Skip to main content

ငါ့အပြစ်နဲ့ ငါပါပဲ

ကျွန်တော်သည် ဘလော့ပို့စ်များ၌ သူငယ်ချင်းတို့၏ ဘလော့လိပ်စာများ၊ website link များ၊ သီချင်းများ၊ ရည်ညွှန်းချက်ပါသော လေ့လာရန်ကောင်းသည့် ဆိုဒ်များကို အပင်ပန်းခံကာ စာရင်းလုပ်ခဲ့ဖူး၏။ ဤလင့်ခ်များကို ယခုအခါ ဘလော့တော်တော်များများ၌ တွေ့နေရလေသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်ကား link များ သီချင်းများကို စိတ်ရှည်စွာ ပြုစုပေးထားသူ ကျွန်တော်မျိုး၏ နာမည် ပျောက်နေလေချေ၏။

ကျွန်တော် နေ့တစ်နေ့အတွက် အထူးခံစားရေးသားသည့် ပို့စ်တစ်ခု၌ပါဝင်သော စာလုံးတစ်ချို့(quote တစ်ချို့)ကို မြန်မာ website တစ်ခု၌ ကိုးကားစာသားအနေဖြင့် ထည့်သွင်းထားသည်ကို တွေ့မြင်ရပါသည်။ ကျွန်တော့်ဘလော့လေးကို ညွှန်းထားသည့်အတွက်တော့ ပျော်ရွှင်မိပါသည်။ သို့သော် ... ခွင့်ပြုချက်လေးပါတောင်းပြီး ထည့်လိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် ပိုမိုအဆင်ပြေသွားလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကျွန်တော် ယခုကဲ့သို့သော အကြောင်းအရာများ၊ အလားတူ ပြဿနာများကို ဥပမာများစွာ ကိုယ့်ရှေ့မှာတွေ့မြင်ပြီးသည် ဖြစ်ရာတကား ဆက်လက်၍ မရေးသား မပြောပြချင်တော့ပါ။

ကျွန်တော်သည် ဘလော့တစ်ခု၏ ပို့စ်တစ်ခု၌ comment ရေးပေးခဲ့ဖူးသည်။ အခုတလော အလုပ်ရှုပ်နေသောကြောင့် အဲဒီဘလော့ကို မရောက်ဖြစ်တာကြာခဲ့လေပြီ။ သို့သော် ယခုကြည့်လိုက်သောအခါ comment များ ရာကျော်အောင် တက်နေလေသည်။ တစ်ချို့က ဤပြဿနာများ၏ အစသည် ကျွန်တော်နှင့် အခြားတစ်ယောက်တို့၏ comment များမှ စခဲ့သည်ဟု ရေးထားတာ အမြောက်အများတွေ့ရ၏။ သြော် ဖြစ်မှဖြစ်ရလေ ... ငါ့မှာလည်း အဲဒီရည်ရွယ်ချက် မရှိခဲ့တာ အမှန်ပါ။

ပြန်သုံးသပ်လိုက်ရင်တော့ ... ငါကိုယ်တိုင် လုပ်ခဲ့လို့ ငါ့အပြစ်နဲ့ငါ ဖြစ်တာပါပဲ။ ငါကိုယ်တိုင် ဒါတွေကို မရေးခဲ့ မဖန်တီးခဲ့ရင် ဒီလိုတွေဖြစ်လာစရာ အကြောင်းမရှိ။ Think b4 u post, Think b4 u do ဆိုတာတွေ ဖတ်ခဲ့ဖူးပြီးတော့ အင်း ... မင်းကိုယ်တိုင်က ညံ့လွန်းလှပါတယ်။ ကြိုးစားဦး။

Comments

  1. ကိုချမ်းမြစိုးရေ… ဖြစ်တတ်ပါတယ် .. ဒီလိုပါပဲ … ကိုယ့်ကိုယ်ကို ခဏခဏ ပြန်လည် ဆင်ခြင် သုံးသပ်မိဖို့ပါပဲ … စီပုံးမရှိတော့ မှတ်ချက် ရေးဖြစ်သွားတယ် .. ကျေးဇူးးးးး…

