Skip to main content

ပိုက်ဆံ | အကြွေလည်ပတ်မှု စနစ်

မနက်ပိုင်း ၉ နာရီလောက် Visa ၀င်ဖို့အတွက် စာစီစရာရှိတာလေးတွေလုပ်ဖို့ မိတ္တူဆိုင်ကို ထွက်လာခဲ့တယ်။ ဆိုင်ကိုလည်းရောက်ရော လူတွေအရမ်းများနေလို့ ခဏထိုင်စောင့်နေရတယ်။ အဲဒီအချိန်မှာ ကိုရင်လေးတစ်ပါးဝင်လာပြီး ဆိုင်ထဲကလူရဲ့လက်ထဲကို တစ်ဆယ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် နှင့် တစ်ရာတန်ပါတဲ့ အကြွေတွေထည့်လိုက်တယ်။ အစကတော့ မသိသေးဘူး။ နောက်ပိုင်းမှ သဘောပေါက်တော့တယ်။ ဆိုင်တွေမှာ အကြွေက အရမ်းရှားတော့ ကိုရင်လေးတွေ အလှူခံလို့ရလာတဲ့ အကြွေတွေကိုပဲ ပြန်လဲကြရတော့တယ်။

မနက်ပိုင်း ကိုးနာရီ၊ ဆယ်နာရီလောက်မှာ လာပြီးလဲတာတောင် ကိုရင်လေး ၁၀၀၀ ကျော်ကျော်လောက်ရလိုက်တယ်။ နောက်တစ်ပါး လာပြီးလဲသွားတာက သူ့ထက်ပိုများသေးတယ်။ ဒီအတိုင်းတွက်ကြည့်ရင် ကိုရင်တစ်ပါးက တစ်နေ့ဝင်ငွေ အနည်းဆုံး ၁၀၀၀ ကနေ ၃၀၀၀ ကြားမှာရှိလောက်တယ်နော့။ ကိုရင်လေးတွေကို မေးကြည့်တော့ သာကေတ ကနေလာပြီး ဆွမ်းခံကြတာတဲ့။ ဘာသာရေးရှူ့ထောင့်ကကြည့်မယ်ဆိုရင်တော့ သိပ်မကောင်းပေမယ့်။ ဈေးဆိုင်တွေအတွက် ဒါမှမဟုတ် အကြွေလည်ပတ်ဖို့အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။

မန္တလေးမှာတုန်းကလည်း တစ်နေ့သော ညနေပိုင်းမှာ မဟာနွယ်ဆိုတဲ့ လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း သူတောင်းစားအဘွားကြီးတစ်ယောက် အကြွေတွေထုပ်ပြီးလာလဲတယ်။ အားလုံးပေါင်း ၃၀၀၀ နီးပါးလောက်ရတယ်။ တစ်လ ဘယ်လောက်ရမလဲ တွက်သာကြည့်တော့။ နောက်ပြီး လဘက်ရည် ရှယ်(ဇွန်းတပ်) တစ်ခွက်သောက်ပြီး ပြန်သွားတယ်။ ကိုယ့်လဘက်ရည်ခွက်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ သူတောင်းစားတောင် ရှယ်တွေဘာတွေ သောက်ပြီးလစ်သွားတာကိုး :P

သူတောင်းစားတွေကလည်း အဲလို တောင်းလို့ရမှန်းသိတော့ အလုပ်ကို မလုပ်ချင်ကြတော့ဘူး။ အဖိုးကြီး အဖွားကြီးတွေ တောင်းစားတာကို လက်ခံပါသေးတယ်။ တစ်ချို့တွေက လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်တွေ။ ဒါကို လိုက်ပြီးတောင်းစားနေတယ်။ လွယ်လွယ်ရတော့လည်း အလုပ်မလုပ်ချင်ကြတော့ဘူး။

