
Asia section မှာရှိတဲ့ မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို သွားလေ့လာဦးမယ်။ ကျွန်တော်ရောက်တုန်းက အခန်းတစ်ချို့ကို ပိတ်ထားတာတွေ့ရတယ်။ ပစ္စည်းတွေကျန်ဦးမယ်ထင်တယ်။ ဒီနေရာထက် Victoria ပြတိုက်က ပိုစုံတယ်လို့သိရတယ်။ ဒီလို မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို တပါးသူရဲ့ ပြတိုက်မှာ မြင်လိုက်ရတော့ စိတ်ထဲမှာ ဒေါသထွက်သလိုဖြစ်မိတယ်။ ဒါပေမဲ့ တစ်ဘက်က စဉ်းစားတော့လည်း သူတို့လက်ထဲရှိလို့သာ အခုချိန်ထိ အကြာကြီးထိန်းသိမ်းထားနိုင်တာ မြန်မာပြည်မှာရှိလို့ကတော့ ပျက်စီးရင် ပျက်စီး မပျက်စီးရင် ဘယ်သူဌေးအိမ်မှာ ရောက်သွားမလဲ မပြောတတ်ဘူး။ ဒေါသထွက်ရင်း ကျေးဇူးအနည်းငယ်တင်နေမိတယ်။
မြန်မာပြည်မှာတော့ ဦးပိန်တံတားကို အုတ်နဲ့ပြန်ဆောက်တယ်။ အတုမရှိ ရွှေကျောင်းကြီးကို ရှေးလက်ရာဖျက် ပြန်ပြင်တယ်။ ရှေးဟောင်းလက်ရာ အမွေအနှစ်ဆိုတာ ဘာမှမကျန်တော့ဘူး။ မန်းလေးသားစစ်စစ်ကြီး ပြဇာတ်ထဲကလိုပေါ့။ မန်းလေးတောင်က မြွေကြီးနှစ်ကောင်ဟာ အရှင်မဟုတ်လို့ အခုထိကျန်နေတာတဲ့ အရှင်တွေသာဆို ဟိုဘက်ရောင်းစားပြီးပေါ့တဲ့။ ကောင်းရောဗျာ။
ဆက်ပါဦးမည်။
Comments
Post a Comment
Thanks for your comment.