31 Jul 2011

Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ် ပျောက်နေသည့် မျိုးဆက် ဆောင်းပါအား ပြန်လည်သုံးသပ်ကြည့်ခြင်း

ယခုပို့စ်သည် မောက္ခသတင်းပါ ဘာသာပြန်ဆောင်းပါးအား ကျွန်တော့်အမြင်ဖြင့် (အနီရောင်စာသား) ပြန်လည်သုံးသပ်တင်ပြထားခြင်းဖြစ်ပါသည်။


ဖေ့စ်ဘွတ်နှင့် တွစ်တာစသည့် လူမှုကွန်ယက်များကို အသုံးပြုနေသည့် မျိုးဆက်များမှာ စိတ္တဇ ဆန်ဆန် ပြုမူ တတ်ကြခြင်း၊ အာရုံ စူးစိုက်ချိန် လျော့နည်းလာခြင်းနှင့် ရှင်သန်မှုတွင် ကလေးငယ်များကဲ့သို့ အထောက်အကူ လိုအပ်ခြင်း တို့ကို ရင်ဆိုင် နေရပြီဖြစ်ကြောင်း ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

မျိုးဆက်သစ် Teenage ပိုင်းတွေကိုတော့ မိဘတွေအနေနဲ့ အချိန်ပေးပြီး ထိန်းသိမ်းစောင့်ကြည့်ဖို့တော့လိုပါတယ်။ Carrot and stick ပုံစံသွန်သင်သွားမယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ Facebook နှင့် Twitter သာမက Youtube ကဲ့သို့သော website တွေမှာ underage မကြည့်သင့်သည်များကို မကြည့်မိစေဖို့ မိဘတွေအနေဖြင့်လည်း Computer Knowledge ရှိသင့်ပြီး security software မှာပါဝင်သင့် Parental Control ဖြင့် မိမိကလေးငယ်၏ online ဝင်ရောက်မှု့ကို စောင့်ကြည့်ထိန်းချုပ်နိုင်ပါသည်။

အောက်စဖို့ဒ်တက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ ပါမောက္ခ Baroness Greenfield က အင်တာနက်ပေါ်တွင် “သူငယ်ချင်းများ” တိုးပွားလာနေပုံ၊ ကွန်ပျူတာဂိမ်းများကို အလွန်အမင်း ကစားလာကြပုံတို့မှာ ဦးနှောက် အလုပ်လုပ်ပုံကို ပြောင်းပြန်ပြန်လည်တည်ဆောက်နေပြီဟု ယုံကြည်ထားသည်။ ရလဒ်အနေဖြင့် စိတ်အာရုံ စူးစိုက်မှု လျော့နည်းလာခြင်း၊ မိမိကိုယ်ကို စိတ်ကျေနပ်မှု အစဉ် လိုအပ်နေခြင်း၊ ပြောဆို ဆွေးနွေးခြင်း၊ နှုတ်ပြောစွမ်းရည် ကျဆင်းလာခြင်းနှင့် မျက်လုံးချင်းဆိုင်ပြီး စကားပြောဆိုတတ်မှု အားနည်းလာခြင်းတို့ ဖြစ်ကြောင်းဆိုသည်။

ကလေးကို အလွန်အမင်းအလိုလိုက်တတ်တဲ့ မိဘတွေမှာတော့ အထက်ပါ ပြဿနာများကို များစွာ ကြုံတွေရပါလိမ့်မယ်။ တန်ဆေး လွန်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ သတိရှိထားကြစေချင်ပါတယ်။

“ကျမ စိုးရိမ်နေတာကတော့ တွစ်တာပေါ်မှာ တင်နေကြတဲ့ ပေါက်ပန်းလေးဆယ်၊ ဘာမဟုတ်၊ ညာမဟုတ်၊ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေပါပဲ။” တော်ဝင် သုတေသနအသင်းကြီး ဒါရိုက်တာဟောင်း၊ ပညာရှင်က Daily Mail ကို ရှင်းပြခဲ့သည်။ “တစ်ယောက်ယောက် ဒီမနက် ဘာစားခဲ့သလဲ ဆိုတာကို အခြားတစ်ယောက်က ဘာလို့ စိတ်ဝင်စားရမှာတုန်း၊ ကလေး ငယ်ငယ်လေးတွေက ပြောတာလိုမျိုးပါပဲ -မေမေရေ… တားတား လုပ်ထားတာ ကြည့်ပါဦး” “ဟိုဟာလည်းပဲ တားတား လုပ်ထားတယ်။” “အမှတ်အသား သရုပ်နဲ့ ပတ်သက်ပြီး အတော်ကလေး ပြဿနာ တတ်နေကြပုံပါပဲ။ အချိန်ဆိုတဲ့ ကာလယန္တရားဟာ ပုံစံပျက်ပြီး ဦးနှောက်ထဲမှာ ပျောက်ဆုံးလာနေပုံမျိုး။” Greenfield က ထပ်ပြောပြခဲ့သည်။

