Skip to main content

မြန်မာပြည်အလွမ်းပြေ သီချင်းများနှင့် ငပိရည် အရှုပ်တော်ပုံ

မြန်မာပြည်အလွမ်းပြေ သီချင်းဟောင်း သီချင်းကောင်းလေးတွေကို Oxford မှာ ပြုလုပ်မည့် Culture Show အတွက် ရှာဖွေရှင်း ရရှိခဲ့ပါတယ်။ သီချင်းတွေ ကူပြီးရှာဖွေပေးတဲ့ မရှင်မင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်းတော့ အဲဒီသီချင်းတွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက နားယဉ်ခဲ့ဖူးပြီးသား သီချင်းလေးတွေပါ။ Come To Myanmar ဆိုတဲ့သီချင်းလေးကတော့ အန်တီနွဲ့ယဉ်ဝင်း ရေးစပ်ထားတာဖြစ်ပြီး နွဲ့ယဉ်ဝင်း၊ စိမ်းမို့မို့၊ ဟေမာနေဝင်း၊ သန္တာဦး၊ မီမီဝင်းဖေ နှင့် ပိုးဒါလီသိန်းတန်တို့ သီဆိုထားပါတယ်။ English Version ရော မြန်မာ Version ရောပါပါတယ်။ နောက်နှစ်ပုဒ်ကတော့ အေးချမ်းမေရဲ့ လှမ်းလာခဲ့ပါ ပြည်မြန်မာ နှင့် ချိုပြုံးရဲ့ အလှကမ္ဘာ တို့ပဲဖြစ်ပါတယ်။ သီချင်းအားလုံး လေးပုဒ်ဖြစ်ပြီး ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ။


မြန်မာပြည် ... တောတောင်ရှူ့ခင်းတွေနဲ့
ဝင်းဝါတဲ့စပါးခင်းရယ် ... သဘာဝ အလှအပတွေခြယ်

စာသားလေးတွေကြားလိုက်ရုံနဲ့ မြန်မာပြည်ကို ချက်ချင်းသတိရလွမ်းဆွတ် သွားစေပါတယ်။ နိုင်ငံခြားရဲ့ မြို့ပြတွေမှာ မြင်တွေနေကျ မြင်ကွင်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဝင်းဝါနေတဲ့ စပါးခင်းတွေဟာ တကယ့်ကိုပဲ မြန်မာပြည်ရဲ့ Trade Mark တစ်ခုလိုပါပဲဗျာ။ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်တံခါးဝမှာ ရေးထားတာကို ပြေးမြင်ယောင်မိတယ် "အရာအားလုံးကို လွမ်းပါသည်" တဲ့ :) လွမ်းလည်း လွမ်းလောက်ပါတယ် သူကိုယ်တိုင်က ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ပြီး ၈၈ တုန်းက ကိုယ်တိုင်ပါဝင် လှုပ်ရှားခဲ့ဖူးလို့ သံတိုင်တွေကြား အပြစ်ပေးခံရဖူးသူ။ အဲဒီခေတ်က နောင်တော်ကြီးတွေဆီမှာ ယုံကြည်ချက်၊ ခံစားချက်တွေက မာပြီဆိုရင်လည်း ကျောက်ဆောင်လိုပဲ၊ ပျော့ပျောင်းပြီဆိုရင်လည်း ဖော့၊ ဖယောင်းတောင် လိုက်လို့မမှီ။

