Skip to main content

စောင့်လိုက်ရတဲ့စာ၊ This is myanmar နှင့် ထိုင်းဘလော်ဂါ

နိုင်ငံခြား ပြန်ထွက်ဖို့ စောင့်လိုက်ရတဲ့ ကျောင်းကစာ ... အခုမှ ရောက်လာတော့တယ်။ ဆက်သွယ်ရေး အင်မတန်ကောင်းတယ်ဆိုတဲ့ သဘောပေါ့။ ရန်ကုန်ဆင်းပြီး Visa တိုးရဦးမယ်။ နောက် သုံးလေးရက်လောက်နေရင် ရန်ကုန်ကို ရောက်မယ်။ ရွှေမန္တလေးကို ခဏပြန်ရောက်နေတဲ့ ဘန်ကောက်မှ ကိုမျိုးကျော်ထွန်းနဲ့လည်း လျှောက်လည်ဖြစ်တယ်။ မနေ့က မေမြို့ကို သွားလည်ကြသေးတယ်။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြတယ်။ နောက်မှပဲ ပုံတွေကို တင်တော့မယ်။ ပြန်ရောက်နေတဲ့ ကာလအတွင်း တော်တော်တော့ စိတ်တင်းထားရတယ်။ အင်တာနက်ကလည်း သုံးချင်တိုင်း သုံးမရ၊ မီးကလည်း ပျက်၊ စလောင်းတွေဆိုရင် အခုဆို ခိုးကြည့်ရသလိုတောင် ဖြစ်နေတယ်။ ကိုပုဂံနက်ကို နိုင်ငံခြားသားတစ်ယောက်က ပြောသွားတာကိုတောင် သတိရမိတယ်။

"မင်းတို့ မြန်မာတွေကို မေးခွန်းတွေ လျောက်မေးလိုက်တိုင်း နောက်ဆုံးတော့ အဖြေတစ်ခုနဲ့ပဲ အဆုံးသတ်သွားတယ်တဲ့"

"ဘာလဲလို့ မေးလိုက်တော့"

"This is Myanmar." တဲ့ ... ရှင်းရော။

ကိုမျိုးကျော်ထွန်းလည်း ၁၈ ရက်နေ့လောက် ပြန်သွားမယ်ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်က ရန်ကုန်ကို သူ့ထက်အရင် ရောက်ဖြစ်လိမ့်မယ်။ ရထားစီးရင်တော့ ကြည့်ကြပ်စီးရလိမ့်ဦးမယ်။ ဘုရားစာ ရသလောက် ရွတ်သွားဦးမှ။ တော်ကြာ ဘဘတို့ရွာနားရောက်ရင် ဒုံးဒုံးဒိုင်းဒိုင်း အသံတွေကြားနေမှာ စိုးရိမ်ရတယ်။ အင်း ... ပြောရင် ကြက်သီးထတယ်။ တော်ပြီ ... ကားနဲ့ပဲသွားတာကောင်းတယ်။

ကဲ အချိန်ရှိတုံး ... ဓာတ်ပုံလေးတွေ လျောက်ရိုက်၊ ရွှေမန္တလေးကို အ၀လည်လိုက်ဦးမယ်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ :)

Comments

  1. ယူကေနဲ့ထိုင်း ဘလော့ဂါ၂ဦး မန်းလေးတွင်ဆုံကြရာ ... ထိုသို့ အမှန်အတိုင်း တွေ့သိသမျှကို ညည်းညူပြောဆိုကြလေသည်။ :D

    ReplyDelete
  2. ကောင်းလှချည်လားဟေ့..
    မိုက်သကွာ...
့သတင်းနှင့်နည်းပညာပြန့်ပွားရေး အင်ဖော်မေးရှင်းတက်ကနိုလိုဂျီ မြန်မာ့စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေး...
    ဗရာကြော်သည်နှင့်ဟန်းဖုန်း...
    ကွန်ပျူတာကောလိပ်နှင့်အင်တာနက်...
    အိုအို
    မောင်ဖိုးချမ်းမောင်ဖိုးချမ်း
    ဘယ်သွားမလို့လဲ မောင်ဖိုးချမ်း
    ရွှေမြန်မာကိုသွားမယ်ဗျာ
    ဘာသွားလုပ်မလဲ မောင်ဖိုးချမ်း
    အင်တာနက်သုံးမလို့ဆိုပါစို့
    ဘယ်လိုနေလဲ မောင်ဖိုးချမ်း
    အရမ်းအရမ်း ကောင်းတယ်ဗျာ ( စိတ်ပျက်ဖို့ )

    ငါ့ကောင်ကို အွန်လိုင်းမှာ မကြာခင်တွေ့ရတော့မှာပဲ..
    မန်းဖိုတိုတွေတင်ဦးနော်..
    မကြာမီလာမည် ...

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS