Skip to main content

အကျင့်လေးတွေ စိတ်ဓာတ်လေးတွေ

ကျွန်တော်အပါအ၀င် လူတစ်ချို့ပေါ့ ...
တိုက်၊ အိမ် အကြီးကြီးတွေ၊ ကား အကောင်းစားကြီးတွေကို ပိုင်ချင် စီးချင်စိတ်တွေ များနေကြတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ရှိရင်းစွဲ "စိတ်ဓာတ်"လေးကိုကျတော့ ဘယ်လို မွန်မြတ်သန့်စင်အောင်ထားမလဲ၊ ဘယ်လို မြင့်မားကြီးကျယ်အောင် ကြံစည်အားထုတ်ရမလဲဆိုတာကိုကျတော့ မလုပ်ချင်ကြဘူး။
မဟာဂန္ဓာရုံဆရာတော်ကြီး ရေးထားတာ ရှိပါတယ်။

"စိတ်ကောင်းရှိဖို့က ပထမ"

ကျွန်တော်အပါဝင် လူတစ်ချို့ပေါ့ ...
ကိုယ့်ထက် သာတဲ့လူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် ရာထူးဂုဏ်ရှိန်ဝါ မြင့်တဲ့သူတွေကို မနာလို စိတ်ကလေးများက auto ဖြစ်ဖြစ်လာတတ်တယ်။ သူတို့ ဘယ်လို ကိုယ့်ထက်သာအောင် ကြံစည်အားထုတ်ခဲ့သလဲ၊ ဘယ်လို ချမ်းသာအောင် ကြိုးစားခဲ့သလဲ၊ ဘာတွေ ပေးဆပ်ခဲ့ရသလဲ ဆိုတာတွေကိုကျတော့ မေးမြန်းပြီး လိုက်လံကျင့်ကြံ အားမထုတ်ချင်ကြဘူး။
"သူ့လို ချမ်းသာချင်လိုက်တာ" လို့ပဲ ပြောကြတာများတယ်။
"သူ့လို ချမ်းသာအောင် ဘယ်လိုမျိုး ကြိုးစားရမလဲ" ဆိုပြီး တွေးတော စဉ်းစားတဲ့သူ အတော်ကို နည်းပါတယ်။

မှတ်ချက်။ ။ ကိုယ့်ကိုယ်ကို သတိပေး ဆုံးမတဲ့အနေနဲ့ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ပါ။ သူများကို လိုက်လံပြီး ဝေဖန်သုံးသပ်တာထက်စာရင် ကိုယ့်ကိုယ်အရင်ဆုံး ပြီးအောင် ဝေဖန်သုံးသပ်တာ ပိုပြီး လုပ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်မသုံးတတ်သေးရင် သူများကို ဝေဖန်ဖို့ဆိုတာ ..... ။

Comments

  1. Anonymous9:10 pm

    ကိုဖိုးချမ်း၊ တရားတွေ ရနေပြီလားဗျာ။

    ReplyDelete
  2. ဒီလိုပါပဲဗျာ ... တွေးမိတာလေးတွေပါ။ တရားကတော့ မြန်မြန်ရလေ ကောင်းလေပေါ့ :)

    ReplyDelete
  3. Anonymous9:19 pm

    Good Job. I want to give u a solution for u. U said some people are just jealous of the rich but don't think about what to do to get rich. But u should know that nobody is rich. I don't think that even the richest feels he's the richest. If u think that way, u won't get jealous of anybody. For example, when u see ur boss is so rich, u can think that ur boss doesn't feel he's rich and wants to get richer. Then u will b ok. I hope u understand what I mean.

    ReplyDelete
  4. I like your thoughts. Yeah...most of people including me often forget to try to get that we want.:)

    ReplyDelete
  5. such a great post :) cheers

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။