Skip to main content

၆လ ပြည့်သောနေ့

တစ်လတစ်လကလည်း မြန်တယ်ဗျာ။ ဘာလိုလိုနဲ့ အိမ်နဲ့ဝေးတာ ၆လပြည့်သွားပြန်ပြီ။ ဒီလိုရက်ရောက်ရင် ရန်ကုန်လေယာဉ်ကွင်းကြီးက ထွက်လာတာကိုပဲ ပြန်ပြန်ပြီးမြင်မိတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ အဲဒီနေရာကြီးကိုပြန်ရောက်မှာပါပဲလေ။

အခုကျောင်းကတော့ ခရစ်စမတ်အတွက်ပိတ်သွားပြီ။ ဇန်န၀ါရီ ၂ ရက်နေ့မှ ပြန်ဖွင့်မယ်။ ကျောင်းပိတ်ရက်မှာ အစကတော့ ဘယ်မှ မသွားဘူးလို့ဆုံးဖြတ်ထားတယ်။ စာတွေလည်းကြည့်စရာရှိတယ်။ စာမေးပွဲက ဖေဖော်ဝါရီ ၂ ရက် .. အားပါး .. ဘာမှမလိုတော့ဘူး။ ခရစ်စမတ်ကျရင်တော့ Manchester ကို အသိတစ်ယောက်နဲ့ သုံးလေးရက်လောက် လိုက်သွားလိုက်ဦးမယ်။ အလည်သဘောပေါ့ နောက်ပြီး ရှူ့ခင်းလေးဘာလေး ကြည့်ရင်းပေါ့။ သူကကိုယ်ပိုင်ကားနဲ့ သွားမှာဆိုတော့ အေးအေးဆေးဆေးလည်းရှိလို့ လိုက်သွားဖို့ပြောလိုက်တယ်။ နောက်ပိုင်း ရောက်ချင်မှရောက်မှာလေ။

ခရစ်စမတ်အတွက်လည်း ဒီမှာ ပြင်ဆင်ထားတာတွေက တော်တော်လှတယ်။ လာမည့်တစ်ရက်နှစ်ရောက်လောက်နေရင် မြို့ထဲသွားပြီး ဓာတ်ပုံလေးဘာလေးရိုက်မယ်လို့တော့ စဉ်းစားထားတယ်။ သွားမှာသာ သွားရမှာ တော်တော်အေးတယ်ဗျာ။ ဒီနေ့ကို -1 ရှိတယ်။ အအေးကြောက်တဲ့ ကျွန်တော့်အတွက်တော့ တော်တော်အေးနေပြီလို့ပြောလို့ရတယ်။ မော်စကိုလိုနေရာရောက်သွားရင်တော့ ဒုက္ခ။ ဘယ်လိုနေရမှန်းသိမှာမဟုတ်ဘူး။

အေးရတဲ့ကြားထဲ ဒီနေ့ ဆံပင်ညှပ်ပစ်လိုက်သေးတယ်။ မညှပ်လို့လည်း မရတော့။ အစ်မတော်ဘုရားကလည်း ဆံပင်ရှည်ကြီးကို မျက်စိနောက်နေပြီ။ ကျွန်တော်ကတော့ အစက မညှပ်ဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ကေ၀ဲကြီးထားမယ်ပေါ့။ အခုတော့ မရတော့ပါ။ ညှပ်ပြီးသွားပြီ။ ဆံပင်တိုတိုနှင့် နေလို့တော့ကောင်းပါတယ်။ ဒါပေမဲ့ နထင်တွေတော်တော်အေးတယ် :P ဦးထုပ်ဆောင်းထားမှအဆင်ပြေမည်။ ညှပ်ခကလည်း ဈေးကြီးတယ် 9£ ၆လတစ်ခါညှပ်ရတာမို့လို့ နဲနဲတော်သေးတယ်။ မန်းလေးမှာတုန်းကတော့ သိန်းဝင်းပေါ့ဗျာ။ အဲဒီဆိုင်မှာတော့ အဲဗားလိုလိုညှပ်ဖြစ်တယ်။ အင်း ... ဒီကကောင်တွေညှပ်တာလည်း မဆိုးပါဘူးလေ။

ပိတ်ရက်တွေမှာတော့ စာကြည့်လိုက် ပျင်းရင် ဒါမှမဟုတ် စာကြည့်ချင်စိတ်မရှိရင် ဇာတ်ကားတွေထိုင်ကြည့်နေတယ်။ အေးရော။ မောင်ဝေဟင် ပြောပြတဲ့ဆိုဒ်လေးကနေကြည့်ဖြစ်တယ်။ ဇာတ်ကားတွေမှ တပုံကြီး အမုန်းကြည့် အလှူလိုကြည့် ရုံပဲ။ ကြည့်ချင်တဲ့သူများ ဒီဆိုဒ်လေး (http://aznv.tv/en/) မှာ သွားကြည့်ကြပါ။ Register လုပ် ... ပြီးရင် စက်ထဲမှာ winamp ရှိဖို့တော့လိုတယ်။ အဲဒါတွေလုပ်ပြီးရင်တော့ အိုကေပြီ။ ဇာတ်ကားတွေ အပြင် ဇာတ်လမ်းတွဲတွေပါကြည့်လို့ရတယ်။ နောက်ပြီး english စာတန်းထိုးဆိုတော့ ပိုပြီးအဆင်ပြေတယ်။ မောင်ဝေဟင်ရေ ကျေးဇူးပါကွာ။

ပိတ်ရက်အတွင်းမှာ CourseWork လေးတွေကိုလည်း လတ်စသတ်ရဦးမယ်။ ကဲ အလုပ်တွေရှုပ်သလိုနဲ့ အရှုပ်တွေလုပ်လိုက်ဦးမယ်။

Comments

  1. မလိုပါဘူးဂျာ။ အစ်ကိုကလည်း။ အော်...ဒါနဲ့မေ့နေမှာ စိုးလို့ပြောရဦးမယ်။ ခရစ်စမတ် ညမှာ တွေ့မယ်ဗျို့။ Manchester ကိုတော့ မသွားသေးဘူးမလား။

    ReplyDelete
  2. တွေ့မယ်လေ ... လာမဲ့ SUNDAY ည သွားဖြစ်မယ်ထင်တယ်

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...