Facebook ကို တည်ထောင်ခဲ့ခြင်းဟာ အခြေအမြစ်မရှိတဲ့ Website တွေ status update တွေကို sharing လုပ်ဖို့မဟုတ်ဘူးဆိုတာ သတိမူစေချင်ပါတယ်။ အရာဝထ္ထုတစ်ခုဟာ အသုံးချတတ်ရင် အသုံချတတ်သလို အကျိုးရှိပါလိမ့်မယ်။ အကျိုးမဲ့စွာ အသုံးချနေရင်တော့ အချိန်ကုန် စိတ်ပင်ပန်းတာတာပဲ အဖတ်တင်မှာဖြစ်ပါတယ်။ Twitter နှင့် Facebook ကို မိမိသင်ယူလေ့လာနေတဲ့ ဘာသာရပ်ဆိုင်ရာ သို့မဟုတ် စီးပွာရေးဆိုင်ရာ website တွေကို follow လုပ်ထားပြီး အမြဲတမ်း update ဖြစ်နေတဲ့ သူတို့ဆိုဒ်ရဲ့ ဆောင်းပါးတွေကို ဖတ်ယူလေ့လာနိုင်ပါတယ်။ မိမိသိချင်တဲ့အကြောင်းအရာဖြစ်ဖြစ်၊ မိမိဖြေရှင်းလို့မရတဲ့ ပြဿနာမျိုးတွေမှာ Facebook နှင့် Twitter တို့ရဲ့ status မှာ တင်လိုက်ခြင်းအားဖြင့် solution ထွက်လာတဲ့ သာဓက များစွာရှိပါတယ်။ ထမင်းစား၊ ရေသောက်၊ အိမ်သာတက်တာတွေတင်နေမည့်အစား ထိုကဲ့သို့ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် မိမိရဲ့ တိုးတက်ရာတိုးတက်ကြောင်း Tool တစ်ခု ဖြစ်လာစေမှာ အမှန်ပါပဲ။ Twitter Search ကို မိမိသင်ချင်တဲ့ topic နဲ့ပက်သက်ပြီး update to date သတင်းတွေဖတ်ဖို့ tool တစ်ခုအနေဖြင့် သုံးကြည့်စေချင်ပါတယ်။ နောက်ပြီး notes, group and discussion တွေကို မိမိတိုးတက်ရာ တိုးတက်ကြောင်း ဒါမှမဟုတ် မသိသေးသူတွေကို မျှဝေဖို့ tools တွေအနေဖြင့် အသုံးချပြီး ထိုမှ ရလာတဲ့ comment တွေကို ပီတိအဖြစ် ခံစားကြည့်စေချင်ပါသည်။ နောက်တစ်ခုအနေဖြင့် twitter update တွေကြောင့် ဘေးဒုက္ခ အသက်ဘေးကနေ လွတ်မြောက်သွားရတဲ့ သာဓကတွေလည်း များစွာရှိပါတယ်။

အချို့သော ဖေ့စ်ဘွတ်သုံးစွဲသူများမှာ “နာမည်ကျော်” လူတန်းစားဝင်၊ “ဆဲလစ်ဘရစ်တီ” အသေးစားလေးများသဖွယ် မိမိကိုယ်ကို ခံယူလာကြပြီးလျှင် ပိုမို၍ လူကြိုက်များလာ စေချင်ကြပြန်သည်။ အခြားသူများက မိမိတို့ကို နေ့စဉ်ပင် စောင့်ကြည့်နေကြပြီးလျှင် ချီးမွမ်း ထောပနာလည်း ပြုနေကြခြင်းကို လိုလား တောင့်တလျက်။ “ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် မျက်နှာသာရရန်” အတွက်လည်း ပြုမူ လုပ်ဆောင် နေတတ်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် “အခြားသူများက မိမိတို့ကို သိရှိနားလည်နေသည့်ပုံစံ” မျိုးဖြင့်သာ မိမိကိုယ်ကို အဓိပ္ပါယ်ဖွင့်ဆို၊ ရှုမြင်လို့ရခြင်း ရောဂါ စွဲကပ် လာသောကြောင့်ပင်ဖြစ်သည်။ “အစစ်အမှန် မဟုတ်တဲ့ သီးခြား ကမ္ဘာ တစ်ခုမှာ သူတို့ဟာ နေထိုင်နေကြသလိုဖြစ်နေပြီ။ အဲဒီကမ္ဘာမှာ သူတို့က ကိုယ့်ကို ကလစ်လုပ်ပြီး ပုံဖေါ်ထားကြတဲ့ ကမ္ဘာ။” ပညာရှင်သုတေသီက ရှင်းပြခဲ့သည်။

ဒါကတော့ အဲဒီလူရဲ့ ရောဂါတစ်မျိုးလို့ပဲ ဆိုရတော့မှာပါ။ အဲလိုလူတွေလည်း အမှန်တကယ်ရှိနေတာပါပဲ။ အဲလိုမျိုးလူတွေရဲ့ Facebook နှင့် Twitter တွေကိုတော့ never follow ပေါ့ဗျာ။ ကိုယ့်အတွက်လည်း အကျိုးမရှိဘူးလေ။ တော်ရုံတန်ရုံ sharing မလုပ်ဘဲ လူသောက်မြင်ကတ်အောင် ကွန့်မန့်အရှည်ကြီးတွေရေးတာမျိုး၊ ကြွားဝါတာမျိုးရှိတဲ့အကောင့်တွေကိုတော့ စောစောစီးစီး remove လုပ်ပစ်တာအကောင်းဆုံးပါပဲ။ တစ်ချို့တွေကို အကောင့်ဖွင့်ထားပြီး သူများတွေကို add လုပ်၊ status တွေလိုက်ဖတ်ပြီး သောက်တင်းတုပ်နေတာတွေလည်းရှိတာပဲ။ သူများအကြောင်းပဲ သိချင်တယ်။ ကိုယ့်အကြောင်းကိုကျတော့ ဘာမှရေးထားတာမရှိ။ ယုတ်စွအဆုံး ဓာတ်ပုံတောင်တင်မထားဘူး။ ဒါပေမဲ့ Facebook ကို ကောင်းစွာအသုံးချပြီး အကျိုးဖြစ်ထွန်းနေတာကတော့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးနှင့် အနုပညာလောက လူတွေပါပဲ။ ဝါဒဖြန့်ချီရေး၊ ပရိသတ်ရရှိရေး နှင့် marketing တို့ဆိုတာ Facebok မှာ အလွယ်တကူလုပ်ဆောင်နိုင်လို့ပါပဲ။

နောက်ဆုံးအနေဖြင့် အကြံပေးပြောချင်တာကတော့ လူငယ်တွေအနေဖြင့် Facebook ကိုသူငယ်ချင်းမိတ်ဆွေ ပြန်လည်တွေ့ဆုံဖို့ ဝါသနာတူအချင်းချင်း sharing လုပ်ဖို့ ပညာဖလှယ်ဖို့ tool တစ်ခုအနေဖြင့်ထားပြီး အသုံးပြုမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်ပါလိမ့်မယ်။ ထို့အတူ twitter ကိုလည်း မိမိစိတ်ဝင်စားရာ ဘာသာရပ်အလိုက် website တွေကို follow လုပ်ပြီး update ဖြစ်တာတွေကို လေ့လာမယ်ဆိုရင် twitter ဟာလည်း သင့်အတွက် အချိန်ကုန် မျက်စိညောင်းရကျိုးနပ်မည့် social networking site တစ်ခုဖြစ်လာမှာ မလွဲမသွေပါပဲဗျာ။ လူတိုင်းဟာ social networking သုံးနေတဲ့အတွက် ယခုပို့စ်နှင့် ပက်သက်ပြီး မိမိအမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ပါတယ်။ ဒါတွေအားလုံးကတော့ ကျွန်တော့်ရဲ့အမြင်သက်သက်ပါ။ Facebok နှင့် Twitter မှ အကျိုးအမြတ်များစွာ ရရှိခံစားနိုင်ကြပါစေ။

