Skip to main content

မေမြို့ (သို့) ပြင်ဦးလွင်

ပြင်ဦးလွင်(သို့) မေမြို့အကြောင်း ( PyinOoLwin on WWW ) အရင်က ပို့စ်တွေရေးဖူးပါသည်။ အခုလည်း ရေးပါဦးမည်။ နောင်လည်း ရေးဖြစ်မှာ သေချာပါသည်။ ဘာကြောင့်ဆိုသော် ထိုမြို့လေးမှာ အရမ်းချစ်ဖွယ်ကောင်း၍ နေချင်စရာ ကောင်းလှသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သောကြောင့်ဟု ဖြေရန်သာရှိပါသည်။ အခုတလော မေမြို့နှင့်ပက်သက်၍ သတင်းတစ်ခု သိထားပါသည်။ မေမြို့တွင် ပြင်ဦးလွင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စိန်ရတုပွဲတော်ကြီးကို ဒီဇင်ဘာ ၁၀ ရက် ... အဲ ... ဒီနေ့ စတာပေါ့ဗျာ ... ဒီဇင်ဘာ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ခမ်းနားသိုက်မြိုက်စွာကျင်းပပါတော့မယ်။

အဲဒီသတင်းကိုကြားတဲ့ မန်းလေးသူ မန်းလေးသားတိုင်း မေမြို့ကို သွားချင်နေမည်ဆိုတာကတော့ ငြင်းဖွယ်မရှိပါ။ ထို့အတူ ကျွန်တော်လည်း မေမြို့ကို သတိရမိသည်။ အဝေးရောက်နေတဲ့ သူတွေဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ မန်းလေးသူ မန်းလေးသားတွေ အတွက်ကတော့ မေမြို့ဆိုတာ မန်းလေးပြီးရင် အချစ်ဆုံးမြို့တစ်မြို့လို ဖြစ်နေပါတယ်။ ကျောင်းပိတ်လို့အားရင် ဒါမှမဟုတ် သင်တန်းတွေမှာ အုပ်စုလိုက် အပျော်ခရီးထွက်ရင်ပဲဖြစ်ဖြစ် မိသားစုလိုက် အပန်းဖြေသွားရင်ပဲဖြစ်ဖြစ် သွားတဲ့ Direction က မေမြို့ပဲ များပါတယ်။

အခုဆိုရင် ပန်းမြို့တော်(သို့) မေမြို့ (သို့) စစ်တပ်မြို့လို့ နာမည်အမျိုးမျိုးတွင်တဲ့ အဲဒီမြို့လေးဟာ အရင်ကထက်စာရင် အများကြီး တိုးတက်စည်ကားလို့လာပါပြီ။

မေမြို့မရောက်ဖူးသူကတော့ ခပ်ရှားရှားပဲလို့ ပြောလို့တောင်ရမယ် ထင်ပါတယ်။ မေမြို့ဆိုပြီး နာမည်ကြီးရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကန်တော်ကြီးအမျိုးသားဥယျာဉ်ဟာလဲ တစ်ခုအပါအ၀င်ပါပဲ။ အခုလည်း အဲဒီဥယျာဉ်ကြီးထဲမှာ စိန်ရတု ပန်းပွဲတော်ဆိုပြီး ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပန်းပွဲတော်မှာ တစ်ခြားအစီအစဉ်တွေဖြစ်တဲ့ တေးဂီတဖျော်ဖြေပွဲများ၊ ဆောင်းရာသီဖက်ရှင်ပြပွဲများ၊ ဟာသနှင့်မျက်လှည့်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်လို့သိရပါတယ်။

ကန်တော်ကြီးကို ပွဲတော်ရက်၊ နေ့ထူးနေ့မြတ်တွေမှာ သွားရင်တောင် တော်တော်စည်ကားနေတာ ... ဒီလိုမျိုး ပွဲတော်ကြီးလုပ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်စည်ကားနေဦးမှာ မြင်ယောင်မိပါတယ်။ ကျွန်တော်လည်း မေမြို့ကို ခြေချမိပြီဆိုတာနဲ့ သွားချင်ဆုံနေရာကတော့ ကန်တော်ကြီးပါပဲ။ ဘာရယ်မဟုတ်ဘူး ... စိတ်ထဲမှာ ကန်တော်ကြီးမြင်ကွင်းတွေကို မြင်လိုက်ရရုံနဲ့ လန်းဆန်းသွားတယ်လို့ ခံစားရပါတယ်။ စိတ်ကို ရေချိုးပေးလိုက်သလိုပေါ့ဗျာ :P အဓိကကတော့ ပန်းရောင်စုံတွေရဲ့ မြင်ကွင်းကြောင့်လို့ပဲထင်ပါတယ်။ အခုကျင်းမည့် ပန်းပွဲတော်မှာ ပြသမည့်ပန်းပွင့်ပေါင်းက ၂.၄ သန်းတဲ့။ ကျွန်တော်တို့သိထားတာက ၅၀ တောင်မပြည့်ဘူး :P သွားရောက်လေ့လာမည့်သူတွေ အတွက်တော့ တော်တော်ဗဟုသုတရမည့် ပွဲလေးပါပဲ။ အထူးသဖြင့် Botany ကိုကို မမ တွေပေါ့ဗျာ။ ပန်းတွေ့လည်း လေ့လာရင်း ??? အင်း ... လေ့လာရင်းပေါ့ဗျာ :P ကျွန်တော် မေမြို့ကို နောက်ဆုံးသွားခဲ့တာကတော့ ဒီနှစ် NewYear မနက်ကြီးမှာပါပဲ။ သူငယ်ချင်းတစ်စုနဲ့ပေါ့။ အိပ်ချင်မူးတူးနဲ့ လိုက်သွားရတာ :P ပျော်စရာတော့ ကောင်းခဲ့ပါတယ်။ အခုမေမြို့အကြောင်းရေးရင်းနဲ့ပဲ အဲဒီ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်တယ်။ ဒီပုံတွေပေါ့ဗျာ ...

[ သူငယ်ချင်းတွေအားလုံးက မန်းလေး GTCက သူငယ်ချင်းတွေပါပဲ။ ရိုက်ထားတဲ့နေရာကတော့ ကန်တော်ကြီးထဲက ကန်လေးပေါ်က တံတားပေါ်မှာပါ။ အဲဒီကန်လေးထဲမှာတော့ နား အသကုန်ညည်းအောင် အော်တတ်တဲ့ ငန်းဟုခေါ်သော သတ္တ၀ါတွေရယ် ချက်ပြုတ်ကြော်စားလို့ရသော ငါး ဆိုတဲ့ သတ္တ၀ါတွေ နေထိုင်ကျက်စားကြတယ်ဗျ။ တကယ်ကိုပဲ ငါးတွေက ချက်စားချင်စရာ ဧရာမငါးကြီးတွေပါ ဘေးမဲ့လာလွှတ်ထားတဲ့ ရွှေငါးလေးတွေလည်း၇ှိတယ်။ (ငရဲတော့ ကြီးအုံးမယ်)

