Skip to main content

အိုဘယ့် ... အနော်ရထာ နှင့် အော့ကျောလန် ကိုကိုများ

ပုဂံမျှော်စင်ကိုရောက်တုန်း ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ ဆင်ပေါ်ရှိတဲ့ လူနှစ်ယောက်မှာ တစ်ယောက်ကိုပဲ ကောင်းကောင်းသိတယ်။ မိန်းကလေးကတော့ ဘယ်မိဘုရားမှန်း မပြောတတ်ဘူး။ ကျွန်တော်တို့ တစ်ချို့သော မြန်မာဘုရင်တွေက မိဘုရားတွေ များကြတယ်လေ။ ဥပမာ မင်းတုန်းမင်းကြီးပေါ့ :P

အနော်ရထာမင်းကြီးသာ အသက်ရှိမယ်ဆိုရင် ဒါမှမဟုတ် မြင်နိုင်ကြားနိုင်မယ်ဆိုရင် သူ ၀မ်းသာနေမည့် အကြောင်းအရာ တစ်ခုရှိပါတယ်။ ဘာလို့လည်းဆိုတော့ နှစ်စဉ် မတ်လ ၂၇ ရက်နေ့ရောက်တိုင်း မိန့်ခွန်းတွေပြောရင် သူ့အကြောင်းကို ထည့်ထည့်ပြောပြီး သူတို့အုပ်ချုပ်ခဲ့တဲ့ ပဒေသရာဇ်စနစ်ကို အားကျပုံသွင်းချင်နေတဲ့ ရေဥာဏ်တော် စူးရောက်တဲ့ လူတွေကြောင့်ပါပဲ။

မိန့်ခွန်းတွေမှာ နှစ်ပေါင်းတထောင်ကျော်က အနော်ရထာ ဘုရင်တင် မဟုတ်ပါဘူး၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်က ဘုရင့်နောင် ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော်က အလောင်းဘုရား ဦးအောင်ဇေယျကိုလည်းကောင်း တသသ ဖော်ညွှန်းပြောဆိုသွားပါတယ်။

သို့သော်လည်း လွန်ခဲ့သည့် ၅၉ နှစ်ကမှ ကျဆုံးကွယ်လွန်သွားသော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုမူ လုံးဝထည့်ပြော သွားခြင်းမရှိပါဘူး။ လုပ်ကွက်တွေ၊ လုပ်ရပ်တွေကတော့ အော့ကျောလန်ချင်စရာတွေကြီးပဲ။

ကိုးကား - ဗိုလ်ချုပ်အောင်ဆန်းကိုသတ်တာ ဘယ်သူလဲ

Comments

  1. ဟုတ်တာပေါ့။ I am totally agree with you. Have a nice easter holiday, Ko Chan!

    ReplyDelete
  2. thx for dropping by bro. Happy easter :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။