Skip to main content

ကျွန်တော်သိသော ဓာတ်ပုံများအကြောင်း

Blog post တွေမှာ ပုံလေးတွေနဲ့တကွ ဖော်ပြရင် စာဖတ်တဲ့သူကိုလည်း ဆွဲဆောင်မှုရှိသလို အဓိပ္ပာယ်၊ ဆိုလိုရင်းကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေပါသည်။ သို့သော်လည်း ထည့်သွင်းအသုံးပြုမည့် ဓာတ်ပုံများနှင့် ပက်သက်ပြီး သိသင့်တာလေးတွေ၊ ရှောင်သင့်တာလေးတွေ၊ ဆောင်သင့်တာလေးတွေကို အနည်းငယ် စာကြောရှည်ပြလိုပါသည်။

Free Image Sources

Blog ရေးသားသူများအနေဖြင့် Post အများစုတွင် မိမိကိုယ်ပိုင်ဓာတ်ပုံများကို ထည့်သွင်းအသုံးပြုကြ ပါသည်။ (ဥပမာ - ခရီးသွားတဲ့အကြောင်း ပို့စ်ရေးသားသူများ) သို့သော် တစ်ခါတရံ၌ ဓာတ်ပုံရှာဖွေ၍မရသည့် အခြေအနေမျိုး၌ Internet ထဲမှာဓာတ်ပုံများ အများအားဖြင့် Google Image Search မှ ဓာတ်ပုံများကို ထည့်သွင်းအသုံးပြုကြပါသည်။ ထိုသို့ ရှာဖွေအသုံးပြုရာတွင် Copyright ရှိသော Photo များနှင့် မရှိသော Photo များကို တွေ့ရပါလိမ့်မည်။ Google Image Search တွင်ပါဝင်သော Photo အများစုမှာ Copyright လုပ်ပြီးသား Photo များဖြစ်ပါသည်။ ထို့ကြောင့် ဓာတ်ပုံများထည့်သွင်းဖော်ပြပြီး Post ရေးသားချင်သူများအတွက် အောက်ဖော်ပြပါ Copyright လွတ်ကင်း၍ ဓာတ်ပုံများ အလကား ဒလဟောယူနိုင်သော site များကို တင်ပြပေးလိုက်ရပါသည်။
Image Sizes

ပုံတွေကို ရှာဖွေအသုံးပြုတတ်သလို ပုံတွေနဲ့ ပက်သက်တဲ့ size တွေကို သိထားဖို့လိုပါတယ်။ ပုံတွေရဲ့ size ကို များသောအားဖြင့် pixel unit နဲ့ပဲ အသုံးပြုကြပါတယ်။
  • Square (75 x 75)
  • Thumbnail (100 x 100)
  • Small (240 x 240)
  • Medium (500 x 500)
  • Large (1024 x 1024)
  • Original (3692 x 3692)
Capturing images

Tutorial post ရေးသားသူတွေ (သို့မဟုတ်) Movie တွေမှတစ်ဆင့် Screen Capture ဖမ်းချင်သူတွေအတွက် အသုံးပြုဖို့သင့်တော်တဲ့ Software လေးကတော့ SnagIt ပါပဲ။ သူရဲ့ Features တွေကတော့
  • Make movies of your desktop actions
  • Capture scrolling window web page
  • To capture all images from a web page
  • Extract text from a window
  • To insert watermark on your images
  • Enhance images by inserting text and marking with arrows
  • To magnify specific part of the image
စတဲ့ လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်နိုင်ပြီး ဒီနေရာမှာ ရယူနိုင်ပါတယ်။

Protecting Your Images

ကိုယ်လည်း သူ့ပုံယူသုံး သူလည်း ကိုယ့်ပုံယူသုံးနေတဲ့ ခေတ်ကြီးမှာ ကာကွယ်ဖို့လိုသေးလို့လားလို့ မေးနိုင်ပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ အနုပညာဆန်ဆန် စိတ်ရှည်လက်ရှည် ဖန်တီးမှုမျိုးကို ပစ်စလတ်ခတ် ယူသုံးပြီး ကိုယ့်နာမည်ကိုထည့်မထားတာ (သို့မဟုတ်) ဘယ်ကနေယူသုံးတယ်ဆို ပြောမထားရင်တော့ ရင်ထုမနာဖြစ်မှာ အမှန်ပါပဲ။ အဲဒီလိုမျိုးအဖြစ်အပျက်တွေ ဓာတ်ပုံလောကမှာ ဖြစ်ပျက်နေတာအများကြီးမှာ ကျွန်တော့်မိတ်ဆွေ ဓာတ်ပုံဆရာတွေမှာလည်း အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ဂျာနယ်တိုက်များမှ ကိုကို မမ များပေါ့။ မသိတာလား မသိခြင်ထောင် ထောင်နေကြတာလားတော့ မပြောတတ်ဘူး။ ဒါ့ကြောင့် ကိုကို မမ များရန်မှ ကာကွယ်ဖို့ လိုပါတယ်။

၁။ Copyright နှင့် နာမည် ထည့်သွင်းခြင်း

အရှင်းဆုံးနည်းလမ်းပါပဲ။ ဓာတ်ပုံအတွင်းမှာ ကိုယ့်ရဲ့နာမည်နဲ့ Copyright သင်္ကေတထည့်သွင်းပေးလိုက်ရုံပါပဲ။

၂။ Watermark ထည့်သွင်းခြင်း

ဒီနည်းကတော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ပုံကိုဖော်ပြတဲ့နေရာမှာ ရှင်းလင်းမှုတော့ ရှိမှာမဟုတ်ပါဘူး။ Photoshop မှာ pattern ကိုအသုံးပြုပြီး Watermark ထည့်သွင်းနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

၃။ File Info ထည့်သွင်းခြင်း

ဒီနည်းကတော့ Photoshop မှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ဓာတ်ပုံကို photoshop မှာ open လုပ်ပြီး File Menu မှ File Info ကိုရွေးပြီး file နဲ့ ပက်သက်တဲ့ copyright, author, description နှင့် keyword စသည်ဖြင့် ပုံနှင့်ပက်သက်တဲ့ info/description တွေကို ထည့်သွင်းပါ။ ထည့်သွင်းပြီးတဲ့နောက်မှာ ပုံကို save ပြန်လုပ်ပေးဖို့လိုအပ်ပါတယ်။

အထက်ပါ နည်းလမ်းတွေအပြင်
  • Photo ရဲ့ quality ကို လျော့ချပြီး ပြခြင်း
  • Photo ရဲ့ size ကိုလျော့ချပြီး ပြခြင်း
  • Photo ဖော်ပြရာ၌ shockwave သို့ flash slide show များဖြင့် ပြခြင်း
စတဲ့ နည်းလမ်းများဖြင့်လည်း သင့်ရဲ့ ဓာတ်ပုံများကို ကာကွယ်နိုင်ပါတယ်။ အဲဒီကြားထဲကမှ ကူးယူပြီး သုံးသွားခဲ့ရင်လည်း သဗ္ဗေ သတ္တာ ကမ္မ ဿကာ ပေါ့ :D ကျန်းမာပျော်ရွှင်ပါစေ :)

Comments

  1. ပြည့်ပြည့်စုံစုံပါပဲဗျာ။

    ReplyDelete
  2. Myo Kyaw Htun ... ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ် :)

    Ko KMT ... ဟေ့လူ ... တစ်ခွန်းက ဘယ်ပျောက်သွားတာလဲ ... ခေါ်မယ့်ခေါ် ပြည့်စုံအောင်ခေါ်ဗျာ

    ReplyDelete
  3. ကျေးဇူးပါပဲဗျို့ 

    ReplyDelete
  4. here is the last thar du

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။