Skip to main content

ဆရာတော် ဦးဝိသုတ နှင့် တွေ့ဆုံခြင်း

မနေ့ ကျွန်တော့်အခန်းဘေးက အခန်းကနေ ဘုန်းကြီးပရိတ်ရွတ်သံတွေ ကြားတယ်။ ပထမတော့ အဲဒီအခန်းက အစ်မကြီး ဘုန်းကြီးတရားခွေဖွင့်တာ နေမှာပေါ့လေဆိုပြီး ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဘုန်းကြီး ... ဘုန်းကြီးမှ တကယ့်ဘုန်းကြီး သင်္ကန်းကြီးနဲ့ :P ဒါနဲ့ ဘုန်းဘုန်းကို ရှိခိုးပြီး တရားလေး ဘာလေးနာလိုက်သေးတယ် :P ဘုန်းကြီးက မုံရွာသားဗျ။ ဒီရောက်တာ သုံးနှစ်ခွဲလောက်ရှိပြီ။ WembleyStadium နားက ကျောင်းမှာ သီတင်းသုံးတယ်လို့ပြောတယ်။ ပထမဦးဆုံးပဲဗျာ ... လန်ဒန်မှာ ဘုန်းကြီးတစ်ပါးနဲ့ စတွေ့တာ။ တရားလေးဘာလေးနာပြီးနောက် ဘုန်းဘုန်းပြန်ခါနီးမှာ အရာအားလုံးအတွက် ရည်စူးပြီး ၀ထ္ထုငွေ လှူလိုက်သေးတယ်။ ဘုန်းဘုန်းကတော ဆုတွေ အများကြီးပေးတယ်။ အကုန်ပြည့်ရပါ၏ဘုရား လို့ပဲဆုတောင်းမိတယ်။ ဖတ်မိတဲ့သူများ သာဓုခေါ်ကြပါကုန်လော့ :P

အဲ ... ဘုန်းဘုန်းက ပြောသွားသေးတယ်။ နောက်လလောက် သူ့ကျောင်းမှာ ထမနဲထိုးပွဲရှိတယ်တဲ့။ လာခဲ့ပါတဲ့။ ကျွန်တော်လည်း ပြောလိုက်တယ်။ ဆက်ဆက်လာခဲ့ပါ့မယ် ဘုရား ... မရောက်ရောက်အောင်ကို လာခဲ့ပါမယ်ဘုရား။

Comments

  1. ဆက်ဆက်လာခဲပါ့မယ်ဘုရား ဆိုတဲ့အဓိပ္ပာယ်ကိုသိ၏။ (၀ါးတီးကိစ္စမှ လွဲ၍ကျန်သော ကိစ္စများတွင် ကိုချမ်းမြစိုး သည် ဒီလောက်အားမထည့်နိုင် ကြောင်းကိုသေချာသိ၏။)

    ReplyDelete
  2. ဟားဟား ... ဝေယံ .. မင်း .. မဆိုးဘူး ....
    လိမ္မာတယ် :P

    ReplyDelete
  3. ဟိုက် ငါပြောမယ့်ဟာကို
    ဝေဟင်ကပြောသွားပြီ :)

    ReplyDelete
  4. ဟိုက် Comment ကို Duplicate လုပ်မလို့လား ... ငါ့ကို တော်တော်ချစ်ကြပုံပဲ ... ငရဲကြီးမယ်နော် ဘုန်းကြီးကျောင်းသွားမဲ့ ကိစ္စကို အဲဒီလို မနောက်ရဘူး :P

    ReplyDelete
  5. :P ဒီ သင်္ကေတက ဘုန်းဘုန်းကို ပြောင်ပြတာလား ? ဒါဆို ဖုန်းဆက်လိုက်ရမလား ? ဖုန်းဆက်လိုက်ရမလား ? ဖုန်းဆက်လိုက်ရမလား ?

    ReplyDelete
  6. တောင်းပန်ပါရစေ .... မရက်စက်ပါနဲ့ (၀ိုင်ဝိုင်း) :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။