Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

17 Apr 2010

အန်တီမာမာအေးရဲ့ ၂၀၁၀ မြန်မာနှစ်သစ်အတွက် အထူးသီချင်း

မင်္ဂလာ အမိမြန်မာပြည် အမည်ရတဲ့ သီချင်းကို အန်တီမာမာအေးကိုယ်တိုင် ရေးစပ်ဆီဆိုထားတာ ဖြစ်ပါတယ်။ စာသားတွေကို ကြိုက်လွန်းလို့ အခေါက်ခေါက်အခါခါ နားထောင်နေမိတယ်။ ထို့အတူ လန်ဒန်မှာရောက်ရှိနေတဲ့ အန်တီမာမာအေးနှင့် စကားစမြည်ပြောဆိုပြီးတဲ့နောက်မှာ အန်တီရဲ့ အနုပညာစွမ်းရည်နှင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကို ဂုဏ်ယူလေးစားမိပါတယ်။

မြန်မာနှစ်သစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလေ့ရှိကြပေမဲ့ ဒီနှစ်ကူးကတော့ မသမာသူတွေရဲ့ ဗုံးဖေါက်ခွဲမှုလက်ချက်ကြောင့် နှစ်စမှာ ဝမ်းနည်းဖွယ်ရာတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ နောင်မှာ မဖြစ်ပါစေနဲ့တော့လို့ ထပ်ခါထပ်ခါ ဆုတောင်းနေမိပါတယ်။

မြန်မာနှစ်သစ်ကူးပွဲတော်တွေကို ယခုအချိန် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝိုင်းဝန်းသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ ကျွန်တော်တို့ လန်ဒန်ရောက် မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်ကို မနက်ဖြန်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းပွဲတော်ဟာ လန်ဒန်ရှိ မြန်မာတွေအတွက် အစည်ကားအသိုက်မြိုက်ဆုံးနှင့် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ယခုနှစ်မှာလည်း နိုင်ငံကျော်အဆိုတော် အန်တီမာမာအေး နှင့် ရွှေတံဆိပ် ၁၉ ဆုရ ရွာစားသီရိမောင်မောင်တို့ကို ဖိတ်ကြားပြီး အားဖြည့်ထားပါတယ်။ ထို့အတူ လန်ဒန်မှ The Nox တေးဂီတအဖွဲ့ကလည်း အားသွန်ခွန်စိုက် တီးခတ်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ယခုပွဲကို ဦးစီးကျင်းပတာကတော့ လန်ဒန်မြို့ သာသနရံသီကျောင်းမှ ဆရာတော် ဦးဥတ္တရဖြစ်ပါတယ်။ ဆရာတော်ရဲ့ လမ်းညွန်မှုအောက်မှာ တပည့်ဒါယကာ ဒါယိကာမများက ကြိုးစားပမ်းစား လိုက်နာဆောင်ရွက်ကြတာလည်းဖြစ်လို့ ယခင်နှစ်ပွဲတော်များ အောင်မြင်ခဲ့သလို ယခုနှစ်မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးလိမ့်မည်ဟု မျှော်လင့်မိပါတေယ်။

မန်းသင်္ကြန်ရေ ... မင်းနဲ့ဝေးနေတာ ဒီနှစ်ဆို လေးနှစ်တောင်ပြည့်သွားပြီကွာ။

0 comments:

LinkWithin