နောက်တစ်ခု စဉ်းစားမိတာက ပိုက်ဆံဆိုတာ သေချာစဉ်းစားကြည့်ရင် မသန့်တော့ဘူး။ ဘာလို့လဲဆိုတော့ လူပေါင်းစုံ ကိုင်နေတာလေ။ အထူးသဖြင့် ကျွန်တော်သတိထားမိသလောက် ကွမ်းယာဆိုင်တွေမှာဆိုရင် ပိုက်ဆံပေးလိုက်တယ် ကွမ်းယာ ယာလက်ဆ လက်နဲ့ပဲ လှမ်းယူလိုက်တယ်။ ပြီးတော့ ကွမ်းယာ ဆက်ပြီးယာတယ်။ အဲဒီတော့ ပိုက်ဆံမှာ ကပ်ပြီးပါလာနိုင်တဲ့ အညစ်အကြေးတွေ ရောဂါပိုးမွှားတွေက ကွမ်းရွက်ကနေတစ်ဆင့် ကွမ်းစားသူရဲ့ ခန္ဓာကိုယ်ထဲကိုကူးဆက်သွားရော။ ဖြစ်နိုင်ရင် ပိုက်ဆံကိုင်ပြီးတာနဲ့ လက်ကိုဆေးသင့်တယ်။

ကလေးငယ်တွေကိုလည်း ပိုက်ဆံတွေ မပေးသင့်ဘူး။ အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ်ပေါ့။ များသောအားဖြင့် ပိုက်ဆံတွေက စုတ်ပြဲ ဟောင်းနွမ်းနေတာတွေပဲ များတယ်။ ငါးဆယ်တန်၊ တစ်ရာတန်၊ နှစ်ရာတန်တွေဆိုရင် အသစ်ဆိုတာ သိပ်မမြင်ဘူးတော့ဘူး။ လူတွေ အဆာင်အနေနဲ့ ဆောင်တဲ့ ပိုက်ဆံလေးတွေပဲ သစ်ကြတော့တယ်။

ပိုက်ဆံအကြောင်းပြောရင်း ပိုက်ဆံနဲ့ ပက်သက်ပြီးတော့ ကိုယ်တွေ့ကြားဖူးတာလေးကို ဖွ ... အဲ ... မျှလိုက်ပါဦးမယ်။

လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်းကပေါ့။

လူငယ်နှစ်ယောက်စကားပြောကြရင်း ... တစ်ယောက်က

"ငါတို့ နိုင်ငံက ပိုက်ဆံတွေမှာ အရင်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဆရာစံတို့ ပုံတွေပါတယ်။ အခုကျတော့ ဘာလို့ ခြင်္သေ့တွေ ဖြစ်ကုန်တာလဲ မသိဘူး" တဲ့

သူငယ်ချင်းဖြစ်သူက ဘယ်လိုဖြေရင် ကောင်းမလဲ စဉ်းစားနေတုန်း ဘေးဝိုင်းက ဦးလေးကြီးတစ်ယောက်က ၀င်ဖြေလိုက်တယ်

"ရှုင်းပါတယ် ငါ့တူရာ ... အခုခေတ်က တိရစ္ဆာန်တွေအုပ်ချုပ်တဲ့ တိုင်းပြည်မို့လို့ တိရစ္ဆာန်ပုံတွေကို ပိုက်ဆံမှာ ထည့်ထားတာပေါ့"

ဦးလေးကြီးပြောသွားတဲ့ စကားကို သေချာစဉ်းစားကြည့်ပြန်တော့လည်း ... အင်း ... +..-...#..*..%

Comments

  1. ကိုယ့်လဘက်ရည်ခွက်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ သူတောင်းစားတောင် ရှယ်တွေဘာတွေ သောက်ပြီးလစ်သွားတာကိုးတဲ့ .. အယ် ..ငါ့ကိုရော သထာရဲ့လားဟင် မနေ့ညက 5000တောင် ကော်ဖီဖိုးကုန်သွားလို့ ဘာဖြစ်ဖြစ် ငါကြိုက်လို့ သိုင်းခရု ကွ

    ReplyDelete
  2. အဲဒါ ကိုယ့်ဘာသာကိုယ်တွေးတာနော် ... ကျနော် တိုက်တွန်းတာ မဟုတ်ဘူး :P

    ReplyDelete
  3.့ ငါ့ကောင် ပြန်လည်း ရောက်ရော ဖွ..အဲ မျှပြီလို့..

    ReplyDelete
  4. slt ... တိုးတိုးနေပါ ညီလေးရာ :P

    ReplyDelete
  5. အင်း ကိုယ့်ကုသိုလ်နဲ့ကိုယ်ပေါ့ကွယ်

    ဖြေသိမ့်လိုက် (၀ိုင်ဝိုင်းသီချင်းပေါ့)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe