Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

3 Sep 2011

Night Photography: London Eye

London Eye
လန်ဒန်မှာ ဓာတ်ပုံရိုက်ရတာ အနှစ်သက်ဆုံးကတော့ ညပိုင်းအချိန်တွေနဲ့ ရာသီပွဲတော်တွေရှိတဲ့ အချိန်တွေပါပဲ။ ဒါပေမဲ့ သွားရတာဝေးတာရယ် အလုပ်ရှိနေတာရယ်ကြောင့် ညပိုင်းတွေသွားမရိုက်ဖြစ်တာ ကြာပါပြီ။ ညပိုင်းထွက်လိုက်ရင်လည်း တော်ရုံတန်ရုံ အိမ်ပြန်မရောက်ဖြစ်တော့။ ဒီရက်ပိုင်း ညပိုင်းအလုပ်တွေရှိနေမှ ညပိုင်းရိုက်ချင်တဲ့ရောဂါ ထလာပြန်ပါတယ်။ တစ်ရက်လောက်တော့ အေးအေးဆေးဆေးသွားရိုက်ဦးမယ်။ ညပိုင်း ထွက်ရိုက်တိုင်း ဒီ London Eye ကြီးကို အမြဲရိုက်ဖြစ်တယ်။ ဒီတစ်ခါတော့ ကျန်တဲ့နေရာတွေ သွားရိုက်ဦးမယ်။ မြန်မာနိုင်ငံမှာလို သဘာဝအလှအပတွေ သိပ်မရှိတော့ ဓာတ်ပုံရိုက်မယ်ဆိုရင် စက်ရုပ်လို မနားတမ်းအလုပ်လုပ်နေတဲ့ လူတွေရယ်၊ အဆောက်အဦးတွေရယ်၊ ခေတ်အဆက်ဆက် ခိုးလာ တိုက်လာတဲ့ ပစ္စည်းတွေကို သိမ်းထားတဲ့ Museum တွေရယ် ဒါတွေကလွဲလို့ ကျန်တာမရှိ။ ညပိုင်းဓာတ်ပုံတွေ ဆက်ပါဦးမည်။

0 comments:

LinkWithin