အမေမရှိတော့ပေမယ့် ... အဖေရှိနေသေးတဲ့အတွက်
ကျွန်တော့်အတွက်တော့
အဖေလည်း အမေ ... အမေလည်း အဖေပါပဲလေ
ဒါပေမဲ့ ငယ်ငယ်လေးကတည်းက
အေးချမ်းမှု၊ နွေးထွေးမှုမေတ္တာတွေ အမြဲပေးခဲ့တဲ့ အမေ
ကံကြမ္မာဂြိုလ်ဆိုးရဲ့ နှိပ်စက်မှုကြောင့်
လောကကြီးကနေ ရုတ်တရတ် နှုတ်မဆက်ဘဲ
ထွက်ခွာသွားခဲ့ရတယ်
ရာသီအလီလီပြောင်းလဲ လတွေနှစ်တွေ ဟောင်းခဲ့ပေမဲ့လည်း
အေးချမ်းလှတဲ့ အမေ့ရဲ့မေတ္တာရင်ခွင်ကိုတော့
သား ... ထာဝရငတ်မွတ် လွမ်းဆွတ်နေဆဲပါ အမေ
၂၀၀၇ စက်တင်ဘာ (၁၁) ရက်နေ့တွင် ကွယ်လွန်သွားသော အမေသို့ ဦးခိုက်ကန်တော့လျှက်

Comments
Post a Comment
Thanks for your comment.