Skip to main content

မန္တလေးမြို့ရဲ့ Great Wall

Great Wall ဆိုတာ မန္တလေးမြို့ ရတနာပုံဈေးအနီး ဇောတိကလမ်း နှင့် ၃၃ လမ်းကြားမှာ အသစ်ဖွင့်လှစ်မည့် Shopping Center ရဲ့နာမည်ဖြစ်ပါတယ်။ အဲဒီ Shopping Mall ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ခန်းပေါင်း ၂၁၂ ခန်းပါဝင်ပြီး RC ခြောက်ထပ်အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဓာတ်လှေကား နှစ်စင်း၊ ရွေ့လျားစက်လှေကား ရှစ်စင်း၊ ခန်းလုံးပြည့် လေအေးပေးစက်များနှင့် ၂၄နာ၇ီ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။ လုံခြုံရေးနှင့် မီးဘေးအတွက် အရေးပေါ်ထွက်ပေါက်များ၊ ဂါလန် နှစ်သောင်းဆံ့ မီးသတ်ရေလှောင်ကန်နှင့် ရေငုတ်များ၊ အရေးပေါ် အချက်ပေးစနစ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

Great Wall Shopping Center ကို ယခင် ရတနာပုံဈေး ပထမထပ်ရှိ မီးလောင်ကျွမ်းခြင်းခံခဲ့ရတဲ့ Sky Walk Shopping Center ပုံစံ ဆောက်လုပ်ထားတာဖြစ်တယ်လို့ တာဝန်ယူပြီး ဒီဇိုင်းဆောက်ရွက်နေတဲ့ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆိုထားပါတယ်။

မီးလောင်ကျွမ်းသွားခဲ့တဲ့ ယခင် ရတနာပုံဈေးကိုလည်း ကျပ် သန်း ၄၅၀ ကျော် အကုန်အကျခံပြီး နာမည်အသစ်အနေဖြင့် ရတနာပုံဆူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာဆိုပြီး အသစ်ထပ်မံ တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

News via : The Voice Weekly (Dec 22-28)
မန္တလေးမြို့မှာ နောက်ထပ် Shopping Center တစ်ခု ထပ်ပြီးပေါ်ထွက်လာခြင်းနှင့်အတူ ပလာဇာအသစ်များလည်း ထပ်မံဆောက်လုပ်မည်ဟု ကြားသိရသည့်အတွက် မန္တလေးသားတစ်ယောက်အနေဖြင့် အတိုင်းမသိ ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် မီးဘေးလုံခြုံစိတ်ချရဖို့ နှင့် ဈေးဝယ်သူပြည်သူတွေ စိတ်အေးချမ်းသာစွာ ၀ယ်ယူနိုင်သော နေရာဖြစ်ဖို့ စတဲ့လိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင်တော့ ရေရှည်တည်တံ့အောင်မြင်တဲ့ Shopping Center တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Center တွေဖြစ်ပါစေကြောင်းလည်း ကြိုတင်ပြီး ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။