site: If you include [site:] in your query, Google will restrict the results                   to those websites in the given domain. For instance, [help site:www.google.com] will find pages about help                   within www.google.com. [help site:com] will find pages about help within .com urls. Note there can be no                   space between the "site:" and the domain. [more]
Website တစ်ခုထဲကို အတွင်းကျကျ နှိုက်ပြီး လိုချင်တာ ရှာဖွေချင် တဲ့အခါ "site" Query Modifier က တော်တော်လေးအသုံးဝင်ပါတယ်။ အင်တာနက်မှာဆိုရင် rapidshare.com တို့ megaupload.com တို့မှာ File တွေ Application တွေ Software တွေ သီချင်းတွေ တော်တော်များများ Upload လုပ်ကြတယ်။ အဲဒီထဲမှာမှ ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရှာချင်တယ်ဆိုရင် ဒီ Que ry Modifier ကို အသုံးပြုနိုင်ပါတယ်။
ဥပမာ ... ကျွန်တော်အခု Kaspersky Antivirus ကို လိုက်ရှာနေတယ် ဆိုပါစို့။ rapidshare.com မှာ သူများတွေ sharing လုပ်ထားကြတာတွေ သေချာပေါက်ရှိတယ်။ ဒါပေမဲ့ download လုပ်ရမည့် add/url ကို မသိဘူး။ အဲဒါကြောင့် Google မှာ ဒီလိုရိုက်ပြီး ရှာလိုက်တယ်။
 
"kaspersky" keyword ပါတဲ့ Link တွေ ဒီအတိုင်းထွက်လာတယ်။ အဲဒီမှာ result ကိုကြည့်လိုက်ရင် rapidshare ထဲက Link တွေကိုပဲ ပြနေလိမ့်မယ်။ ကျန်တဲ့ Link တွေ ပါလာမှာ မဟုတ်ဘူး။

အထက်ပါ List မှတစ်ဆင့် Information တွေကို ဖတ်ပြီး ကိုယ်နှစ်သက်ရာ Version ဒါမှမဟုတ် ကိုယ် Download လုပ်ချင်သည့် Link တစ်ခုခုကို Click လုပ်ယူကာ Download လုပ်ယူနိုင်ပါသည်။
keyword တစ်ခုထက်မက ပိုပြီးထည့်ချင်တယ်ဆိုရင်တော့ space ကို အသုံးပြုနိုင်ပါတယ်။
ဥပမာ ... site:rapidshare.com kaspersky internet security
အထက်ပါနည်းလမ်းကို အသုံးပြုပြီး ကိုယ်လိုချင်သည့် Software များ၊ သတင်းအချက်အလက်များ၊ Music Album များ၊ Game များကို ကိုယ်ရှာဖွေချင်သည့် site တစ်ခုအတွင်း၌ မွှေနှောက်ကာ ရှာဖွေနိုင်ပါသည်
Website တစ်ခုထဲကို အတွင်းကျကျ နှိုက်ပြီး လိုချင်တာ ရှာဖွေချင်

Tags: 
တိုင်းကျူး.. အဲလို keyword လေးတွေသိချင်နေတာ.. try Google ဆိုတဲ့အတိုင်း try ကြည့်လိုက်တော့မည်... အပ်ချလောင်းးး..
ReplyDeletetry စေဗျား ... စကားမစပ် ... ညလည်း အိပ်ဦးနော် :D
ReplyDeleteconnection ဒီလိုလျှောလျှောရှုရှုရချင်ရင်... ဒီလောက်ထိစောင့်ရဒယ်.. ဗမာပြည်မှာ... internet ဒုက္ခသုံးမျိုးချိဒယ်.. ပိတ်ထားတဲ့ site တွေ ကျော်ခွတက်ရခြင်း ၊ မီးမလာခြင်းနဲ့ connection ကို အိပ်ပီးစောင့်ရခြင်းး ဟိ..ဟိ.. တော်သေးပီ.. အိပ်တော့မည်..။
ReplyDelete... အိပ်တွားပီ... ခလော..ခလူးးး
ကိုချမ်းရေ မွေချင်နေတာနဲ့တော့ အတော်ပဲဗျာ
ReplyDeleteကျွန်တော် ပြန်ရောက်ပါပီ လာခဲ့ဦး မန်းလေးရဲ့ နေ၀င်ချိန်လေး လာကြည့်လှည့်ဦး
သူငယ်ချင်း rapid share account ရှိရင် username and password လေး အီးမေးလ် ဆန့်လိုက်ဦးနော်..:P
ReplyDeleteThanks for your a valuable tip.
ReplyDelete