ကျွန်တော်တို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးတဲ့သူ အတော့်ကို တော်တယ်လို့ပြောရမှာပေါ့ဗျာ ... အပြင်မှာတုန်းက ခြေထောက် အကောင်းလေးတွေ ဓာတ်ပုံထဲကြမှ ခြေပြတ်ဖြစ်တဲ့သူကဖြစ်နဲ့ :P နောက်ခံ Background လေးကတော့ လှရှာပါတယ် :P သဘောကျတာလေး တစ်ခုကတော့ နန်းမြင့် မျှော်စင်ကြီးပါလာတာကိုပါပဲ အဲဒီမျှော်စင်ကြီးကတော့ ကန်တော်ကြီးထဲမှာပဲ ရှိတာပါ။ လမ်းလျှောက်မယ်ဆိုရင်တော့ Alpine ရေသန့် တစ်ဘူးလောက် ၀ယ်ပြီးမှ သွားပါလို့ အကြံပေးပါရစေ :P လျောက်ရတာ တော်တော့ကို ဝေးလို့ပါ ... MiniCar လေးတွေတော့ ရှိပါတယ် တစ်ခါသွား ၂၀၀၀ ဆိုတော့လည်း ဘက်ဂျက်ထိတယ်လေ။ အဲဒီမျှော်စင်ကြီးကိုတက်ဖို့ ပေးရတဲ့အခကြေးငွေကတော့ နည်းနည်း ဈေးများတယ် ကျွန်တော်လည်း အခုအတိအကျ အမှတ်မိတော့ဘူး အခုဆို ၅၀၀ ၀န်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ စားသောက်ဆိုင်တွေ ဘာတွေလည်း အဲဒီထဲမှာပဲရှိတယ်။ မျှော်စင် ပေါ်ဆုံးကတော့ မေမြို့တစ်မြို့လုံးကို မြင်ရတဲ့ BirdEyesView ကတော့ ရေရေလည်လည်မိုက်တယ် (မယုံရင် ... သွားသာကြည့်ကြပါ) ကိုယ်တွေ့ကိုယ်တွေ့ :P နောက်ပြီး ကျွန်တော်တို့သွားတုန်းက မျှော်စင်ပေါ်မှာ မူးနေကြတော့ ယမကာလုလင်များကိုလည်း တွေ့ခဲ့သေးတယ် :P (ခွေးမသောက်တဲ့ အရည်တွေသောက် ... အန်တော့ ခွေးလိုအံ ... ဟန် ... ပြီးတော့ Limit များသွားရင် ခွေးလို လေးဘက်ထောက်သွား ဟီဟီး ... ငါကျတော့ မပါတာကျနေတာပဲ) ကဲ ထားပါလေ ... မေမြို့အကြောင်းရေးတဲ့ပို့စ်ကနေ ယမကာပို့စ် ပြီးသွားလိမ့်မယ် :P ] နောက်တစ်ပုံ ဆက်ကြည့်ရအောင်

[ ဒီပုံကတော့ ကန်တော်ကြီးထဲ ရေပန်းလေးတွေရှိတဲ့ နေရာရဲ့ ဘေးမှာ ရိုက်ထားတာပါ။ ရိုက်တဲ့သူ အတော်တော်ပါတယ် သူ့မျိုးတွေပါ ပါအောင်ရိုက်တယ် ... ကြည့်ပါလား .. ထမင်းချိုင့်ကိုင်ထားတဲ့သူရယ် ... ဆိုင်ကယ်ဦးထုပ်ကိုင်ထားတဲ့သူတွေပါ ပါလာတယ် :P ဘယ်က ငနဲတွေလဲ မသိဘူး :P ( ရိုက်ပေးတဲ့သူ ကြားများကြားလို့ကတော့ လာသတ်မှာသေချာတယ် ... ဟန် ... ရိုက်လည်းရိုက်ပေးရသေး ... ငါ့ကိုပြောရမလား ဆိုပြီးတော့ပေါ့ ) ] ဒီပုံကတော့ ဒီလောက်ပါပဲ ... ကဲ ... နောက်တစ်ပုံဗျား ...

[ ဒီပုံကတော့ တီကောင်မကြောက် ပုရွက်ဆိတ်မကြောက် မြက်ခင်းပြင်ပေါ်မှာ ရိုက်ထားတာပါ ရေပန်းတွေရှိတဲ့ကန်ရဲ့ အနီးအနားလေးမှာပါပဲ။ အပျင်းကြီးပြီး အိပ်ချင်မူးတူးနဲ့ လှဲနေတဲ့သူကလည်း လှဲလို့ပေါ့ဗျာ :P ကျွန်တော်တို့ရဲ့အနောက်က သစ်ပင်အုပ်လေးတစ်ခုကတော့ ဝေေ၀ဆာဆာ ရှိရှာပါတယ် ... မသိရင်ဘဲ ... မိုးကြိုးပစ်ထားတယ်လို့ ထင်စရာပါဘဲ ... ဘာလို့ အဲဒီသစ်ပင်အုပ်လေး ခြောက်ကပ်နေလဲဆိုတာတော့ စဉ်းစားလို့ မရပါ ] နောက်ဆုံးတစ်ပုံပြစရာပဲ ကျန်ပါတော့တယ် ... အဲဒီပုံထဲမှာတော့ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေချည်းပါပဲ။ သူတို့သွားတဲ့ အချိန်ကတော့ ကျွန်တော် မြန်မာ့မြေမှာ မရှိဘဲ အခြားနေရာကို ရောက်သွားပါပြီ။ ဒီပုံလေးပေါ့ဗျာ ...

