21 Nov 2009

ဒီဇင်ဘာ သီချင်းများ


ရာသီဥတုက သိသိသာသာအေးလာပြီး ဟေမာန်ဆောင်းရာသီသို့ ဝင်ရောက်လာလေပြီ။ နောက်လဆိုရင် ၂ဝဝ၉ ကို နှုတ်ဆက်မည့် နောက်ဆုံးလ ကျွန်တော်ချစ်တဲ့ ဒီဇင်ဘာလကိုရောက်တော့မယ်။ ဒီဇင်ဘာသီချင်းလေးတွေ နားထောင်ချင်တဲ့ သူငယ်ချင်းတွေအတွက် ဒီဇင်ဘာနှင့် ပက်သက်တဲ့ သီချင်းဟောင်း၊ သီချင်းကောင်းလေးတွေကို လက်လှမ်းမီသလောက် စုစည်းထားပြီး မျှဝေလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုတလော ဒီဇင်ဘာသီချင်းလေးတွေကိုပဲ နားထောင်နေမိတယ်။ အထူးသဖြင့် မန်းလေးရဲ့ ဒီဇင်ဘာညတွေကို သတိရတဲ့အခါတိုင်းမှာပေါ့ဗျာ။ သြော် ... ဒီလိုနဲ့ပဲ ... နာရီစင်ကြီးရယ် ... မကြာပြီဆိုညည်းတော့မယ် ... သီချင်းများကြားထဲ ... နှစ်တစ်နှစ်ကုန်တော့မယ်။

ဒီဇင်ဘာနှင့် ပက်သက်တဲ့ သီချင်းဟောင်း သီချင်းကောင်းလေးတွေရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး မျှဝေပေးစေလိုပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :)

No comments:

Post a Comment

Thanks for your comment.