Skip to main content

CNN မှ သတင်းထောက် Dan Rivers မြန်မာနိုင်ငံမှ ပြန်ပို့ခံရ

လွန်ခဲ့တဲ့ ၂၀၁၀ မတ်လက CNN မှ သတင်းထောက်တစ်ယောက် မြန်မာနိုင်ငံမှ ပြန်လွှတ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတယ်များမှတ်နေလား မသိဘူး :P သတင်းထောက်တွေလည်း ဝင်ပေါက်တွေအများကြီးပါ။ အထူးသဖြင့် နယ်စပ်ပေါ့။ ရှိနေတာပဲ ဒါကို ရန်ကုန်ကနေ တည့်ကြီးဝင်ဝင်နေတယ်။ နိုင်ငံခြားသား သတင်းထောက်မို့တော်သေးတာပေါ့။ ဒါတောင် ဂျပန်သတင်းထောက်ကြီး ဂန့်သွားရှာသေးတယ်။ နော်ဝေက DVB အဖွဲ့သာတွေဆိုရင်တော့ ပိုဆိုးတယ်။ မြန်မာလည်းဖြစ်နေတော့ လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ။ ခဏဆိုပြီး ဆွဲထားတာ တစ်နှစ်လောက်ကြာတယ်။ ဒါတောင် အမိန့်မချရသေးဘူး။ မြန်မာပြည်မှာ သတင်းထောက်လုပ်တာ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ တော်ရုံတန်ရုံစိတ်ဓာတ်၊ တော်ရုံတန်ရုံ အရည်အချင်းနဲ့တော့ မရဘူး။ ပင့်ကော်၊ လုပ်ဇာတ်ခင်း၊ ပိုက်ပိုက်ရရုံရေးသားသော သတင်းထောက်များ မပါဝင်ပါ။ ပြည်တွင်းကနေ အမှန်အကန် လုပ်နေတဲ့သူတွေကိုလည်း လေးစားပါတယ်။ အဲလိုသတင်းထောက်တွေ ဘေးအန္တရာယ်လည်း ကင်းရှင်းပါစေ။ ပြည်သူကို တိကျတဲ့ သတင်းမှန်တွေလည်း ဖော်ထုတ်ပေးနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Comments