30 Jul 2011

British Museum

British Museum သွားတုန်းအပေါက်ဝ ဝင်ဝင်ချင်း Building ကိုရိုက်ထားတဲ့ပုံပါ။ အဲဒီနေရာဟာ လန်ဒန်ကိုရောက်လာသူတိုင်း သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုပါ။ လူမျိုးစုံ သမိုင်းစုံကို တစ်နေရာတည်း အချိန်ပေးပြီး လေ့လာနိုင်ပါတယ်။ ကျွန်တော်လည်း ဒီမှာနေတာ နည်းနည်းကြာနေတာ တစ်ခေါက်ပဲရောက်ဖြစ်သေးတယ်။ ထပ်သွားဦးမယ်။

Asia section မှာရှိတဲ့ မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို သွားလေ့လာဦးမယ်။ ကျွန်တော်ရောက်တုန်းက အခန်းတစ်ချို့ကို ပိတ်ထားတာတွေ့ရတယ်။ ပစ္စည်းတွေကျန်ဦးမယ်ထင်တယ်။ ဒီနေရာထက် Victoria ပြတိုက်က ပိုစုံတယ်လို့သိရတယ်။ ဒီလို မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို တပါးသူရဲ့ ပြတိုက်မှာ မြင်လိုက်ရတော့ စိတ်ထဲမှာ ဒေါသထွက်သလိုဖြစ်မိတယ်။ ဒါပေမဲ့ တစ်ဘက်က စဉ်းစားတော့လည်း သူတို့လက်ထဲရှိလို့သာ အခုချိန်ထိ အကြာကြီးထိန်းသိမ်းထားနိုင်တာ မြန်မာပြည်မှာရှိလို့ကတော့ ပျက်စီးရင် ပျက်စီး မပျက်စီးရင် ဘယ်သူဌေးအိမ်မှာ ရောက်သွားမလဲ မပြောတတ်ဘူး။ ဒေါသထွက်ရင်း ကျေးဇူးအနည်းငယ်တင်နေမိတယ်။

မြန်မာပြည်မှာတော့ ဦးပိန်တံတားကို အုတ်နဲ့ပြန်ဆောက်တယ်။ အတုမရှိ ရွှေကျောင်းကြီးကို ရှေးလက်ရာဖျက် ပြန်ပြင်တယ်။ ရှေးဟောင်းလက်ရာ အမွေအနှစ်ဆိုတာ ဘာမှမကျန်တော့ဘူး။ မန်းလေးသားစစ်စစ်ကြီး ပြဇာတ်ထဲကလိုပေါ့။ မန်းလေးတောင်က မြွေကြီးနှစ်ကောင်ဟာ အရှင်မဟုတ်လို့ အခုထိကျန်နေတာတဲ့ အရှင်တွေသာဆို ဟိုဘက်ရောင်းစားပြီးပေါ့တဲ့။ ကောင်းရောဗျာ။

ဆက်ပါဦးမည်။

29 Jul 2011

Burma Event: Rock and Costume Party Night

Burma Event: Myanmar Christian Fellowship's Myanmar Food Fair

Dear Friends,

We cordially would like to invite you and your friends to join the Myanmar Christian Fellowship's Myanmar Food Fair.

Date : 20.08.2011
Time : 15:00pm to 18:00pm
Place : St John's Church, Mattock Lane, West Ealing, London, W13 9LA

Programme: Taste, Culture Food and Entertainment

Tickets: Adult= £7, Children (age 5-10) = £3(children tickets will be available at entrance), Children (under 5) are free.

A variety of delicious Myanmar food including drinks and deserts are inclusive of the above fares.

You can enjoy the live entertainment with your friends and family.

Please support our fund raising event.

We hope to see you there.

Thank You

MCF, London

Burma Food Fair (London,UK)


Burma Event: 23rd Anniversary of 8.8.88 Massacre

Dear Friends,

Please come and join with us to show your support for Burma and protest together. Global Day of Action as well as Global Resistance Day for Injustice, 8.8.11 is the 23rd anniversary of 8.8.88 massacre, during which military gunned down more than 3000 peaceful demonstrators in Burma.

Please come and show your support. Each and every person's participation is very important and we value your present. We must send powerful, united and strong message to the world that there is no place for injustice system in the world and they must go. We believe that together we can restore the democracy, human rights and freedom in Burma and the world at large.

As everyone is bond in humanity and as we are living in global village, everyone is interrelated to each other. Please spread this event to your friends and we would be very much appreciated to your support.

Main Message: Dialogue toward National Reconciliation in Burma

London, UK Event: In Front of the Burmese Embassy

Time: 13:00- 14:00 pm

Date: 8/8/2011

Address:19A Charles Street, Mayfair, London, W1J 5DX

Via: BDC

Burma Event: Demonstration at German Embassy on 8 August 2011

On 8 August 2011, on the 23rd anniversary of the 8.8.88 uprising, we are holding a demonstration in front of the German Embassy in London to call on Germany to stop blocking the European Union supporting the establishment of a UN Burma inquiry. Shamefully, Germany is putting its business interests before human rights by trying to stop an Inquiry. In effect, they are protecting rapists and war criminals in Burma.

On 8 August 1988, more than 3000 peaceful demonstrators in Burma were killed by the dictatorship just for calling for democracy.

Date: Monday 8th August 2011
Time: 12:00 - 13:00
Venue: Outside German Embassy, 23 Belgrave Square, London SW1X 8PZ

The nearest Tube stations: Hyde Park Corner (Piccadilly Line) and Sloane Square (District).

Via: BCUK

24 Jul 2011

Butterfly Girl

ကိုထိန်လင်း (ပန်းချီဆရာ) နှင့် Vicky Bowman (Former British Ambassador to Burma) တို့ရဲ့ သမီးငယ်လေးပါ။ Oxford က အသိတစ်ယောက်ရဲ့ မင်္ဂလာဆောင်သွားတုန်း ရိုက်ထားတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ မျက်နှာပေါ်က လိပ်ပြာလေးကတော့ သူ့အဖေပန်းချီဆရာရဲ့ လက်ချက်ပေါ့ :) သမီးငယ်လေးက အရမ်းသွက်လက်ပြီး မူလတန်း မြန်မာကဗျာတိုကလေးများကို လက်တမ်းရွတ်ဆိုနိုင်တာကို တွေ့ရပါတယ်။ Vicky ဟာဆိုရင်လည်း မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး မြန်မာလူမျိုးများနှင့် မြန်မာ့ယဉ်ကျေးမှုကို ချစ်ခင် မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။

23 Jul 2011

I Love Nikon


Nikon Camera ကြော်ငြာတွေရဲ့ နောက်ခံသီချင်းလေးပါ။ သီချင်းဆိုတဲ့သူ ရုပ်ဆိုးတယ်လို့ ပြောကြပေမဲ့ သီချင်းစာသားနဲ့ ဖန်တီးထားတဲ့ တီးလုံးကတော့ အရမ်းကိုကောင်းပါတယ်။ ကျွန်တော်လည်း Nikon Fan ဆိုတော့ သီချင်းလေးကို ပိုပြီးကြိုက်သွားတာပေါ့ဗျာ။ ဒီနှစ်ပိုင်းမှာ စိတ်ထွက်ပေါက်အနေနဲ့ ဓာတ်ပုံတွေတော်တော်ရိုက်ဖြစ်ဗျ။ ဘာရယ်မဟုတ်ဘူး ကင်မရာတစ်လုံးလွယ်ပြီး မြင်ကွင်းထဲပေါ်လာတာလေးတွေကို ခလုတ်လေးနှိပ်လိုက်ရတာကိုက ကျွန်တော့်အတွက် အပန်းဖြေနည်းတစ်ခုလို ဖြစ်နေတယ်။ (ရူးတာ)

ပန်းပွင့်လေးတွေ၊ လူတွေရဲ့ လှုပ်ရှားမှုပုံတွေ နဲ့ သဘာဝရှူ့ခင်းတွေကို ရိုက်ရတာပိုပြီး သဘောကျတယ်။
ကျွန်တော့်ဓာတ်ပုံတွေကို ဝေဖန်အကြံပေးချင်ရင်တော့ ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။

မိတ်ဆွေသည်လည်း Nikon Fan ဆိုရင်တော့ Blog ရဲ့အောက်ဆုံးမှာ Nikon နှင့်ပက်သက်ပြီး အသုံးဝင်တဲ့ site တစ်ချို့ကို စုစည်းပေးထာပါတယ်။ Have fun shooting with Nikon ;)

21 Jul 2011

How to Resize an Image in Microsoft Paint

တခါတလေ ကျွန်တော်တို့ ဓာတ်ပုံတွေကို မေးလ်ပို့တဲအခါမှာဖြစ်ဖြစ်၊ အင်တာနက်ပေါ် upload လုပ်တဲ့အခါမှာဖြစ်ဖြစ် file size ကြီးနေလို့ ပြဿနာဖြစ်နေတာမျိုး ကြုံရတတ်ပါတယ်။ အဲလိုအခါမျိုး ဖြစ်လာခဲ့ရင် ယခု Post သည် အသုံးဝင်ပါလိမ့်မယ်။ ဓာတ်ပုံတစ်ပုံရဲ့ file size ကို အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ချုံ့ပြတဲ့နည်းလည်း ဖြစ်ပါတယ်။ အောက်ပါ video မှာလေ့လာနိုင်ပါတယ်။


ဓာတ်ပုံတစ်ပုံချင်းစီအတွက် Microsoft Paint ထဲမှာ အဆင်ပြေပေမဲ့ ဓာတ်ပုံပေါင်းများစွာ(Multiple Photos)ကို ပြုလုပ်ချင်ရင်တော့ Photoshop ထဲက Image Processor သို့မဟုတ် Batch ကိုအသုံးပြုရပါလိမ့်မယ်။ အောက်ပါ Video မှာ ရှင်းပြထားပါတယ်။

19 Jul 2011

၁၉ ဇူလိုင် မမေ့နိုင်

ဒီကနေဟာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ သမိုင်းဝင်တဲ့ အာဇာနည်နေ့ဖြစ်ပြီး ယခုနှစ်ဟာ ၆၄နှစ်မြောက် ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ အစိုးရရုံးပိတ်ရက်တစ်ရက်ဖြစ်ပါတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင်တော့ ဒီနေ့လိုနေ့မျိုး မြန်မာပြည်မှာ မိုးဖွဲဖွဲလေးတွေ ရွာနေတတ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေအထိ အာဇာနည်နေ့သမိုင်းကို ဂဃဏနသိပေမဲ့ တစ်ချို့လူငယ်ပိုင်း (၁၆နှစ်အောက်) တွေကတော့ အာဇာနည်နေ့ဆိုတာကို ဝေတေဝါးတားဖြစ်နေတာ စိတ်မကောင်းစရာပါပဲ။

တိုင်းပြည်ကို လွတ်လပ်ရေးရအောင် မိမိကိုယ်ကျိုးကိုစွန့်လွှတ်ပြီး ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ မေ့ပျောက်နေမယ်ဆိုရင် သမိုင်းကိုမေ့ပျောက်နေတာနဲ့အတူတူပါပဲ။ သမိုင်းပျောက်ရင်တော့ လူမျိုးပါ ပျောက်ကွယ်ဖို့ဆိုတာ မဝေးတော့သလိုပါပဲ။

အခု မြန်မာပြည်မှာဆိုရင် စစ်အာဏာရှင် လက်ထက်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း၊ ဓာတ်ပုံတွေကို မေ့ပျောက်အောင် တစတစပြုလုပ်လာတွေ တွေ့မြင်လာရပါတယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံတော်ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ၊ ဆရာစံတို့လိုခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကိုပယ်ဖျောက်ပြီး တိရစ္ဆာန်ပုံတွေကို အစားထိုးအသုံးပြုလာခြင်းပါပဲ။

တကယ်လို့သာ မျိုးဆက်သစ်လူငယ်တွေကပဲဖြစ်ဖြစ် နိုင်ငံခြားသားတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ဘာလို့ အဲဒီတိရစ္ဆာန်ပုံတွေ အသုံးပြုရသလဲ ကျွန်တော့်ကို မေးလာခဲ့ရင်တော့ "တိရစ္ဆာန်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်တာကြောင့် တိရစ္ဆာန်ပုံတွေ ထည့်ထားတာ" လို့ဖြေခြင်းဟာ အကောင်းဆုံး အဖြေတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အာဇာနည်တွေရဲ့ သမိုင်း၊ ဂုဏ်ပုဒ် နှင့် စွမ်းဆောင်ခဲ့ပုံတွေကို မျိုးဆက်သစ်လူငယ်တွေကို ကိုယ်တတ်နိုင်သမျှ သင်ကြားပြောပြပေးသင့်ပါတယ်။ အထူးသဖြင့် ရပ်ဝေးမြေခြားမှာ ကြီးပြင်းနေထိုင်နေတဲ့ မြန်မာလူငယ်လေးများကို ဂရုတစိုက်သင်ကြားပြောပြပေးသင့်ပါတယ်။ ထိုနည်းဖြင့် အာဇာနည်ကြီးတွေရဲ့ ကြီးမာတဲ့ကျေးဇူးကို ပြန်လည်ပေးဆပ်နိုင်မယ်ဆိုရင် သူတို့သည်လည်း တမလွန်ဘဝကနေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေမှာ မလွဲမသေပါပဲခင်ဗျာ။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိ လားပါစေသော်ဝ်။



16 Jul 2011

64th Anniversary of Burma Martyrs' Day

အလေးပြုပါသည် by မေလှမြိုင် (ရေး-ဂစ်တာတင်အုံး)

လာမည့် အင်္ဂါနေ့ (၁၉.၀၇.၂၀၁၁) ဆိုရင် ၆၄ ကြိမ်မြောက် အာဇာနည်နေ့ကို ရောက်ပြန်ပြီ။ တိုင်းပြည်အတွက် အသက်ပေးဆပ်သွားတဲ့ အာဇာနည်ကြီးတွေကို ယနေ့တိုင် ဘယ်သူမှ မေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ အာဏာရူးအုပ်စုတွေကတော့ အာဇာနည်တွေရဲ့ကျေးဇူးကို မသိတဲ့အပြင် ကျေးဇူးကန်းနေတာ နှစ်ပေါင်းကြာပါပြီ။ အဆိုးဆုံးကတော့ မျိုးဆက်သစ်လူငယ်တွေကို အာဇာနည်နေ့၊ အာဇာနည်ခေါင်းဆောင်တွေ အကြောင်းကို မေ့ပျက်အောင်လုပ်ပစ်နေခြင်းပါပဲ။

ကျွန်တော်တို့အနေနဲ့ (မြန်မာပြည်မှာနေထိုင်သည်ဖြစ်စေ၊ ပြည်ပမှာနေထိုင်သည်ဖြစ်စေ) မျိုးဆက်သစ်လူငယ်လေးတွေကို အာဇာနည်နေ့အကြောင်းကို ပြောပြပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးကို တစ်ထောင့်တစ်နေရာကနေ ပြန်လည်ပေးဆပ်သင့်ပါတယ်။ အရှင်းဆုံးပြောပြီး လူငယ်တွေကို ရှင်းပြ ပြောပြချင်တာကတော့ "အာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ ခင်ဗျားတို့တတွေလူတစ်လုံး သူတစ်လုံးနဲ့ လွတ်လွတ်လပ်လပ် လူဖြစ်ပြီးကြီးပြင်းလာရတာ။ မဟုတ်လို့ကတော့ ခုချိန် ဘယ်ဘဝမှာပဲ ရှိဦးမယ်မသိဘူး။" ဒါကတော့ ကျွန်တော့်အတွက် အရှင်းဆုံး ဥပမာပါပဲ။

အာဇာနည်နေ့မှာ အာဇာနည်ကြီးတွေအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်များကိုလည်း နိုင်ငံအဝန်းပြုလုပ်ကြပါသည်။ အလားတူစွာ ကျွန်တော်တို့ လန်ဒန်မှာလည်း လာမည့် ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်တွေအတွက် ရည်စူးပြီးဆွမ်းဆပ်ကပ်လှူဒါန်းမှာဖြစ်ပါသည်။

နေရာ - သာသနရံသီကျောင်း (83 Booth Road, Colindale, NW9 5JU)
အချိန် - နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ

အာဇာနည်ကြီးများ ကောင်းရာသုဂိလားပါစေသော်။

14 Jul 2011

TinEye - Upload an Image and Find It on the Web


TinEye tries to do that and the best part is that it mostly succeeds. The new image search engine, powered by Idée's technology and currently in private beta, has an index of 487 million images (Google's index is at least 12 times bigger) and manages to find identical versions of an image or alterations. "TinEye frequently returns image results with colour adjustments, added or removed text, crops, and slight rotations. TinEye can also detect images that are part of a collage or have been blended with another image."

How does it work then? "TinEye uses sophisticated pattern recognition algorithms to find your image on the web without the use of metadata or watermarks. TinEye instantly analyzes your query image to create a compact digital signature or 'fingerprint' for it. TinEye searches for your image on the web by comparing its fingerprint to the fingerprint of every single other image in the TinEye search index."