Skip to main content

Burmese New Year Festival - London 2012


လန်ဒန်ရောက် ရွှေမြန်မာတို့ရဲ့ အစည်ကားဆုံး နှစ်သစ်ကူးအတာသင်္ကြန်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လာမည့်လ ဧပြီ ၁၄ ရက်နေ့  စနေနေ့ Ealing Town Hall မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ မနက်ပိုင်း အစီအစဉ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပမှာဖြစ်ပြီး ညနေပိုင်း ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ရန်ကုန်သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းနှင့် The Nox Band တို့က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်