    ReplyDelete
  2. ဘယ်သူမပြုမိမိမှု၊ ဘာဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး ကိုယ့်ကြောင့် ၊ ကိုယ်ဖြစ်ကိုယ်ခံ ..အဟီး စကားပုံတွေ ရွတ်ကြည့်တာ။ကိုယ့်ကိုယ်ကို အပစ်ပုံမချပါနဲ့ ကိုချမ်းရာ ကိုယ့် စေတနာ ကိုယ်လဲသိ ကိုယ့် ကိုယ်စောင့်နတ်လဲသိပါသတဲ့

    ReplyDelete
  3. ကိုချမ်းမြစိုးရေ....
    ကျွန်တော်အထင်တော့ ကျွန်တော်ရဲ့ ဘာဂျာခေါက်ခေါင်းစဉ်ငယ်လုပ်နည်းက စတာထင်တယ်။ ထင်တယ်ပြောတာဘဲ၊ အစကအဲဒီကပေါ့။ ကျွန်တော်ကလည်း လုပ်ချင်ကြတယ်ဆိုလို့ ဆက်ပြီးတော့ ပညာမျှဝေပေးလိုက်တာပါ။ အဲဒိလိုမျိုးဖြစ်အောင် မရည်ရွယ်ပါဘူး။ တချို့ က အဲဒိလိုမျိုး အစကအဆုံးမလုပ်တတ်တာနဲ့ တိုက်ရိုက် copy ကူပြီးတင်လိုက်တာထင်တယ်။ သူတို့လည်း ဒါမျိုးခံစားပါစေဆိုပြီး လုပ်ခဲ့တယ်လို့ မမြင်မိဘာဘူး။ ဘာဘဲ ဖြစ်ဖြစ် အဲဒီလိုခံစားရတဲ့အတွက် အားလုံးသောကိုယ်စား အဲဒီလိုဖြစ်အောင် ပိုစ့် စ ရေးတဲ့သူ ကျွန်တော်ကဘဲ တောင်းပန်ပါတယ်။ နောက်ပြိးတော့ အဲဒိပိုစ့်ကိုပြင်ဆင်ပေးပါမယ့်။ လင်ခ့်တွေကိုဖျတ်သိမ်းပေးပါမယ့်။ မရည်ရွယ်ခဲ့တာအမှန်ပါလို့ လည်းထပ်ပြောခဲ့ပါစေဗျာ ...

    ReplyDelete
  4. ကိုစိုးထက် ... မှတ်ချက်ရေးပေးတဲ့အတွက် ကျေးဇူးပါဗျာ။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တတ်တဲ့ အကျင့်ကတော့ ကျင့်ယူနေဆဲပါဗျာ

    မမီ ... ကျေးဇူးတင်ပါတယ် မမီ :)

    ကိုမင်းကျော် ... မရည်ရွယ်ခဲ့မှန်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖြစ်သင့်တာလေးကို ပြောပြတာပါ။ စိတ်ထဲမှာတော့ ဘာမှမရှိပါဘူး။ ဘလော့ဂါတွေကို ကူညီပေးတဲ့ ကိုမင်းကျော်ရဲ့ စေတနာကိုလည်း နားလည်ပါတယ်။

    ReplyDelete
  5. ကိုယ့်ဘက်က စေတနာမှန်နေဖို့ အရေးကြီးပါတယ် အကိုရေ့ .... စေတနာမှန်နေခဲ့ရင် တစ်နေရာမဟုတ် တစ်နေရာမှာ ပြန်ပြီး အကျိုးပေးသွားမှာပါ ...်အခုထက်ပိုပြီး အောင်မြင်ပျော်ရွှင်နိုင် ပါစေဗျာ ...