[ ဒီသူငယ်ချင်းတွေက ကျွန်တော့်ပေါ်ကို အရမ်းကောင်းပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ အားလုံးက ရှီးဖောတွေကြီးပါပဲ (ကွန်ပျူတာ ဆရာ/ဆရာမတွေ လုပ်နေကြတာပါ) IDCS ဆိုတဲ့ Internetional ဘာညာကွိကွဆိုတာကြီးကို တက်ခဲ့တုန်းကလည်း သူတို့တွေနဲ့ အတူတူ ဆိုးသွမ်းပျော်ရွှင်ချစ်ခင်စွာနဲ့ တက်ခဲ့ကြတာပေါ့ဗျာ။ သူတို့ရိုက်ထားတဲ့နေရာက တော်တော်လှတယ်ဗျ ရောက်ဖူးတဲ့သူတိုင်းတော့ သိတယ်။ တံတားလေးတွေ အဆင့်ဆင့်လုပ်ထားပြီး တောတွင်းထဲကို သွားလို့ရတဲ့ ပုံစံမျိုးလေးပေါ့ဗျာ Elevated Timber WalkWay လို့ ဆိုင်းဘုတ်တပ်ထားတာလည်း တွေ့ရတယ်။ အဲဒီနေရာကို စုံတွဲလေးတွေ တော်တော်များများ ရုပ်ရှင်လာရိုက်ကြတာများတယ် :P လာတဲ့ လူတွေသာပြောင်းသွားကြတယ် ... ဇာတ်ကားနာမည်ကတော့ မပြောင်းဘူး :P နာမည်က "ချစ်ကြသည် ဆိုရာဝယ်" တဲ့ ... ဒီလောက်ဆို သဘောပေါက်ကြမှာပါ :P အဲ ... တစ်ခုတော့ရှိတယ် ... နည်းနည်းသတိထားဗျို့ ယားကေသန်အောင်လုပ်တတ်တဲ့ ခူယားဆိုတဲ့ အကောင်လေးတွေတော့ ရှိတယ် ... သတိထားပြီးချစ်ကြပေါ့ဗျာ ... မဟုတ်လို့ကတော့ ဇာတ်ကားနာမည် ပြောင်းသွားနိုင်တယ် ... "ကုတ်ကြသည် ဆိုရာဝယ်" ဆိုပြီးတော့ပေါ့ :P အဲ ... ကြော်ငြာဝင်လိုက်ဦးမယ် အဲဒီဓာတ်ပုံထဲမှာ မြန်မာဘလော့ဂါတစ်ယောက်လည်း ပါတယ်နော် ... ကိုမျိုးအောင် လို့ခေါ်တယ် ... သူလည်း မေမြို့သားပေါ့ ... အတိအကျပြောရရင် ၂၁မိုင်သားပေါ့ဗျာ။ သူ့ပို့စ်တွေလည်း သိပ်မတွေ့ရဘူး ... သူ .. အလုပ်များနေတယ်ဗျ။ ကံ့ကော်တောမျိုးအောင်နဲ့တော့ ဘာမှမတော်ပါဘူး ... သူက ၂၁မိုင်မျိုးအောင်ပါ :P ... ၂၁မိုင်အကွာအဝေးကနေ သူ့ကိုကြည့်ရင် အရမ်းလှလို့ပါ (သူငယ်ချင်း မျိုးအောင် ... ငါ စတာနော် စိတ်မဆိုးနဲ့ :P ]

