Skip to main content

မြို့ပြညရဲ့ အိမ်ပြန်ချိန်

ဒီလို မြို့ပြဘ၀က အဆင့်မြင့်ပါတယ် ...
နေထိုင်စားသောက်ဖို့အတွက် အားလုံးအဆင်သင့်
ဒါပေမဲ့လည်း ကျွန်တော့်ရဲ့အသွေးအသားကတောင်းဆို ...
တောင်ပေါ် အမေ့ရဲ့ထမင်းနဲ့ဟင်းကို ကျွန်တော်တမ်းတ

ဘာရယ်မဟုတ်ဘူး ... ဓာတ်ပုံလေးကြည့်ပြီး သီချင်းလေး ဆိုမိတာပါ။ ဒီပုံလေးကတော့ အလုပ်ကနေ အိမ်အပြန် Bus စောင့်ရင်းရိုက်ထားတာပါ။ စာတိုက်ပုံးလေးနဲ့ တယ်လီဖုန်းအိမ်လေးကတော့ နေ့တိုင်းတွေ့နေရတာပါ။ စက်ဘီးလေးတွေကတော့ ရှိတလှည့် မရှိတလှည့်ပေါ့။

စကားမစပ် ... ဒီနေ့ အမေနေ့ (2nd March) နော် ... အားလုံးကို remind လုပ်တာပါ

Comments

  1. oh!u mean Mothers Day?
    ...
    inn..actually the best and most safest place on this earth is our home.mother's home!

    hope u get to return to there soon :D

    ReplyDelete
  2. မင်း ဖိုတို ရိုက်တာ တော်တော် တော်တာပဲဟ..
    မိုက်တယ်...
    သဘောကျတယ်ကွာ..
    ဖိုတိုလေးတွေ..
    ထပ်တင်ပါဦး.... :)

    ReplyDelete
  3. dilobear ... now it'll b too far for me.

    sltmycom ... အားပေးတာ ကျေးဇူးပါသူငယ်ချင်း ထပ်တင်ပါဦးမယ် အခုတလော တော်တော်ရိုက်ဖြစ်လိမ့်မယ်

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။