    ReplyDelete
  6. ဆရာချမ်းရေ တခါတလေ တွေ့ကြုံသမျှတွေတိုင်းကို ခံစားရင် ပိုပင်ပန်းတတ်တယ်
    တခါတလေ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ပါ

    ReplyDelete
  7. Anonymous8:12 pm

    ဘာပြောရမှန်းမသိတော့ဘူးဗျာ။ ဒါပေမဲ့ ဖိုးချမ်းရဲ့ အပင်ပန်းခံ စေတနာ တွေက ပြန်အကျိုးပေးမှာပါ။

    ReplyDelete
  8. ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် ဖိုးချမ်းရေ

    ReplyDelete
  9. ကိုချမ်းမြစိုးရေ...
    သိုးလေးလည်း ကိုမင်းကျော်နားက ဘာဂျာခေါက် ခေါင်းစဉ်ငယ် ဆိုတဲ့ ပို့စ်ကနေ လင့်ကို တိုက်ရိုက်ကူးပြီး ဘလော့မှာ တင်ထားမိပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အထဲက ချိတ်ပေးထားတဲ့လင့်တွေ သေချာကို မဖတ်ရသေးပါဘူး။ ကိုယ်သာတင်ထားတာ အထဲမှာ ပါတဲ့လင့်တွေတောင် သေချာမသိတာ သိုးလေး အပြစ်မကင်းပါဘူး။ ကိုမင်းကျော်ကိုတော့ သွားအော်ထားပါတယ်။ တိုက်ရိုက်ပဲ ကူးတင်လိုက်တယ်လို့။ ကိုမင်းကျော်က ရပါတယ် လို့ ပြန်ပြောပါတယ်။ သိုးလေးအနေနဲ့ အဲဒီလင့်တွေ၊ ကုဒ်ဒင်တွေကို သိပ်နားမလည်တော့ ဒီလိုပဲ သဘောကျလို့ ယူမိတာပါပဲ။ တကယ်လို့ အမှားပါတယ်၊ ပြင်ဆင်ချင်တာရှိတယ်၊ သို့မဟုတ် ဖျက်ပေးသင့်တယ်ဆိုရင် အားမနာပါနဲ့နော်။ ပြောပါ။ မသိနားမလည်လို့ လို့ပဲ ထပ်ပြောပါရစေ။

    ReplyDelete
  10. ခွင့်လွတ်ပါ

    ReplyDelete
  11. Anonymous6:55 pm

    zkd;csrf;a&
    ighrSmvnf; vkyfvufp bavmhav;u vpfoGm;awmh jyefNyD;topfwif&tHk;r,f..apmifhtHk;aemf..
    [D;

    ReplyDelete
  12. I think everyone should respect each other's effort.Even though its just a list ,you must have spent ur time to collect those links .I do understand how u feel.In some cases,we put too much effort in it but some people just take it.That is not fair.They should inform you in any case.That is not a rule.That just shows the respect to the owner of coding or anything.I know you also dont wanna say like that publicly.But for your effort and time spent ,you should say frankly :).

    ReplyDelete
  13. CMS ရေ Link တွေလို့ ပြောတော့မှ CMS ရဲ့ Link ကိုယ့် Blog မှာ ထည့်ဖို့ သတိရတော့တယ်ကွာ။ တကယ်တော့ ကိုယ့် Template ကို Update မလုပ်ဖြစ်တာ ကြာပြီ။ Flock RSS Reader ကြောင်နေလို့ Mandalay Blog Feed ဖတ်လို့ မရဖြစ်နေတာ ဒိနေ့မှ နဲနဲအချိန်ရတာနဲ့ google reader နဲ့ ပြန်လိုက်ဖတ်နေရတယ်။ အဲဒီ Feed အတွက် ကျေးဇူးတင်ကြောင်းလေးလဲ ပြောချင်တာနဲ့ မင်း ဘလော့ဂ်ထဲဝင်လာတာ။

    CMS's Link List ထဲက ၃ယောက် ၄ယောက်လောက် ယူဦးမယ်နော။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။