ကဲ ... မေမြို့အကြောင်း ဒီနေ့ စိတ်ထဲရှိတာတွေတော့ အကုန်ရေးပြီးသွားပြီဗျာ ... ကျန်တဲ့ မေမြို့နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကိုတော့ အကြောင်းတိုင်ဆိုင်ခဲ့ရင်၊ ဒါမှမဟုတ် ရေးဖို့ဖန်လာခဲ့ရင် ဆက်ရေးဦးမယ်။ ဒီနေ့အလုပ်မှာ ပင်ပန်းလာသမျှ ဘလော့မှာ ရေးချင်တာ ရေးလိုက်ရတာ ပင်ပန်းတာ နဲနဲပြေသွားတယ်။ ဒါကလည်း ကျွန်တော့်ရဲ့စိတ်ထွက်ပေါက် တစ်ခုပဲလေ။ အခုအချိန်မှာ မေမြို့ကိုမသွားနိုင်သေးပေမဲ့ မေမြို့အကြောင်း ပိုစ်တွေရေးလိုက်တော့လည်း မေမြို့ရောက်သွားသလိုပါပဲလား။ ဖတ်မိတဲ့သူများလည်း ကျွန်တော့်လို ခံစားနိုင်ကြပါစေ။

သိသင့်တယ်ထင်လို့ပါ >>> ၁၉၁၇ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ အမျိုးသမီး ရုက္ခဗေဒပညာရှင် Charlottle WhelerCuffe ၏ အကူအညီဖြင့် ရုက္ခဗေဒဥယျာဉ်ကို စတင်ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ စတင်တည်ထောင်စဉ်က ဧက ၁၅၀ သာရှိခဲ့ပြီး ယခုအခါ ၄၃၆.၉၆ ဧက ရှိကြောင်း သိရပါတယ်။ [ ဒီ ကန်တော်ကြီး သမိုင်းနဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ WeeklyEleven မှ ကူးယူဖော်ပြထားပါသည် ]

ရေးသားခဲ့ပြီးသော မေမြို့ ပိုစ်များ [ ဓာတ်တော်ချိုင့် အမှတ်တရ - ၁ ,ဓာတ်တော်ချိုင့် အမှတ်တရ - ၂ ]

Comments

  1. Anonymous9:15 am

    ဖတ်လို့လည်း ကောင်းပါရဲ့
    မျက်လုံးတွေလည်း ပြာလာပီ
    ခေါင်းတွေလည်း မူးလာပီ
    ဖြစ်နိုင်တာကတော့
    ဂျာကြီးပုံကို မြင်လိုက်လို့ ငါလန့်သွားတာထင်တယ် :)
    ငါလည်း မေမြို့ကို သွားချင်တယ်
    ဘော်ဘော်အင်အားနဲနေတယ် :(

    ReplyDelete
  2. (ခွေးမသောက်တဲ့ အရည်တွေသောက် ... အန်တော့ ခွေးလိုအံ ... ဟန် ... ပြီးတော့ Limit များသွားရင် ခွေးလို လေးဘက်ထောက်သွား..)
    ကိုချမ်းမြစိုးပြောတာ ကျန်တာအကုန်လုံးလက်ခံတယ်။ ဒီတစ်ခုတော့ကန့်ကွက် တယ်။ ခွေးမသောက်တဲ့ အရည်မို့လို့ လူသောက်တာပေါ့ဗျ။ ခွေးသောက်တဲ့အရည် ဆိုရင်တော့ ဘယ်လူကသောက်မလဲ။ :D

    ReplyDelete
  3. လင်းလင်း ... ဆင်ကြီးတို့ကို ခေါ်သွားလေဟာ :P

    ဝေဟင် ... ဘာရယ်ညာရယ်မဟုတ်ပါဘူး ...အဲဒီစကားလေးက အစ်ကိုတို့ သူငယ်ချင်းတွေ ယမကာရစ်လာရင် ပြောတဲ့ စကားလေးပါ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။