Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

31 Jan 2008

Pencil sketch effect in Photoshop

Photoshop မှာ Pencil sketch effect လုပ်တဲ့နည်းကို မှတ်တမ်းတင် မျှဝေပါဦးမယ်။ လူဆိုတာကလည်း တစ်ခါတလေမှာ အလွယ်ကြိုက်တော့ နည်း နှစ်နည်းလုံး မှတ်ထားလိုက်တယ်။ အလွယ်ကြိုက်တယ်ဆိုတာ ပြောခံရတာသာဆိုးတာ အချိန်ကုန်တော့ သက်သာတယ်ဗျ။ ကဲပါ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒါကို ဆက်ပြီး ပွားနေရင် လိုရင်းရောက်မှာ မဟုတ်တော့ဘူး :P စလုပ်ကြည့်ရအောင်

၁။ မိမိပြုလုပ်လိုသော ပုံကို Photoshop မှာ open (Ctrl+O) ပါ။



၂။ Open လုပ်ပြီး လက်ရှိ ရှိနေသော Layer ကို Duplicate (Ctrl+J) လုပ်ပါ။



၃။ Duplicate လုပ်ပြီး ရရှိလာသော Layer ကို select ပေးပြီး Desaturate (Image > Adjustments > Desaturate) or (Ctrl+Shift+U) လုပ်ပါ။ Black and White အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

၎။ Desaturate လုပ်ထားသော Layer ကို select ပေးပြီး Duplicate (Ctrl+J) လုပ်ပါ။ ရရှိလာသော Layer ကို select ပေးပြီး Inverse (Ctrl+I) လုပ်ပါ။

၅။ Inverse လုပ်ထားသော Layer ကို select ပေးထားပြီး Blending Mode မှ Color Dodge ကိုရွေးပါ။



၆။ ထို့နောက် Filter > Blur > Gaussian Blur ကိုရွေးပါ။ Radius သည် 5 to 6 အတွင်း ထားမှသာ အဆင်ပြေပါလိမ့်မည်။ Radius သတ်မှတ်ပြီး OK ပေးပါ။ Pencil Artwork တစ်ခုကို သင် လုပ်ပြီးသွားပါပြီ။

အထက်ပါနည်းလမ်းကတော့ step by step ကိုယ်တိုင် ဖန်တီးတဲ့နည်းလမ်းပါ။ နောက်တစ်နည်း (အလွယ်နည်း) အနေနဲ့ Photoshop ရဲ့ action ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အဲဒီနည်းကတော့ Click နှိပ်တတ်ရုံနဲ့ပဲ ဖန်တီးလို့ ရပါပြီ :D

၁။ ပထမဦးစွာ Pencil Sketch Action File ကို Download လုပ်ပါ။

၂။ ထို့နောက် ရရှိလာသော File ကို copy ကူးယူပြီးနောက် အောက်ပါ Folder ထဲတွင်ထည့်သွင်းပါ။
C:\Program Files\Adobe\Adobe Photoshop CS2\Presets\Photoshop Actions

၃။ Photoshop ကို open လုပ်ပါ။ ထို့နောက် Window Menu မှ Action (Alt+F9) ကိုရွေးပါ။ Action list တွင် Default Action အပြင် Download လုပ်ပြီး ထည့်သွင်းထားသော Pencil ArtWork Action လေးကိုပါ တွေ့ရပါလိမ့်မည်။



၎။ PencilArtWork Action folder ကို ဖွင့်ရန် ဘယ်ဘက်၌ပါရှိသော တြိဂံလေးကို Click လုပ်ပါ။ ထို့နောက် ထွက်ရှိလာသော Action File လေးကို select လုပ်ပါ။ သို့မဟုတ်ပါက Action ကို သုံး၍ရလိမ့်မည် မဟုတ်ပေ။ Action file လေးကို ရွေးပြီးသည်နှင့်တပြိုင်နက် action box ၏ အောက်ခြေတွင်ပါရှိသော Play Action button လေးသည် active ဖြစ်လာပါလိမ့်မည်။



၅။ ထို့နောက် Play Action button ကို click လုပ်ပြီး မိမိပြုလုပ်လိုသော ပုံကို ရွေးပါ။ ရွေးပြီးသည့်နောက်ပိုင်းမှာတော့ ငုတ်တုတ်လေး ထိုင်သာကြည့်နေလိုက်ပါ။ Action ရဲ့ စွမ်းဆောင်မှုဖြင့် pencil sketch တစ်ခုကို အလိုအလျောက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ photoshop action အကူအညီဖြင့် ပြုလုပ်သော pencil sketch တစ်ခုကို သင် ရရှိမှာဖြစ်ပါတယ်။

ကြော်ငြာဝင်ခြင်း :P



ဒီပုံကတော့ action ကိုသုံးပြီး လုပ်ထားတာပါ။ သရဲကြောက်သူများ၊ မျက်စိမှုန်ဝါးသူများ၊ ရုပ်ချောရောဂါ မကူးစက်လိုသူများ နှင့် သက်ကြီးရွယ်အိုများ မကြည့်ရ :P တိုက်ဆိုင်မှုရှိခဲ့ရင် လုံးဝ လုံးဝ ခွင့်မလွှတ်ပါနှင့် :P

ကျန်းမာပျော်ရွင်ပါစေ :)

18 comments:

စိုးထက် - Soe Htet ! said...

