Skip to main content

ပြည်သူ့ဂုဏ်ရည် (သို့) Citizen of Burma Award

ဒီနေ့ မိုးမခဝဘ်ဆိုဒ်မှာ ပြည်သူ့ဂုဏ်ရည် (သို့) Citizen of Burma Award နှင့် ပက်သက်တဲ့ အကြောင်းအရာတစ်ချို့ကို ဖတ်လိုက်ရပါတယ်။ စိတ်ပါဝင်စားဖို့ကောင်းတဲ့အပြင် အားကျဖို့ကောင်းတဲ့အတွက် စာဖတ်သူများကို ပြန်လည်မျှဝေလိုက်ရပါသည်။

ပြည်သူ့ဂုဏ်ရည် - ဆိုသည်မှာ

မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်ရန်
ပြည်ပရောက် မြန်မာမိသားစုများ စုစည်း၍ ၀ိုင်းဝန်းဆောင်ရွက်ကြမည့် အစီအစဉ် ဖြစ်ပါတယ်။

၁) ရည်ရွယ်ချက်

၁။ ပြည်တွင်းတွင် လူမှုရေးလုပ်ငန်းများကို အားကျိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်နေကြသူများအား ပြည်ပရှိ မြန်မာမိသားစုအသိုင်းအဝိုင်းများမှကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း လူသိရှင်ကြား တရားဝင်အခမ်းအနား ကျင်းပပြီးဂုဏ်ပြုဆုချီးမြှင့်မည်။

၂။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်လုပ်ဆောင်သွားကြမည့် အထိမ်းအမှတ်ဆုအဖြစ်နောင်အရှည်သဖြင့် တည်တံ့ ခိုင်မြဲသွားစေရန် စည်းမျဉ်း၊ စည်းကမ်းများ ဖွဲ့စည်းပုံများချမှတ်လုပ်ဆောင်သွားမည်။

၂) ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သူတွေပါမလဲ

၁။ ပထမအကြိမ်ဆုအတွက် “အမေရိကန်ပြည်ထောင်စုရောက် ပြည်ထောင်စုမြန်မာနိုင်ငံမှ မိသားစုများ” အနေနှင့် ဖြစ်မြောက်အောင် ကြိုးစားကြမည်။ နောင်အခါ အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ဆုအဖြစ် ကျယ်ပြန့် လာစေရန် ရည်ရွယ်ချက်ထားသည်။

၂။ ဤရည်ရွယ်ချက်ကို စိတ်ပါဝင်စားသူတိုင်းပါဝင်ဆောင်ရွက်နိုင်ကြသည်။ လတ်တလောအနေဖြင့် အမေရိကရောက်မြန်မာမိသားစုများ၊တိုင်းရင်းသားများ၊စုဝေးနေထိုင်ကြရာမြို့များကို အခြေခံလျှက်ပြည်ပရောက်မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်လာနိုင်စေရန် ဆက်သွယ်ဆောင်ရွက် သွားကြမည်။

၃) ဘယ်လိုလူတွေကို ဘယ်အချက်တွေကို အခြေခံပြီး ဆုပေးမှာလဲ

၁။ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းလူမှုရေးဆောင်ရွက်ချက်များကိုသာ ရည်ရွယ်ဦးတည်သည့်ဆု ဖြစ်သည်။

၂။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ တိုင်းရင်းသား၊ ကျား၊မ၊ အသက်အရွယ်၊ ကိုယ်စားပြုသည့် အဖွဲ့အစည်းနှင့် မွေးဖွားရာဒေသမရွေး မြန်မာနိုင်ငံအတွင်းလူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူများအားလုံး အကျုံးဝင်စေရမည်။

၃။လူမှုရေးလုပ်ငန်းများကိုလုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု၊ များအပေါ်တွင်အခြေခံလျှက် ဆုအတွက်လျာထား၊ ရွေးချယ်သွားမည်။

၎) ဘယ်လိုနည်းလမ်းနဲ့ ရွေးချယ်မှာလဲ

၁။ဂုဏ်ပြုရေးအဖွဲ့များမှ အများဆုံးဆန္ဒပြုခံရသူငါးဦး၏ လုပ်ဆောင်ချက်မှတ်တမ်းအကျဉ်းကို အင်တာနက်တွင်ဖော်ပြပြီး သတ်မှတ်ထားသောကာလအတွင်း ပြည်တွင်းပြည်ပမှ ဆန္ဒမဲများကိုအင်တာနက် ဝက်ဘ်ဆိုဒ် (www.citizenofburma.org) မှတဆင့်တောင်းခံမည်။ (ဧပြီလ ၁၂ ရက်နေ့မှ ဧပြီလ ၂၁ရက်၊ ၂၀၁၀ခုနှစ်)

၂။အင်တာနက်တွင်မဖော်ပြမီ အပြည်ပြည်ဆိုင်ရာရှိ မြန်မာမိသားစုအသိုင်းအဝိုင်းများသို့ဆက်သွယ်ပြီး အင်တာနက်မှ ဆန္ဒမဲခံယူမည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ကြေငြာမည်။

၃။နောက်ဆုံးသတ်မှတ်သည့်နေ့ရက်နှင့် အချိန်အတွင်း ဆန္ဒမဲအများဆုံးရရှိသူကိုသာ ဆုအတွက် အတည် ပြုမည်။

၎။ယခုအစီအစဉ်တွင် ပြည်သူအများဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင်မည့် အဓိကအစိတ်အပိုင်းမှာ ပြည်တွင်းမှလူမှုရေးဆောင်ရွက်သူကို နှစ်စဉ်ဂုဏ်ပြုသွားမည့် မဲပေးရွေးချယ်သည့် ကဏ္ဍဖြစ်ပါသည်။

ပြည်တွင်းမှလုပ်ရပ်များကို ပြည်ပတွင်ရှိနေကြသော မြန်မာမိသားစုအသိုင်းအဝိုင်းများက တန်ဘိုးထား၊ လေးစားဂုဏ်ယူ၊ အသိအမှတ်ပြု၊ ကျေးဇူးတင်ဝမ်းမြောက်ပါတယ် ဆိုတဲ့အကြောင်း၊ သတင်းစကားပါးလိုသည့် ရည်ရွယ်ရင်းဖြစ်သည်။

လူမှုရေး ပရဟိတ လုပ်ငန်းများကို စိတ်စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ဆောင်ရွက်နေသူများမှာ ပြည်သူတွေအတွက် မည်သူကပိုသာသည် ပိုကောင်းသည်ဆိုတာမရှိဘဲ တန်းတူညီတူ တန်ဖိုးရှိ လေးစားဂုဏ်ယူစရာကောင်းလှပါသည်။

ယခုလို ပြည်သူ များထံမှ ဆန္ဒမဲများတောင်းခံခြင်းမှာ အဆိုပါလုပ်ငန်းများကို အကဲဖြတ်ခွဲခြားအဆင့်သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်း၊ပြည်ပ ပြည်သူအများစု၏ ဆန္ဒကိုယေဘူယျ ထင်ဟပ်စေသော အင်တာနက်မှ ဆန္ဒပြုခြင်းပုံစံဖြင့် နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသွားမည်။

၅) ဘယ်အချိန်မှာ ဘယ်နေရာမှာ ဆုပေးပွဲလုပ်ကြမလဲ

၁။ ဆုပေးပွဲကို နှစ်စဉ်ကျင်းပမည်။ အမေရိကန်ပြည်ထောင်စုအတွင်းမှ ပူးပေါင်းဆောင်ရွက်ကြသောမြို့ များတွင် အလှည့်ကျစံနစ်ဖြင့် နှစ်စဉ် အိမ်ရှင်မြို့တမြို့ကိုရွေးချယ်ပြီး ဆုပေးပွဲကျင်းပမည်။

၂။ ပထမအကြိမ်အတွက် ၂၀၁၀ ဧပြီလ၂၄ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ဂုဏ်ပြုပွဲ ကျင်းပမည်။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...