၂၀၀၁ လောက်က တော်တော်နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ အရမ်းခိုက်တယ်။ အဲဒီတုန်းက Okara ဆိုတဲ့အဖွဲ့က ကမ္ဘာကြီးကိုရပ်ပေးဦး ဆိုတဲ့ Album ထွက်တယ်။ ဒီသီချင်းလေးက အဲဒီထဲကပါပဲ။ ဒါပေမဲ့ အဆိုတော်တော့ မတူဘူး။ Album ထဲက ဆိုထားတာက ပိုကောင်းတယ်။ အဲဒီ Album ကိုလည်း လိုက်ရှာသေးတယ် ဘယ်လိုမှ ရှာမရတော့ လက်လျော့ထားလိုက်ရတယ်ဗျာ။
ကြယ်ပွင့်လေးများ ဆင်းသက်ပြီးတော့
ဖန်ဆင်းထားတဲ့ မင်းရဲ့အလှကို
နာရီ မိနစ်စက္ကန့်တိုင်းပဲ မြင်ယောင်နေပြီသိရဲ့လား
ရင်ခုန်သံတွေလဲ ထိန်းချုပ်မရတော့
စိတ်ကူးများလည်း မင်းရဲ့အနား
ကြင်နာစွာ ချစ်သီချင်းလေးများ မင်းအတွက်
သီဆိုချင်တယ် ချစ်သူရယ် မင်းအတွက် ...
ကြယ်ပွင့်လေးများ ဆင်းသက်ပြီးတော့
ဖန်ဆင်းထားတဲ့ မင်းရဲ့အလှကို
နာရီ မိနစ်စက္ကန့်တိုင်းပဲ မြင်ယောင်နေပြီသိရဲ့လား
ရင်ခုန်သံတွေလဲ ထိန်းချုပ်မရတော့
စိတ်ကူးများလည်း မင်းရဲ့အနား
ကြင်နာစွာ ချစ်သီချင်းလေးများ မင်းအတွက်
သီဆိုချင်တယ် ချစ်သူရယ် မင်းအတွက် ...
Comments
Post a Comment
Thanks for your comment.