အဖေ့ရဲ့ ဂရုဏာဒေါသ ကြင်နာမှုအပြည့်နဲ့စကားတွေ
လှုပ်နိုးမှုပဲ့တင်သံ ကိုယ့်နားထဲကြားယောင်ဆဲ
စိတ်မိုက်ကိုရွက်လွင့် မာနနဲ့လှော်ခတ်ရင်း
မုန်တိုင်းတွေရဲ့ကြား အမှားများ ရှေ့ဆက်မမှားရအောင် ပဲ့ကိုင်ပေးသူ
ကြီးမားတဲ့အကြင်နာအားတို့ရယ် ရိုက်ခတ်သံများ
ဒီလောကမြေပင်တစ်ခုလုံး မယုံနိုင်အောင် တုန်ဟီးသွား
"အဖေ"ကို ချစ်တဲ့သူတိုင်းအတွက် ဒီသီချင်းလေးကို နားဆင်ရင်း အဖေတွေရဲ့ ကြီးမားလှတဲ့ ကျွေးကျေးဇူးကို မြင်ယောင်သတိရနိုင်ပါစေ။
အဖေ ... သားရင်ထဲက ခံစားချက်တွေကို သီချင်းလေးနဲ့ပဲ ဖြေသိမ့်ပါရစေ။ ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ။
အဖေ ... သားရင်ထဲက ခံစားချက်တွေကို သီချင်းလေးနဲ့ပဲ ဖြေသိမ့်ပါရစေ။ ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ။
Tags:
သတိရစေတယ်....ခံစားရစေတယ်...
ReplyDeleteဒီသီချင်းကို နားထောင်မိတော့ ဖြစ်လာတဲ့ ခံစားချက်ကို post အဖြစ်ပြောင်းလိုက်မယ် သူငယ်ချင်း...
ReplyDeleteအမေနေ့တုန်းကလဲ အမေ့ကိုသတိရတယ်
ReplyDeleteအမေ့မှာက မောင်လေးတို့မိသားစုရှိသေးတယ်
အဖေနေ့ကျ အဖေ့ကိုသတိရတယ်
တစ်ယောက်တည်းနေနေတဲ့ အဖေ့ကို သနားရင်းလွမ်းလိုက်တာနော်
အစ်ကိုရေ... အဖေနေ့ကို ကျွန်တော်မသိဘူးဗျ...။ တုံးသွားပြီ..။ ဒီလောက်ကျေးဇူးကြီးတဲ့နေ့ကို မသိတာ..။
ReplyDeleteအဲဒီလို ဆုတောင်းပေးဖူးချင်လိုက်တာ
ReplyDelete