Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

3 Sep 2011

Sharing: ရတနာပုံ ဒိုင်းမွန်းပလာဇာ ဖွင့်တော့မည်


မန္တလေးမြို့ မီးဘေးသင့်သွားသော ရတနာပုံဈေးနေရာတွင် တည်ဆောက်ပြီးစီးခဲ့သော ရတနာပုံဒိုင်းမွန်းပလာဇာအား ၂၀၁၁ခုနှစ် စက်တင်ဘာ ၅ရက်တွင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ ရတနာပုံ စူပါစင်တာနှင့် ရတနာပုံ ဒိုင်းမွန်းပလာဇာရယ်လို့ ၂မျိုးပြန်လည်တည်ဆောက်ပြီးချိန်မှာတော့ ရတနာပုံဒိုင်းမွန်းပလာဇာကို မကြာမီ ဖွင့်လှစ်တော့မှာပါ။ ရတနာပုံစူပါစင်တာကတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပြီး ရတနာပုံဒိုင်းမွန်းစင်တာကတော့ ပြင်ပကုမ္ပဏီက တာဝန်ယူတည်ဆောက်ပြီး စီမံခန့်ခွဲသွားမှာပါ။

Via: OurMandalay.net

LinkWithin