဖွဲ့ဖွဲ့စည်းစည်း မရှိသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထိန်းသိမ်းလိုက်သည့်အခါများတွင် ကျနော်တို့၏ နိုးကြားတက်ကြွမှုများသည် (အခိုက်အတံ့အားဖြင့်) ပြာဖုံးသွားသည့် မီးခဲပမာဖြစ်သွားခဲ့ဖူးသည့် သာဓကများကို သက်သေပြုပါတယ်။

နှစ် (၅၀) နီးပါး သက်တမ်းရင့်မာခဲ့ပြီဖြစ်သော မြန်မာပြည်က စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက် အနုနည်းသက်သက်ဖြင့် ဘယ်တော့မှ အောင်ပွဲခံနိုင်လိမ့်မည် မဟုတ်ပါ။ အောင်ပွဲခံနိုင်မည်ဟု ထင်မှတ်နေလျှင် ထင်မှတ်နေသူများ၏ ထင်မှတ်မှားမှုသာဖြစ်ပါ လိမ့်မည်။

လူထုသာ သမိုင်းကိုဖန်းတီးသည့် တွန်းအားဖြစ်သည် ဟူသော သဘောတရားကို ယုံကြည်မြဲယုံကြည်ဆဲဖြစ်ပါတယ်။

တူမောင်ညို

ဒီဇင်ဘာ ၁၈၊ ၂၀၁၀

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS