Skip to main content

၁၉ ဇူလိုင် မမေ့နိုင်

ဒီကနေဟာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ သမိုင်းဝင်တဲ့ အာဇာနည်နေ့ဖြစ်ပြီး ယခုနှစ်ဟာ ၆၄နှစ်မြောက် ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ အစိုးရရုံးပိတ်ရက်တစ်ရက်ဖြစ်ပါတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင်တော့ ဒီနေ့လိုနေ့မျိုး မြန်မာပြည်မှာ မိုးဖွဲဖွဲလေးတွေ ရွာနေတတ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေအထိ အာဇာနည်နေ့သမိုင်းကို ဂဃဏနသိပေမဲ့ တစ်ချို့လူငယ်ပိုင်း (၁၆နှစ်အောက်) တွေကတော့ အာဇာနည်နေ့ဆိုတာကို ဝေတေဝါးတားဖြစ်နေတာ စိတ်မကောင်းစရာပါပဲ။

တိုင်းပြည်ကို လွတ်လပ်ရေးရအောင် မိမိကိုယ်ကျိုးကိုစွန့်လွှတ်ပြီး ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ မေ့ပျောက်နေမယ်ဆိုရင် သမိုင်းကိုမေ့ပျောက်နေတာနဲ့အတူတူပါပဲ။ သမိုင်းပျောက်ရင်တော့ လူမျိုးပါ ပျောက်ကွယ်ဖို့ဆိုတာ မဝေးတော့သလိုပါပဲ။

အခု မြန်မာပြည်မှာဆိုရင် စစ်အာဏာရှင် လက်ထက်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း၊ ဓာတ်ပုံတွေကို မေ့ပျောက်အောင် တစတစပြုလုပ်လာတွေ တွေ့မြင်လာရပါတယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံတော်ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ၊ ဆရာစံတို့လိုခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကိုပယ်ဖျောက်ပြီး တိရစ္ဆာန်ပုံတွေကို အစားထိုးအသုံးပြုလာခြင်းပါပဲ။

တကယ်လို့သာ မျိုးဆက်သစ်လူငယ်တွေကပဲဖြစ်ဖြစ် နိုင်ငံခြားသားတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ဘာလို့ အဲဒီတိရစ္ဆာန်ပုံတွေ အသုံးပြုရသလဲ ကျွန်တော့်ကို မေးလာခဲ့ရင်တော့ "တိရစ္ဆာန်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်တာကြောင့် တိရစ္ဆာန်ပုံတွေ ထည့်ထားတာ" လို့ဖြေခြင်းဟာ အကောင်းဆုံး အဖြေတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အာဇာနည်တွေရဲ့ သမိုင်း၊ ဂုဏ်ပုဒ် နှင့် စွမ်းဆောင်ခဲ့ပုံတွေကို မျိုးဆက်သစ်လူငယ်တွေကို ကိုယ်တတ်နိုင်သမျှ သင်ကြားပြောပြပေးသင့်ပါတယ်။ အထူးသဖြင့် ရပ်ဝေးမြေခြားမှာ ကြီးပြင်းနေထိုင်နေတဲ့ မြန်မာလူငယ်လေးများကို ဂရုတစိုက်သင်ကြားပြောပြပေးသင့်ပါတယ်။ ထိုနည်းဖြင့် အာဇာနည်ကြီးတွေရဲ့ ကြီးမာတဲ့ကျေးဇူးကို ပြန်လည်ပေးဆပ်နိုင်မယ်ဆိုရင် သူတို့သည်လည်း တမလွန်ဘဝကနေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေမှာ မလွဲမသေပါပဲခင်ဗျာ။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိ လားပါစေသော်ဝ်။



Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS