၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။
၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။
၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။

အရမ်းတန်ဖိုးရှိတဲ့ စာသားတွေပါ။ ဖိုးချမ်း ... မင်း အမြဲဦးနှောက်ထဲမှာ စွဲနေအောင်မှတ်သင့်တယ်။ နောင်တ နောင်မှရတာကတော့ အလကားပဲ။ ဘယ်အရာကို မဆို သတိနဲ့ယှဉ် အသိတရားဥာဏ်နဲ့ စဉ်းစားချင့်ချိန်ပြီး အလုပ်လုပ်ကွာ။
[ ကိုရဲလင်း ... အရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ ... တကယ်ကို တန်ဖိုးရှိပါတယ် ]
ဖြစ်ပြီးမှ နောင်တမရကြနဲ့ လို့ လူကြီးတွေ အမြဲပြောတယ်။ သူတို့တွေက ကြုံခဲ့တာကိုး.. ဒါကြောင့် ကျွန်တော်တို့လည်း ...
ReplyDelete(ကိုချမ်း... ကိုရဲလင်း... အခုလိုမျှပေးတာ ကျေးဇူးပဲဗျာ။)