Skip to main content

သူငယ်ချင်းပြောပြတဲ့ မန်းလေးက ဘောလုံးသတင်း

သူငယ်ချင်းတီလုံး ပြောသွားတဲ့ ဘောလုံးပွဲ ရလဒ်လေးပါ။ ကျွန်တော်ကတော့ ဘောလုံးသိပ်စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာတွေပါဝင်ကစားမှ အားပေးပါတယ်။

Sunday တုန်းကကန်ခဲ့တာဖြစ်ပါတယ်။

U23 MM (1) Vs Malaysia23 (0)

လက်ရွေးစင် အသင်း မြန်မာ (2) Vs အင်ဒို (1) နဲ့ အောင်ပွဲခံခဲ့ပါတယ်

မြန်မာဘောလုံးအသင်း နိုင်နေတယ်ဆိုတော့ ဘာရယ်ညာရယ်မဟုတ်ဘူး ကျွန်တော်လည်း လိုက်ပြီးပျော်မိပါတယ်။ နောက်ပိုင်းပွဲတွေမှာလည်း မြန်မာအသင်းများ ဆက်လက်အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။

မန်းလေးဗထူးကွင်းကြီးထဲမှာ လူတွေအရမ်းစည်ကားနေမှာကိုတော့ မျက်စိထဲမြင်ယောင်မိပါတယ်။ ကွင်းကိုလည်း ပြုပြင်မှုတွေ လုပ်ထားတယ်လို့သိရပါတယ်။ တကယ်ကို မန်းလေးအတွက် ဂုဏ်ယူစရာပါပဲ။ သူငယ်ချင်းတွေထဲက ဘောလုံးဝါသနာအိုးများ အသဲအသန်သွားပြီး အားပေးကြမှာကို ကြိုသိနေသလိုပဲ :P ဘာမဟုတ်တဲ့ လက်ဝှေ့ပွဲလုပ်ရင်တောင် ဗထူးကွင်းကြီး အရမ်းစည်နေတတ်တာ အခုလို နိုင်ငံပွဲမျိုးဆိုတော့ ပိုပြီးစည်နေတော့မှာပေါ့ဗျာ။

Comments