ငပိရည် အရှုပ်တော်ပုံ - လွန်ခဲ့တဲ့နှစ်ရက်က သူငယ်ချင်းတစ်ယောက်က ငပိရည်နဲ့ မန်ကျည်းရွက်သုပ်စားမယ်ပြောတော့ ဒီလောက်နံနေတဲ့ ငပိရည်ကို စားတယ် ဆိုပြီး ကျွန်တော်သူ့ကို စလိုက်မိတယ်။ အဲဒီမှာ ကျေးဇူးရှင်လေးက အညာမှာနေတဲ့ မြန်မာဖြစ်ပြီးတော့ ငပိရည်ကို စော်ကားတယ်ဆိုပြီး ကျွန်တော့်ကို ပွမ်ပါလေရော :P နောက်ထပ် ထပ်ပြီးပြောသွားသေးတယ် "နိုင်ငံခြားရောက်တာ ခြောက်လလောက်ပဲ ရှိသေးတယ်တဲ့ မုန့်ဟင်းခါးဆိုတာ ဘယ်လိုမျိုးလဲ မေးတယ်တဲ့ .... အဲလိုလူမျိုးကို စိတ်ရှိလက်ရှိ ဆောင့်ကန်ပစ်ချင်တယ်"တဲ့ ဟိဟိ :D တကယ်တော့ ကျွန်တော်လည်း ငပိရည် ကြိုက်နှစ်သက်သူတစ်ဦးပါ :D အသားဟင်း၊ ငါးဟင်းတွေ ဘယ်လောက်ပဲကောင်းကောင်း ငပိရည်နဲ့ တို့စရာ မပါရင် ထမင်းစားရတာ မမြိန်လှပါဘူး။ ခက်တာက ပြည်ပနိုင်ငံတွေမှာက ငပိဆိုရင် ကျိုရ၊ ချက်ရတာ တယ်လဲခက်သကိုး။ ငပိရည်အကျိုကောင်းလို့ Council ကို အတိုင်ခံရတဲ့ အဖြစ်တွေ အများကြီး :D မီးဖိုချောင်မှာ ဟင်းချက်နေရင် လူတွေများလာလို့ စိတ်ညစ်တယ်ဆိုရင် ငပိရည်သာ ကျိုပေးလိုက် ... မပြေးရင် ကြိုက်သလိုပြော :P မြန်မာတွေအတွက် ငပိဟာ မွှေးပေမဲ့ မစားဘူးတဲ့ မျက်နှာဖြူတွေကတော့ အော့အန်ချင်ကြတယ်။ ငပိလေးကို မီးဖုတ်ပြီး သံပုရာသီးလေးဆမ်းစား ထမင်းမြိန်မှမြိန်ဗျာ။ အဲဒီထက်ကောင်းချင်ရင် ခရမ်းချဉ်သီး ငပိချက်လေးနဲ့ ထမင်းနဲ့ နယ်စား ... ဘာဟင်းမှ ထပ်ပြီး ချက်စရာမလို။

ငပိရည်လည်း ကြိုက်တယ် ဟင်းချက်ရမှာလည်း ပျင်းတယ်ဆိုရင် ဒီလိုလေးလုပ်ပြီးစားကြည့် ထမင်းလည်း မြိန်တယ် အချိန်ကုန်လည်း သက်သာတယ်။ Tuna ဗူးတွေကို ဝယ်၊ ခြောက်အောင်ရေစစ်၊ ပြီးတော့ ရေနည်းနည်း ထွက်သွားအောင်ကြော်၊ ငံပြာရည်၊ ငပိ၊ ဆား၊ ဟင်းချိုမှုန့် လိုသလို တိုင်းပြီးထည့် ကြော်ပြီးတာနဲ့ ကြက်သွန်ဖြူကြော် နှင့် ကြက်သွန်နီကြော်ကို ထည့်ပြီး ပြန်လှော်ပေးလိုက်။ အဲဒီ အင်္ဂလိပ် ဗလာချောင်ကြော်ဖြစ်ရော :D ခပ်များများသာ ကြော်ထားလိုက်၊ အလုပ်က ပြန်လာတာနဲ့ ဗိုက်ဆာပြီဆိုရင် ထမင်းအိုးပဲ တည်ရုံပဲ ... ငပိကြိုက်တဲ့သူဆိုရင် အဲဒီတစ်မျိုးတည်းနဲ့ စားလို့ရတယ်။ အရည်သောက်လေးပါ စားချင်ရင် ပဲနီလေးရေစိမ်၊ ကြက်သွန်နီ၊ ဆား နည်းနည်းထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်၊ မရသေးခင်မှာ အီးမေးလ်စစ်၊ အင်တာနက် ခဏကြည့်လိုက်ဦး၊ နောက် ၁၅ မိနစ်နေရင် ပြန်လာကြည့် ဟင်းရည်လည်း ကျက်နေပြီ။ ပဲဟင်း ဟင်းချိုလေးနဲ့ ငပိကြော်လေးနဲ့ ... မြိန်လိုက်မည့်ဖြစ်ခြင်း။ ထမင်းစား သိပ်မြိန်ပြီးတော့ ဗိုက်ကို ခွေးဟပ်မှာတောင် စိုးရိမ်ရတယ်။ ပြောရင်း ဆိုရင်း သရေကျတယ် ... ငပိရည်ရယ် ကိုယ်ရယ်မင်းရယ် ပဲဟင်းချိုရယ် :P

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS