Skip to main content

အိုးလေးလှုပ်တာလွန်သွားတဲ့ အငြိမ့်မင်းသမီး


အောက်တိုဘာလ ၁၇ ရက်နေ့ ၂ဝဝ၉ တွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပခဲ့တဲ့ နာဂစ်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေပွဲမှာ မြန်မာနိုင်ငံမှ အနုပညာရှင်များ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီထဲမှာမှ ရွှေတံဆိပ်များဆုရှင် အငြိမ့်မင်းသမီး ဒါလီလင်း (ရွှေမန်းသဘင်) လည်းပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ တော်ဂေါ်လီသီချင်းနှင့် ဖျော်ဖြေပြီး အိုးလေးအလှုပ်လွန်ခဲ့တာကြောင့် ပရိသတ်ရဲ့ သို့သော သို့သော မှတ်ချက်များအပေးခံနေရပါတယ်။

ကျွန်တော့်အမြင်ကတော့ အငြိမ့်မင်းသမီးနှင့် ဒီလိုအကတွေကတော့ မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တရားလွန်ဖြစ်အောင် ကပြဖျော်ဖြေခြင်းကတော့ မကောင်းဘူးလို့ထင်ပါတယ်။ မြန်မာပြည်က တစ်ချို့သော အနုပညာသည်တွေဟာလည်း ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု စည်းမျဉ်းတွေကြောင့် ပြည်ပဖျော်ဖြေပွဲတွေဆိုရင် တရားလွန် ဝတ်စားဆင်ယင်ပြီး ကပြဖျော်ဖြေတာကို တွေ့ရပါတယ်။ သို့ကြောင့် သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကလေးနဲ့ပဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ တရားလွန် မဟုတ်ခဲ့ရင်ပေါ့ဗျာ :)

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS