Skip to main content

မြန်မာလူငယ်အသင်း (BYA-UK) မှ (၁၁) အကြိမ်မြောက် စုပေါင်းဒါနနေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်

သာသနာနှစ် ၂၅၅၆ ပြည့်နှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၄ ပြည့်နှစ်၊ ကဆုန်လပြည်ကျော် ၈ ရက် ၊ ခရာဇ်နှစ် ၂၀၁၂ ခုနှစ် မေ ၁၃ရက် ၊တနင်္ဂနွေနေ့ ။

မြန်မာလူငယ်မောင်မယ်များစုပေါင်း၍ ဘုရားအမှုးရှိသော ဆရာတော် ၊ သံဃာတော်များအား ၊ စုပေါင်း ဒါန ဆွမ်းကပ်လှူဒါန်းခြင်းကို Sasana Ramsi Vihara (ကောလင်းဒေး) ကျောင်း၌ BYA-UK မှ ဦးဆောင်၍ သွားရောက် လှူဒန်မည် ဖြစ်ပါသည်။

မိဘပြည်သူ အပေါင်းတို့ လည်း ကျွန်တော်တို့ BYA-UK မိသားစုနဲ့ အတူ တစ်တပ်တစ်အား ဆွမ်းကပ်ဒါန ကုသိုလ်တော် ပါဝင်ယူနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

မြန်မာလူငယ်အသင်း ( BYA-UK )မှ ဘုရားမှုရှိသော ဆရာတော်၊သံဃာတော်များအား စုပေါင်းဆွမ်းကပ်ပွဲ ကို ၊ လစဉ် ပထမ ပတ် တနင်္ဂံနွေနေ့  တိုင်း ကျင်ပပြုလုပ် လျှက်ရှိရာ ၊ မေလ ၆ ရက် နေ့ သည် ''ဗုဒ္ဓ နေ့ ''ကျင်းမည့် နေ့ နှင့် တိုက်ဆိုင် နေခြင်း ကြောင့် မေလ (၁၃) ရက်နေ့ သို့  ပြောင်းရွှေ့ ကျင်းပ မည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

အသေးစိတ်အချက်အလက်များကို သိရှိလို ပါက Burmese Youth Association, UK ၏ website ဖြစ်သော www.byauk.org သို့မဟုတ် www.facebook.com/burmeseyouthassociation သို့ ဝင်ရောက်ကြည့်ရှု့ နိုင်ပါသည်။ E-Mail ပေးပို့ လို ပါက burmeseyouthuk@gmail.com သို့ ပေးပို့ နိုင်ပါသည်။

မိဘပြည်သူအပေါင်း ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

မြန်မာလူငယ်အသင်း (ယူကေ)
အမှုဆောင်အဖွဲ့

news via: Facebook

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။