စမ်းဖြစ်အောင်ကို စမ်းလိုက်ဦးမယ် :P

MELODYMAUNG said...

အစုတ်ပလုတ်တုတ် နာ့ကို သရဲကြောက်တဲ့စာရင်းထဲပဲထည့် :P
Thanks for your this post how to make pencil sketch effect. I loved to try it with my pic.

KM said...

Thank you very much for your knowledge sharing. Please keep going.

CMS said...

ကိုစိုးထက် ... အဆင်မပြေရင် ပြောပါဗျို့ :)

မမီ ... ဟိဟိ ... ကိုယ့်ဘာသာကိုယ် တွေးတာနော် :P

km ... thx bro :)

MELODYMAUNG said...

ရဘူးဗျ အလွယ်နည်းက ဒေါင်းလုပ်မရဘူး နာက ဘန်းကျော်ရတာကွ step by step နည်းမှာကလဲ step 4မှာ select လုပ်ပီး Inverse လုပ်တဲ့အခါ warning: no pixels selected တဲ့ ဘာဖြစ်တာလဲ သိဘူး ရဘူး ပြန်ပြောပြပါဦး
blending mode ကရော ဘယ်မှာလဲဗျ သိဘူး(ကြိုမေးထားတာ အဟဲဟဲ)

စိုးထက် - Soe Htet ! said...

စမ်းယုံ မကဘူး ပို့စ် ပါ တင်လိုက် ပြီ :P

မျှားပြာ said...

အစ်ကိုကြီးရေ မရောက်တာကြာသွားတယ်ဗျို့  .
လိုချင်တာလေးတွေ ယူသွားပါတယ်ဗျာ
အဆင်ပြေပါစေ အစ်ကိုကြီးရေ ..။

CMS said...

ကျေးဇူးတင်ပါတယ်ခင်ဗျာ :)

သန့်ဇော်မင်း said...

ဖိုးချမ်းရေ... အလွယ်နည်းလေးပဲ လုပ်လိုက်တယ်...
မိုက်တယ်ဟ... သိုင်းခရု

CMS said...

ကျွန်တော်လည်း လာဖတ်တဲ့အတွက် သိုင်းခရုပါဗျာ :)

Yan said...

ကိုစိုးထက်ဆီက ကြော်ငြာတွေ့လို့ဗျ. စမ်းဦးမယ်. စမ်းဦးမယ်. သရဲနောက်တစ်ကောင်တိုးပြီလို့သာ မှတ်လိုက်တော့ ကိုဖိုးချမ်းရေ.... ဟတ်ဟတ်ဟတ်

CMS said...

ဘလော်ဂါ သရဲပေါ့ ဟဟ

Anonymous said...

Hi brother,
Thanks for your sharing. I did (second method)step by step as you said. But I couldnot see Pencil ArtWork Action. Mine is Adobe Photoshop CS 8.0. I'd like to know what happened? Thanks. :)

CMS said...

you need to put in the correct path : C:\Program Files\Adobe\Adobe Photoshop CS2\Presets\Photoshop Actions
if u put according to above path, u'll get the action

ချစ်ဦး said...

အိုင်ဒီယာလေးယူသွားပါတယ်။ ကောင်းပါတယ်။လိုရင်သုံးလို့ရတာပေါ့။ ကျနော့်အတွက်ဆို ပိုပြီးအဆင်ပြေပါတယ်။အချို့ပုံတွေက တိုက်ရိုက်ဖော်ပြလို့မရတဲ့နေရာတွေမှာသုံးလို့ရတယ်။ အသစ်အသစ်လေးတွေကိုစောင့်မျှော်နေပါတယ်။

CMS said...

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုချစ်ဦး။ နောက် ... ဆက်လက်မျှဝေပါဦးမယ် :)

Bo Bo said...

Bro..
Action နဲ့ သုံးတာကို ပိုကြိုက်တယ်..
လူသက်သာတယ်..
အပေါ်ကနည်းကတော့ လုပ်နေကျပဲ.
အဆင့် (၅)ဆင့်နဲ့ ခဲချစ်ပန်းချီလုပ်နည်းလေ.
အခုလို ရှဲတာကျေးဇူးအစ်ကို
နောက် plug-in ကောင်းကောင်းလေးတွေ ရှိရင်
ရှဲပါဦး. စောင့်မျှော်နေလျှက်ပါ..
ဘိုဘို

CMS said...

အိုကေပါဗျာ ရှိတာနဲ့ရှဲလိုက်မယ် ရှိရှဲပေါ့ ;)

LinkWithin