Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

1 Dec 2009

နှစ်သက်မိသောကြော်ငြာများ (၅)

လူတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးပေါ့။ အကောင်သေးပေမဲ့ သေနတ်တွေ၊ လက်ပစ်ဗုံးတွေထက်ဆိုးတယ်။ ကြိုတင်ကာကွယ်ထားမှ တော်ကာကျမယ်။ Virus အကောင်ကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေဆင်ထားတဲ့ Designer ရဲ့ idea ကို တော်တော်လေး သဘောကျတယ်။ ဒီလို ဒီဇိုင်းမျိုးဖန်တီးနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ်။ ဒါပေမဲ့ Practice makes perfect ! နောက်ကျရင် တင့်ကားတွေပါ ထည့်ပစ်လိုက်မယ် :P


South Africa မှာ သေနတ်တွေ ဘယ်လောက်ပေါပေါလောလော လွယ်လွယ်ကူကူ ရသလဲဆိုတာကတော့ အောက်ပါ ကြော်ငြာက သက်သေပြနေပါတယ်။

Ephone 900 ရဲ့ Speed ကတော့ ဘာမြန်သလဲ မမေးနဲ့ ... မြွေနေခဲ့တော့ ... ကြော်ငြာကတော့ ကျော်အောင် ညာနေတာပဲ ... တကယ်ဟုတ်မဟုတ် သုံးကြည့်မှပဲသိနိုင်မယ်။ မြန်မာပြည်က သနပ်ခါးကြော်ငြာတွေလို ဝက်ခြံ၊ တင်းတိပ်၊ မှည့်ခြောက်ပျောက်တယ်ဆိုပြီး လိမ်းလိုက်တာ သူ့လိမ်းမှာ ပိုဆိုးလာသလိုမျိုး မဖြစ်ရင်တော့ တော်သေးတာပေါ့။

ဒါကြီးကတော့ အိုင်ဒီယာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရွံစရာကြီး :P

နားကြပ်ကတော့ ရေရေလည်လည်ကောင်းတယ်။ အဲလို နားကြပ်ကောင်းလွန်းလို့ ကားတိုက်၊ ဆိုင်ကယ်တိုက်မှုတွေ ဖြစ်နေတာ အများကြီးပဲ။ မြန်မာပြည်မှာ အထူးသဖြင့် မန်းလေးလိုနေရာမျိုးမှာဆို ဖုန်းပြောရင်း ဆိုင်ကယ်မောင်းလို့ ယဉ်တိုက်မှုဖြစ်တာတွေ တော်တော်များတယ်။

0 comments:

LinkWithin