ဒီည ညလည်စာကတော့ စားကောင်းတယ်။ ဟဲဟဲ သရေကျအောင် ပြောလိုက်အုံးမယ် ... ဆီထမင်းလေးရယ် ... ငါးရံ့ခြောက်လေးရယ် ပေါ့။ ပြီးတော့ အိပ်ချဉ်ပြေ ကော်ဖီလေးတစ်ခွက်ရယ်။ ကောင်းဗျာ။ အခုတလော စာလုပ်သလိုလို ဘာလိုလိုနဲ့ မနက်ရောက်ရောက်သွားတာ တော်တော်ကြာနေပြီ ... ဟိဟိ။ စာလုပ်လိုက် .... အင်း ... စာလုပ်လိုက်ပေါ့နော်။ ဒီကြားထဲ ညညအေးရင် ခြေအိတ်ထထစွတ်ရတာလည်း အလုပ်တစ်လုပ်။ သူများထက် ငါကပဲ ချမ်းတတ်နေတာလားတော့ မသိ။ ဒီကဆိုင်တွေလည်း X Mas အတွက်ပြင်နေကြပြီဗျာ။ ဟိုက် သုံးနာရီထိုးတော့မယ် ... လုပ်စရာရှိတာ ဆက်လုပ်လိုက်အုံးမယ်။ ဒါနဲ့ လမ်းကြုံတုန်း ကျွန်တော့်ဘလော့ကို cmsmdy.com နဲ့ ၀င်ရင်လည်း ရတယ်နော်။ စာရိုက်ရတာ တိုသွားတာပေါ့ဗျာ ဟဲဟဲ။ ကဲ ... ဘ၀ပေးတာဝန်လေးတွေ ဆက်လုပ်လိုက်အုံးမယ်။ ရွှက် (စာကြည့်ဖို့ စာအုပ်လှန်တဲ့အသံ)
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
သုံးနာရီမထိုးခင်ထိ ဘာလုပ်နေတုန်းမောင်ချမ်း စာကြည့်ချိန်ကို သုံးနာရီမှစကြည့်မယ်လို သတ်မှတ်ထားသလား. ဟိုကလိဒီကလိ လုပ်နေတယ်ထင်တယ် (ဘလောခ့်ကိုပြောပါတယ်)..
ReplyDeleteသုံးနာရီမထိုးခင်ကလည်း ကြည့်ပါတယ် အစ်မအဝေး ... ဟီးဟီး ဒါကြောင့် တစ်ခဏတာ ၀င်ဘလော့ခြင်းလို့ရေးထားတာ ဟဲဟဲ
ReplyDelete